ပနားမား၊နိုဝင်ဘာ ၂၆
မျိုးသုဉ်း ပျောက်ကွယ်လုနီး ပါး တောရိုင်းတိရစ္ဆာန်များ ကူးသန်းရောင်းဝယ်မှုနှင့်ပတ်သက်သည့် နိုင်ငံတကာညီလာခံကို ပနားမားတွင်ပြုလုပ်ခဲ့ပြီး မျိုးသုဉ်း ပျောက်ကွယ်မည့်အန္တရာယ်ရှိသည့် တောရိုင်းတိရစ္ဆာန်နှင့်အပင်မျိုးစိတ် ၅၀၀ ကျော်အားထိန်ကာကွယ်ရန်ဆုံးဖြတ်ခဲ့သည်။
ယခုအစီအစဉ်အား မျိုးသုဉ်းေပျာက်ကွယ်လုနီးတောရိုင်းတိရစ္ဆာန်နှင့်ပန်းမန်ကူးသန်းရောင်းဝယ်ရေး ထိန်းသိမ်းမှုဆိုင်ရာအဖွဲ့ CITES ကအသိအမှတ်ပြုခဲ့သည်။
ဆူးတောင်ရောင်းဝယ်ဖောက်ကားမှုအတွက် ပစ်မှတ်ထားခြင်းခံရသော ငါးမန်းမျိုးစိတ်များ ကို ကာကွယ်ရန်လည်း ညီလာခံ၌သဘောတူခဲ့ကြသည်။
ကမ္ဘာပေါ်၌ငါးမန်းမျိုးစိတ်များသည် တဖြည်းဖြည်းကျဆင်းလာကာ နှစ်စဉ်ငါးမန်းကောင်ရေ သန်း ၁၀၀ နီးပါးသေဆုံးကြောင်းတွေ့ရှိရသည်။ငါးမန်းများကို အဓိကအားဖြင့် တရုတ်နှင့်အာရှဒေသများတွင်ခေတ်စားသည့် ငါးမန်းတောင်ဟင်းချိုအတွက်လည်း အများဆုံးဖမ်းယူလေ့ရှိကြသည်။
လွန်ခဲ့သည့်နှစ်ပေါင်း ၄၉ နှစ်ခန့်က ဝါရှင်တန်ဒီစီက စတင်ခဲ့သော အပြည်ပြည်ဆိုင်ရာတောရိုင်းတိရစ္ဆာန်ကုန်သွယ်မှု ကာကွယ်ရေးသဘောတူညီချက်သည် မျိုးသုဉ်း ပျောက်ကွယ်မှုအန္တရာယ်ရှိနေသည့် ဝေလငါးနှင့်ပင်လယ်လိပ်များကိုသာမက ဆင်စွယ်နှင့်ကြံ့ချိုများ တရားမဝင်ရောင်းဝယ်မှုကိုပါတားဆီးနိုင်ခဲ့သည်။
၎င်းအပြင် ယခုညီလာခံ၌ Matamata အမည်ရှိ တောင်အမေရိကရေချိုလိပ်များရောင်းဝယ်ဖောက်ကားခြင်းကို ကန့်သတ်ရန်လည်း မဲခွဲဆုံးဖြတ်ခဲ့ကြကြောင်းသိရှိရသည်။
နောက်ဆုံးတွင်တောရိုင်းတိရစ္ဆာန်များသာမက အပင်မျိုးစိတ်များကိုလည်း ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းဖော်ပြထားသည်။
Source : AP
