Thursday, February 12, 2026

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း UEC...

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍...

မီးလောင်မှုကြောင့် ထိခို-က်ဒ-ဏ်ရာရခဲ့သည့် မြန်မာအလုပ်သမား(၇)ဦး ဆေးကုသမှုခံယူနေစဥ်...

မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌...

မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ...

ရင်ခုန်နေကြသည့် ချစ်သူများနေ့

ချစ်သူများနေ့ရောက်ရှိတော့မည်ဖြစ်ရာ ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများ၌ ချစ်သူများနေ့အထိမ်းအမှတ်ပစ္စည်းများရောင်းချလျက်သည့် မြင်ကွင်းများ
HomeNewsLocal Newsကုန်ပစ္စည်းများ၏ ထုတ်လုပ်နိုင်စွမ်းနှင့် အရည်အသွေးများကို...

ကုန်ပစ္စည်းများ၏ ထုတ်လုပ်နိုင်စွမ်းနှင့် အရည်အသွေးများကို ပြသနိုင်ရန် ရည်ရွယ်၍ စက်မှုထုတ်ကုန်နှင့် လျှပ်စစ်ကား (EV) ပြပွဲကျင်းပ

ကုန်ပစ္စည်းများ၏ ထုတ်လုပ်နိုင်စွမ်းနှင့် အရည်အသွေးများကို ပြသနိုင်ရန်နှင့် ဈေးကွက်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား (EV) ပြပွဲ (မိုးရာသီဈေးရောင်းပွဲတော်) ကို ယနေ့ ဩဂုတ် (၄) ရက်တွင် ပြည်သူ့ရင်ပြင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြုလုပ်သည့် အဆိုပါ မိုးရာသီဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် ဒုတိယ ဥက္ကဋ္ဌ ဦးဆန်းလင်းတို့ တက်ရောက်ခဲ့ကြပြီး လျှပ်စစ်ကား (EV) ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဥက္ကဋ္ဌ ဦးအေးဝင်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“တစ်ခါတည်းတော့ ဝယ်လို့မရဘူး။ ဒီလိုအမျိုးအစားတွေရှိတယ်ဆိုတာကို ပြသတဲ့ သဘောမျိုးပါပဲ ဒီမှာက” ဟု EV အရောင်းပြခန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မိုးရာသီဈေးရောင်းပွဲတော်ကို ထုတ်ကုန်ပစ္စည်းပိုင်းသာမက ဈေးကွက်အခွင့်အလမ်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ ကုန်ပစ္စည်းများ၏ ထုတ်လုပ်နိုင်စွမ်းနှင့် အရည်အသွေးများကို ပြသနိုင်ရန်နှင့် ဈေးကွက်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ပြပွဲတွင် ဒေသအလိုက် ထွက်ကုန်များ၊ MSME ထုတ်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်များ၊ အစားအသောက်များ၊ ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များမှ ထုတ်ကုန်ပစ္စည်းများ၊ လျှပ်စစ်ကား (EV) များ စသည်တို့ကို ပြသ‌ သွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲကို ဩဂုတ်လ (၄) ရက်မှ ဩဂုတ်လ (၆) ရက်အထိ နံနက် (၇) နာရီမှ ည (၇) နာရီအထိ ပြသရောင်းချသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Photo Credit -UNFCCI

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း UEC ထုတ်ပြန်

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ အပိုင်းလိုက်ကျင်းပခဲ့ရာ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီးပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။ ထိုသို့ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန် ပြည်တွင်း/ပြည်ပမှ ကြိုတင်ဆန္ဒမဲပေးခဲ့ကြသူများ၊ မဲရုံသို့ကိုယ်တိုင်လာရောက်၍ ဆန္ဒမဲပေးခဲ့ကြသည့် မဲဆန္ဒရှင်များအားအထူးကျေးဇူးတင်ပြီး မှတ်တမ်းတင်ဂုဏ်ပြုသည်ဟု UEC ကအသိပေးခဲ့သည်။ ထို့ပြင် စေတနာစွမ်းအား၊ ဉာဏ်ပညာစွမ်းအား၊ ဝီရိယစွမ်းအားများဖြင့် နိုင်ငံတော်တာဝန်တစ်ရပ်အဖြစ် အား သွန်ခွန်စိုက် တာဝန်ကျေပွန်စွာပူးပေါင်းပါဝင်ဆောင် ရွက်ခဲ့ကြသည့်...

မီးလောင်မှုကြောင့် ထိခို-က်ဒ-ဏ်ရာရခဲ့သည့် မြန်မာအလုပ်သမား(၇)ဦး ဆေးကုသမှုခံယူနေစဥ် လစာအပြည့်အဝရရှိမည်

မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌ ထိခို-က်ဒ-ဏ်ရာများရရှိခဲ့သဖြင့် Vichavej International Hospital နှင့် Mahachai 2 Hospital တို့တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးမှ အလုပ်သမားသံမှူးက မြန်မာအလုပ်သမားများအားတွေ့ဆုံအားပေးပြီးနောက် စက်ရုံ၏ HR Manager နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးမှုများအရ ကုမ္ပဏီဘက်မှ ထိခို-က်ဒ-ဏ်ရာရသူ များအတွက်...

မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ မဟာသင်္ကြန်ရုံးပိတ်ရက်အပါအဝင် ၈၆ ရက်ကြာ ကျင်းပလျက်ရှိသည်။ " လမ်းခရီးကအဆင်ပြေတယ်။ နည်းနည်းပါးပါးစစ်တာတော့ရှိတာပေါ့။ ဟိုမှာလည်း တည်းခိုရတာအဆင်ပြေတယ်။ သွားလို့ရတယ်။ အေးအေးဆေးဆေးပါပဲ" ဟု ဘုရာဖူးပြည်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ထို့ပြင်အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရဟန်းရှင်လူပြည်သူများဖြင့် စိတ်အေးချမ်းသာစွာ တည်းခိုနိုင်ရန် တည်းခိုဆောင်ခန်းပေါင်း ၅၀၀ ကျော်နှင့် ဈေးဆိုင်ခန်း ၇၀၀ ကျော်ကို မန်းချောင်းသောင်ပြင်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071