ရှမ်းပြည်နယ်၊နောင်ချိုမြို့နယ်၊အိုရီယမ်တယ်တိုးဂိတ်အနီးရှိ မန္တလေး-လားရှိုးသွားကားလမ်းတွင် ဒီဇင်ဘာ ၇ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
ယင်းနေ့ည ၉ နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များသည် မန္တလေး-လားရှိုးသွားကားလမ်းတွင် အေးသိန်း(ခ)ကိုသိန်း(၃၆)နှစ် မောင်းလာသည့် FUSO ၁၂ ဘီးကုန်တင်ကားပေါ်မှ ငွေကျပ် ၁၄၄၇ ဒသမ ၂ သိန်းတန်ဖိုးရှိ ထိန်း ချုပ်ဓာတုပစ္စည်းများဖြစ်သော အမိုနီယမ်နိုက်ထရိတ်(၁၆၀၈၀ ကီလို)အား ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ည ၁၀ နာရီခွဲတွင်လည်း ယင်းနေရာ၌ပင် စိုးမြတ်ကျော်(ခ)မောင်စိုး(၃၆)နှစ် မောင်းကာ အောင်အောင်(ခ)အားလုံ(၃၆)နှစ်လိုက်လာသည့် Nissan Diesel ၁၂ ဘီးပေါ်မှ ငွေကျပ် ၁၂၆၀ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သော အမိုနီယမ်နိုက်ထရိတ်(၁၄၀၀၀ ကီလိုအား ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထို့ကြောင့် ဖမ်းဆီးရမိသူ ၃ ဦးအား နောင်ချိုမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။

