ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ရုံးမှ ပြုလုပ်နေတဲ့ သတင်းစာရှင်းလင်းပွဲများ နဲ့ပတ်သက်ပြီး နစက နိုင်ငံခြားရေးဝန်ကြီးဌာန သဘောထားမှတ်ချက် ထုတ်ပြန်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ရုံးမှ နေ့စဉ်ပြုလုပ်နေသော သတင်းစာရှင်းလင်းပွဲ များနဲ့ပတ်သက်ပြီး နစက နိုင်ငံခြား ရေးဝန်ကြီးဌာနက မှတ်ချက်ပြုထားပါတယ်။
မှတ်ချက်ပြုထားတဲအထဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ရုံးမှ နေ့စဉ် ပြုလုပ်နေတဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ မြန်မာနိုင်ငံကို မကြာခဏ ရည်ညွှန်းပြောကြားလျက် ရှိပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုလိုအပ်တဲ့ အထင်ကရဖြစ်စဉ်မရှိပဲ နိုင်ငံတနိုင်ငံ ကိုရွေးချယ် ပစ်မှတ်ထားလျက်ရှိတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင်ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်ရုံးမှ စိစစ်၍မရနိုင်သော ကိန်းဂဏန်းများ ပါဝင်သည့် အစီရင်ခံစာများကို ကိုးကားပြီး ပြောခွင့်ရ ပုဂ္ဂိုလ်ရုံးသို့ ပေးပို့ကာ အများပြည်သူကို ထုတ်ပြန်လျက် ရှိပြီး ၄င်းအကြောင်းအရာနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှု များကို ဝန်ကြီးဌာနနှင့် မေးမြန်း စိစစ်ခဲ့ခြင်းမရှိပါဟု လည်း မှတ်ချက်ပြုထားပါတယ်။
ကုလသမဂ္ဂဝန်ထမ်းများ အနေနဲ့ အထင်အမြင်လွဲမှားစေတဲ့ ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းကို ရှောင်ကြဉ်ရန်လည်း နစက နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တောင်းဆိုထားပါတယ်။