Monday, February 10, 2025
“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို...
၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင် သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။ "သဘင်သည်...
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့...
ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက်...
“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း”...
ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား...
(၅) ဦးမြောက် လူငယ် အဆိုတော်/သရုပ်ဆောင်...
ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ပွဲအတွက် ရွေးချယ်ထားသည့် ဆန်ကာတင် ဇာတ်ကားများထဲတွင်...
HomeNewsLocal Newsကုလသမဂ္ဂအေဂျင်စီက မြန်မာဒုက္ခသည်တွေကို ဝင်ရောက်ခွင့်ပေးဖို့...
ကုလသမဂ္ဂအေဂျင်စီက မြန်မာဒုက္ခသည်တွေကို ဝင်ရောက်ခွင့်ပေးဖို့ ထိုင်းကိုတောင်းဆို
ကုလသမဂ္ဂအေဂျင်စီက မြန်မာဒုက္ခသည်တွေကို ဝင်ရောက်ခွင့်ပေးဖို့ ထိုင်းကိုတောင်းဆို
ပဋိပက္ခတွေဖြစ်ပွါးနေတဲ့ ကရင် ပြည်နယ်က တိုက်ပွဲတွေကိုရှောင်ဖို့အတွက် မြန် မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာဒုက္ခသည် ၃၀၀၀ ကျော်ကို အရေးပေါ်ဝင်ရော က်ခွင့်ပြုဖို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီက ထိုင်းကိုတောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်နဲ့KNU တို့ကြား ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး ထိုင်းမြန်မာ နယ် စပ် မှာ တိုက်ပွဲတွေဖြစ်ပွါးခဲ့တာပါ။
အပြန် အလှန် ပစ်ခတ်မှုတွေကြောင့် ဒုက္ခသည် ၇၀၀ ခန့်ဟာ ကြာသပတေးနေ့က တာ့ခ်ခရိုင်အတွင်းဝင်ရောက်ဖို့ မြစ်ကိုဖြတ်ကူးခဲ့ကြပါတယ်။
တနင်္လာနေ့ထိ တိုက်ပွဲတွေဆက်လက်ဖြစ်ပွါးနေတာကြောင့် ဒုက္ခသည်အရေအတွက် ၃၉၀၀ထိတိုးလာခဲ့တယ်လို့ UNHCR က ပြောခဲ့ပါတယ်။
“UNHCR က ဒီအရပ်သားတွေ စားသောက် နေထိုင်ရေးအတွက် စိုးရိမ်ပြီး အကူအညီတွေပေးဖို့ ထိုင်းအာဏာပိုင်တွေကိုအကူ အညီတောင်း ထား
တယ်” လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
UNHCR နဲ့ NGO တွေဟာ ဒုက္ခသည်တွေကို အ မြန်ဆုံးဝင်ရောက်ခွင့်ပြုဖို့ တောင်းဆိုထားပြီး လိုအပ်တဲ့ လူသားချင်းစာနာမှုနဲ့ အကာအကွယ် ပေးရေးအကူအညီတွေကို သူတိုဆီအရောက်ပို့ပေးဖို့ တောင်းဆိုထားပါတယ်။
တိုက်ပွဲတွေရပ်စဲသွားခဲ့တယ်လို့ တွက်ဆပြီးနောက် ဒါဇင်နဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ၎င်းတို့ နေရပ်ကို ပြန်သွားတာကြောင့် ထိုင်းဘက်က နေရာ ၂ခုမှာ ဒုက္ခသည် ၃၅၀၀ လောက်ကျန်ရှိနေသေးတယ်လို့ ပြည်နယ်အာဏာပိုင်တွေက တနင်္လာနေ့ နှောင်းပိုင်းမှာ ပြောခဲ့ပါတယ်။
“ထိုင်းအာဏာပိုင်တွေဟာ သောင်ရင်းမြစ်ကမ်းမှမြန်မာနိုင်ငံကို ပြန်လိုသူတွေအတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီတွေနဲ့ သယ်ယူပို့ဆောင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်” ဟု တာ့ခ်ခရိုင်မှ ထုတ်ပြန်သော ကြေညာချက်မှာဖော်ပြထားပါတယ်။
တာ့ခ်ခရိုင်၊မဲဆောက်မြို့နဲ့ နယ်နိမိတ်ချင်းထိစပ် နေပြီး စစ်ဘေးဒုက္ခသည်တွေခိုလှုံနေကြတဲ့ မယ်ထော်သလေးမှာ တနင်္ဂနွေနေ့က တိုက်ပွဲတွေ ထပ်မံဖြစ်ပွါးခဲ့တာကြောင့် လူ ၁၅၀၀ လောက် စစ်ဘေးရှောင်ပြေးခဲ့ကြရပါတယ်။
“အဲ့ဒီ့ဒေသမှာ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။KNU က သူတို့ကို ဘေးကင်းရာရွှေ့ပြောင်းဖို့ ကြိုးစားနေပါတယ်” လို့ ကရင်ပြည်နယ်မှာ နေထိုင်သူတစ်ဦးက AFP ကို ပြောပါတယ်။
ပစ်ခတ်မှုတွေက နာရီပေါင်းများစွာ ဆက်လက် ဖြစ်ပွါးနေတာကြောင့် ကလေးငယ်တွေအပါအ ဝင် ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေဟာ ပြေးလွှားတိမ်းရှောင်ကြရတယ်လို့ ၎င်းက ထပ် ပြော ပါတယ်။
