အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ကုမ္ပဏီ (၂) ခုမှတင်သွင်းလာသည့် EV ကား (၃၁) စီး ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာခဲ့ကြောင်း သိရသည်။
Amazing Auto Co., Ltd မှ တင်သွင်းလာသည့် Dong feng Honda ENS1 အမျိုးအစား (၁၃)စီး၊ Chin Dwin Shan Construction Co., Ltd မှတင်သွင်းလာသည့် BYD Tang အမျိုးအစား (၁၈)စီး ၊စုစုပေါင်း (၃၁) စီးရောက်ရှိလာခြင်းဖြစ်သည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့်တင်သွင်းလာသည့် အဆိုပါ EV ကား (၃၁) စီးအား သြဂုတ် (၂၃) ရက်က လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။