မန္တလေးမြို့ဘက်မှရန်ကုန်မြို့ဘက်သို့မောင်းနှင်လာသည့် ကုန်တင်ရထား သြဂုတ် ၁၈ ရက်(ယ နေ့)နံနက် ၉ နာရီခန့်က ပဲခူးတိုင်းရှိ ကညွှတ်ကွင်းနှင့်တောကျွဲအင်းလမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ကုန်တင်ရထားနှင့်ရထားသံလမ်းများပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဥ်များအား ၂ ရက်ခန့်ယာယီရပ်ဆိုင်းခဲ့ရကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ထိုသို့ ယာယီရပ်ဆိုင်းခဲ့ရသဖြင့် ရထားလက်မှတ်များကြိုတင်ဝယ်ယူထားသူများကို ရထားလက်မှတ်ခငွေများအား မြန်မာ့မီးရထားမှ ပြန်ပေးရန်ပြင်ဆင်လျက်ရှိပြီး ပျက်စီးသွားသည့် ရထားလမ်းပိုင်းကိုလည်း အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရေးအတွက် မြန်မာ့မီးရထားမှတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပျက်စီးသွားခဲ့သည့် ရထားလမ်းပိုင်းအား ပြန်လည်ပြင်ဆင်ပြီးပါက ရန်ကုန်-မန္တလေး ရထားခရီးစဥ်များကို ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။