Saturday, January 18, 2025

ရှီနှင့် ဖုန်းပြောဆိုမှုအလွန်အဆင်‌ပြေ–ထရမ့်ပ်

လာမည့်သီတင်းပတ်တွင် အိမ်ဖြူတော်တကျော့ပြန်ရာထူးအတွက် ပြင်ဆင်မှုများလုပ်နေသော အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က သူသည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဖုန်းမှပြောဆိုမှုသည် အလွန် အဆင်ပြေခဲ့သည်ဟု ပြောဆိုလိုက်သည်။ “တရုတ် (ပါတီ)...

အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူများလာသည့်အတွက် ရန်ကုန်တွင်တိုက်ခန်းငှားရမ်းခများ မြင့်တက်လာ

အနယ်နယ် အရပ်ရပ်မှ ရွှေ့ပြောင်းနေထိုင်ကြသူများ ယခင်ထက် ပိုမိုများပြားလာသည့်အတွက် ရန်ကုန်မြို့၏ အိမ်ခန်းအငှား ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လာနေကြောင်း စုံစမ်းသိရသာည်။ “နယ်က အကြောင်းအမျိုးမျိုးနဲ့ လာတဲ့လူတွေက...

မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခ သတ်မှတ်နှုန်းထားထက်...

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခနှုန်းထားများကို သတ်မှတ်ပေးထားပြီး ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ကာ ထိရောက်စွာ အရေးယူသွားမည်ဟု မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီထံမှ...

ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)၊ ဂျပန်ဖောင်ဒေးရှင်း (ရန်ကုန်) ဂျပန်ယဉ်ကျေးမှုစင်တာတို့နှင့် ပူးပေါင်း၍ ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည် ဖြစ်ကြောင်း...
HomeNewsLocal Newsကုန်သည်စက်မှုအသင်းချုပ်နှင့်အင်ဒိုနီးရှားသံရုံးတို့ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု...

ကုန်သည်စက်မှုအသင်းချုပ်နှင့်အင်ဒိုနီးရှားသံရုံးတို့ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အခွင့်အလမ်းများကို ရှာဖွေနိုင်ရန်ဆွေးနွေး

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ အာဆီယံထိပ်သီးအစည်းအဝေး ASEAN Business & Investment Summit 2023 ကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၃~၄)ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။

ထိုပွဲသို့ ပုဂ္ဂလိကကဏ္ဍကိုယ်စားပြုအဖြစ် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း (Chair, ASEAN-BAC Myanmar) ဦးဆောင်သည့် ASEAN-BAC Myanmar အဖွဲ့ဝင်များတက်ရောက်ကြမည်ဖြစ်သည်။

UMFCCI နှင့် အင်ဒိုနီးရှားသံရုံးမှ တာဝန်ရှိသူများ၊ ABIS Organizer တို့သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် အင်ဒိုနီးရှားသံရုံး (ရန်ကုန်) ၌ ကျင်းပသည့် Afternoon Tea Party ၌ ရင်းရင်းနှီးနှီးတွေ့ဆုံ၍စီးပွားရေးပူးပေါင်းဆောင်ရွက်မူကိစ္စများဆွေးနွေးခဲ့ကြသည်။

အင်ဒိုနီးရှားသံရုံး (ရန်ကုန်) ၏ Charge d’ Affairs ဖြစ်သူ Mr. Dicky Komar က နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု
မြှင့်တင်ဆောင်ရွက်လိုပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ လျှပ်စစ်ကားများ၊  စားသုံးဆီ၊ သတ္တုတူးဖော်ခြင်းစသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကိုဆွေးနွေ့ခဲ့သည်။

အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက အင်ဒိုနီးရှား – မြန်မာ နှစ်နိုင်ငံရေရှည်တည်တံသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ASEAN Business & Investment Summit 2023 အတွက် ယခုတွေ့ဆုံမှုမှတစ်ဆင့် နှစ်ဦးနှစ်ဖက်အကျိုးရှိမည့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အခွင့်အလမ်းများကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ABIS Organizer ဖြစ်သူ Mr. Thomas Noto Suenoto နှင့် Mr. Alvin တို့က မကြာမီ ကျင်းပမည့် ASEAN Business & Investment Summit 2023 ဆိုင်ရာ အကြောင်းအရာများနှင့် အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ဓါတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှီနှင့် ဖုန်းပြောဆိုမှုအလွန်အဆင်‌ပြေ–ထရမ့်ပ်

လာမည့်သီတင်းပတ်တွင် အိမ်ဖြူတော်တကျော့ပြန်ရာထူးအတွက် ပြင်ဆင်မှုများလုပ်နေသော အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က သူသည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဖုန်းမှပြောဆိုမှုသည် အလွန် အဆင်ပြေခဲ့သည်ဟု ပြောဆိုလိုက်သည်။ “တရုတ် (ပါတီ) ဥက္ကဋ္ဌ ကြီးနဲ့ အခုပဲ စကားပြောခဲ့ပါတယ်” ဟု ထရမ့်ပ်က သူ၏ ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။ “ကျွန်တော့်ရဲ့ မျှော်မှန်းချက်က ပြဿနာတွေကို အတူတကွဖြေရှင်းကြဖို့နဲ့ ချက်ချင်းပဲ စတင်ကြဖို့ဖြစ်ပါတယ်” ဟု ထရမ့်ပ်က ပြောဆိုခဲ့သည်။ သူတို့နှစ်ဦးသည် ကုန်သွယ်ရေး၊ ဖန်တနိုင်းလ်မူးယစ်ဆေး၊ TikTok အရေးနှင့် အခြားအကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံလုံးအတွက် အလွန်ကောင်းမွန်သည့်...

အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူများလာသည့်အတွက် ရန်ကုန်တွင်တိုက်ခန်းငှားရမ်းခများ မြင့်တက်လာ

အနယ်နယ် အရပ်ရပ်မှ ရွှေ့ပြောင်းနေထိုင်ကြသူများ ယခင်ထက် ပိုမိုများပြားလာသည့်အတွက် ရန်ကုန်မြို့၏ အိမ်ခန်းအငှား ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လာနေကြောင်း စုံစမ်းသိရသာည်။ “နယ်က အကြောင်းအမျိုးမျိုးနဲ့ လာတဲ့လူတွေက များလာတယ်။ အိမ်ငှား၊ ပွဲစားတွေက ဈေးတင်ရို-က်ကြတယ်။ အဲဒီတော့ ဈေးတွေက တက်လာတာပေါ့” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။ လက်ရှိတွင် ရန်ကုန်အိမ်ခြံမြေဈေးကွက်၌ အိမ်အငှားဈေးကွက်သည် ယမန်နှစ်ကထက် လက်ရှိ ၂၀၂၅ အစပိုင်းတွင် ဆက်တိုက်မြင့်တက်နေသည်ဟုလည်း စုံစမ်းသိရှိရသည်။ “အရင်က နှစ်သိန်း၊ တလချင်းဆီ တက်သွားတာ ၊ အခု တစ်လ သုံးသိန်း ပေးနေရတယ်။...

မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခ သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံပါက ထိရောက်စွာ အရေးယူမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခနှုန်းထားများကို သတ်မှတ်ပေးထားပြီး ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ကာ ထိရောက်စွာ အရေးယူသွားမည်ဟု မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီထံမှ သိရသည်။ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ (၂) ရက်မှ ဧပြီ (၁၇) ရက်အထိ ရက်ပေါင်း (၇၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ ဘုရားဖူး လာရောက်ကြသူများ တည်းခိုနားနေနိုင်ရန် မန်းချောင်းသောင်ပြင်အတွင်း၌ တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ စတင်ဆောက်လုပ်နေပြီး ဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ မန်းရွှေစက်တော်တွင် တည်းခိုဆောင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071