“ကျွန်တော်တို့အနီးအနားမှာ ပစ်ခတ်သံကြားလို့ထွက်ပြေးဖို့ ကြိုးစားကြတယ်။ည ၇နာရီလောက် သူတို့ပစ်ခတ်မှု ရပ်တဲ့အချိန်မှာ ရွာကနေထွက်လာခဲ့တယ်” လို့ ပြောပါတယ်။
စစ်အစိုးရဘက်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက တနင်္လာနေ့က မယ်ထော်သလေးမှာ တိုက်ပွဲတွေဖြစ်ပွါးနေကြောင်း အတည် ပြုခဲ့ပြီး ယခုအခါ တပ်မတော်သည် KNU နှင့် ညှိနှိင်းကာ အခြေအနေကို ထိန်းချုပ်ဖို ကြိုးစားနေတယ်လို ပြောပါတယ်။
Ref: Bankkok Post / UN agency asks Thailand for ‘ urgent access’ to Myanmar refugees
Zaw Gyi
ကုလသမဂ္ဂအေဂျင်စီက မြန်မာဒုက္ခသည်တွေကို ဝင်ရောက်ခွင့်ပေးဖို ထိုင်းကိုတောင်းဆို
ပဋိပက္ခတွေဖြစ်ပွါးနေတဲ့ ကရင် ပြည်နယ်က တိုက်ပွဲတွေကိုရှောင်ဖိုအတွက် မြန် မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာဒုက္ခသည် ၃၀၀၀ ကျော်ကို အရေးပေါ်ဝင်ရော က်ခွင့်ပြုဖို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီက ထိုင်းကိုတောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်နဲ့KNU တိုကြား ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး ထိုင်းမြန်မာ နယ် စပ် မှာ တိုက်ပွဲတွေဖြစ်ပွါးခဲ့တာပါ။
အပြန် အလှန် ပစ်ခတ်မှုတွေကြောင့် ဒုက္ခသည် ၇၀၀ ခန့်ဟာ ကြာသပတေးနေ့က တာ့ခ်ခရိုင်အတွင်းဝင်ရောက်ဖို မြစ်ကိုဖြတ်ကူးခဲ့ကြပါတယ်။
တနင်္လာနေ့ထိ တိုက်ပွဲတွေဆက်လက်ဖြစ်ပွါးနေတာကြောင့် ဒုက္ခသည်အရေအတွက် ၃၉၀၀ထိတိုးလာခဲ့တယ်လို UNHCR က ပြောခဲ့ပါတယ်။
“UNHCR က ဒီအရပ်သားတွေ စားသောက် နေထိုင်ရေးအတွက် စိုးရိမ်ပြီး အကူအညီတွေပေးဖို ထိုင်းအာဏာပိုင်တွေကိုအကူ အညီတောင်း ထားတယ်” လို ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
UNHCR နဲ့ NGO တွေဟာ ဒုက္ခသည်တွေကို အ မြန်ဆုံးဝင်ရောက်ခွင့်ပြုဖို တောင်းဆိုထားပြီး လိုအပ်တဲ့ လူသားချင်းစာနာမှုနဲ့ အကာအကွယ် ပေးရေးအကူအညီတွေကို သူတိုဆီအရောက်ပို
ပေးဖို တောင်းဆိုထားပါတယ်။
တိုက်ပွဲတွေရပ်စဲသွားခဲ့တယ်လို တွက်ဆပြီးနောက် ဒါဇင်နဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ၄င်းတိုနေရပ်ကို ပြန်သွားတာကြောင့် ထိုင်းဘက်က နေရာ ၂ခုမှာ ဒုက္ခသည် ၃၅၀၀ လောက်ကျန်ရှိနေသေးတယ်လို ပြည်နယ်အာဏာပိုင်တွေက တနင်္လာနေ့ နှောင်းပိုင်းမှာ ပြောခဲ့ပါတယ်။
“ထိုင်းအာဏာပိုင်တွေဟာ သောင်ရင်းမြစ်ကမ်းမှမြန်မာနိုင်ငံကို ပြန်လိုသူတွေအတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီတွေနဲ့ သယ်ယူပိုဆောင်ရေးတိုကို ဆောင်ရွက်ပေးလျက်ရှိသည်” ဟု တာ့ခ်ခရိုင်မှ ထုတ်ပြန်သော ကြေညာချက်မှာဖော်ပြထားပါတယ်။
တာ့ခ်ခရိုင်၊မဲဆောက်မြိုနဲ့ နယ်နိမိတ်ချင်းထိစပ် နေပြီး စစ်ဘေးဒုက္ခသည်တွေခိုလှုနေကြတဲ့ မယ်ထော်သလေးမှာ တနင်္ဂနွေနေ့က တိုက်ပွဲတွေ ထပ်မံဖြစ်ပွါးခဲ့တာကြောင့် လူ ၁၅၀၀ လောက် စစ်ဘေးရှောင်ပြေးခဲ့ကြရပါတယ်။
ပြောင်းဖို ကြိုးစားနေပါတယ်” လို ကရင်ပြည်နယ်မှာ နေထိုင်သူတစ်ဦးက AFP ကို ပြောပါတယ်။
ပစ်ခတ်မှုတွေက နာရီပေါင်းများစွာ ဆက်လက် ဖြစ်ပွါးနေတာကြောင့် ကလေးငယ်တွေအပါအ ဝင် ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေဟာ ပြေးလွှားတိမ်းရှောင်ကြရတယ်လို ၄င်းက ထပ် ပြော ပါတယ်။
“ကျွန်တော်တိုအနီးအနားမှာ ပစ်ခတ်သံကြားလို
ထွက်ပြေးဖို ကြိုးစားကြတယ်။ည ၇နာရီလော က် သူတိုပစ်ခတ်မှု ရပ်တဲ့အချိန်မှာ ရွာကနေထွက်လာခဲ့တယ်” လို ပြောပါတယ်။
Ads Space Available
Continue reading
ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...
ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...
ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော
မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...
Ads Space Available
Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071