Friday, December 12, 2025

အင်ဒိုနီးရှားအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်...

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ (၅)နာရီခွဲအချိန်၌ မြန်မာ့လက်ရွေးစင်ယူ-၂၃ အ မျိုးသားအသင်းနှင့်အင်ဒိုနီးရှား ယူ- ၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီး...

လှေလှော်အားကစားနည်းကနေ မြန်မာအသင်း ငွေတံဆိပ် ဆု...

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် SEA GAMES Canoeing  အမျိုးသားလေးယောက်လှော် (၂၀၀) မီတာ ပြိုင်ပွဲတွင် မြန်မာအသင်းက ငွေတံဆိပ် ဆု...

ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium...

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium ၌ မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ (ဒီဇင်ဘာ ၁၂)ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မီးသတ်ဦးစီးဌာနအနေဖြင့်...

USDP ပါတီမှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကိုကတိသစ္စာပြုဟု...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP)မှဦးဆောင်၍ အခြေခံလူတန်းစားများ စားဝတ်နေရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ကို ကတိသစ္စာပြုသည်ဟု ဧရာဝတီတိုင်း၊ မဲဆန္ဒနယ်အမှတ်(၁)၊ USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ပြောသည်။ ယနေ့...
HomeNewsLocal Newsကုန်သည်စက်မှုအသင်းချုပ်နှင့်အင်ဒိုနီးရှားသံရုံးတို့ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု...

ကုန်သည်စက်မှုအသင်းချုပ်နှင့်အင်ဒိုနီးရှားသံရုံးတို့ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အခွင့်အလမ်းများကို ရှာဖွေနိုင်ရန်ဆွေးနွေး

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ အာဆီယံထိပ်သီးအစည်းအဝေး ASEAN Business & Investment Summit 2023 ကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၃~၄)ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။

ထိုပွဲသို့ ပုဂ္ဂလိကကဏ္ဍကိုယ်စားပြုအဖြစ် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း (Chair, ASEAN-BAC Myanmar) ဦးဆောင်သည့် ASEAN-BAC Myanmar အဖွဲ့ဝင်များတက်ရောက်ကြမည်ဖြစ်သည်။

UMFCCI နှင့် အင်ဒိုနီးရှားသံရုံးမှ တာဝန်ရှိသူများ၊ ABIS Organizer တို့သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် အင်ဒိုနီးရှားသံရုံး (ရန်ကုန်) ၌ ကျင်းပသည့် Afternoon Tea Party ၌ ရင်းရင်းနှီးနှီးတွေ့ဆုံ၍စီးပွားရေးပူးပေါင်းဆောင်ရွက်မူကိစ္စများဆွေးနွေးခဲ့ကြသည်။

အင်ဒိုနီးရှားသံရုံး (ရန်ကုန်) ၏ Charge d’ Affairs ဖြစ်သူ Mr. Dicky Komar က နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု
မြှင့်တင်ဆောင်ရွက်လိုပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ လျှပ်စစ်ကားများ၊  စားသုံးဆီ၊ သတ္တုတူးဖော်ခြင်းစသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကိုဆွေးနွေ့ခဲ့သည်။

အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက အင်ဒိုနီးရှား – မြန်မာ နှစ်နိုင်ငံရေရှည်တည်တံသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ASEAN Business & Investment Summit 2023 အတွက် ယခုတွေ့ဆုံမှုမှတစ်ဆင့် နှစ်ဦးနှစ်ဖက်အကျိုးရှိမည့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အခွင့်အလမ်းများကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ABIS Organizer ဖြစ်သူ Mr. Thomas Noto Suenoto နှင့် Mr. Alvin တို့က မကြာမီ ကျင်းပမည့် ASEAN Business & Investment Summit 2023 ဆိုင်ရာ အကြောင်းအရာများနှင့် အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ဓါတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်ဒိုနီးရှားအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် မြန်မာ ယူ-၂၃ အသင်း

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ (၅)နာရီခွဲအချိန်၌ မြန်မာ့လက်ရွေးစင်ယူ-၂၃ အ မျိုးသားအသင်းနှင့်အင်ဒိုနီးရှား ယူ- ၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီး ဆုံးချိန်တွင် မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ယနေ့ ပွဲစဉ် ပထမပိုင်းပွဲချိန်ရလဒ်အနေ ဖြင့် မြန်မာအသင်းက ဦးဆောင်ဂိုး (၁)ဂိုး သွင်းယူထားသလို မလေးရှားအသင်းက ချေပဂိုး (၁)ဂိုး သွင်းယူထားခဲ့သည်။ ဒုတိယပိုင်းပွဲချိန်တွင်အင်ဒိုနီးရှားအသင်းက နောက်ထပ် သွင်းဂိုး(၂)ဂိုးသွင်းယူခဲ့ခြင်းကြောင့် ပွဲပြီးဆုံးချိန်တွင် (၃)ဂိုး (၁ )ဂိုး ရလဒ်ထွက်ပေါ်ခဲ့သည်။ အဆိုပါ ဆီးဂိမ်းပွဲစဉ်ကို ထိုင်းနိုင်ငံ...

လှေလှော်အားကစားနည်းကနေ မြန်မာအသင်း ငွေတံဆိပ် ဆု ထပ်မံရရှိ

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် SEA GAMES Canoeing  အမျိုးသားလေးယောက်လှော် (၂၀၀) မီတာ ပြိုင်ပွဲတွင် မြန်မာအသင်းက ငွေတံဆိပ် ဆု ကို ထပ်မံဆွခူးနိုင်ခဲ့ကြောင်းသိရသည်။ SEA Games Thailand 2025 ၏ Canoeing ပြိုင်ပွဲများမှ ကျင်းပပြီးစီးခဲ့သော အမျိုးသားလေးယောက်လှော် ၂၀၀ မီတာ (Men's Canoe Four 200m - C4 200m) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အားကစားသမားများဖြစ်သည့် ကျော်ဇေယျ ၊မျိုးလှိုင်ဝင်း၊ ထွဋ်ခေါင်ဇော်နှင့် သန့်ဇင်ဦးတို့က...

ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium ၌ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium ၌ မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ (ဒီဇင်ဘာ ၁၂)ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မီးသတ်ဦးစီးဌာနအနေဖြင့် ရည်မှန်းချက်တာဝန်(၄)ရပ်နှင့်အညီ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု မီးသတ်တပ်ဖွဲ့က ဆိုသည်။ ဇာတ်တိုက်လေ့ကျင့်မှုကို  နေပြည်တော်မီးသတ်ဦးစီးမှူးရုံးအပါအဝင် ခရိုင်၊ မြို့နယ်၊ နယ်မြေမီးသတ်စခန်းများမှ ပိုလန်နိုင်ငံထုတ် ခေတ်မီ မီးငြှိမ်းသတ်ယာဉ်များဖြစ်သည့် LUF 60 (၂)စီး၊ LUF Micro (၁)စီး၊ LUF Nano (၁)စီး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071