မွန်ပြည်နယ်၊မုဒုံမြို့နယ်၊ပိုင်ကမာကျေးရွာရှိ ပိုင်ကမာတောရကျောင်းလမ်းဝအနီးတွင် ဇန်နဝါရီ ၁၉ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မေတ္တာမွန်(M-Rescue)အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။
ယနေ့နံနက် ၈ နာရီ ၄၀ မိနစ်ခန့်က မုဒုံမြို့နယ်၊ပိုင်ကမာကျေးရွာရှိ ပိုင်ကမာတောရကျောင်းလမ်းဝအနီးတွင် ကုန်တင်ကားနှင့်ထော်လာဂျီတို့တိုက်မိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်တွင် ထော်လာဂျီပေါ်၌လိုက်ပါလာသည့် အမျိုးသားတစ်ဦးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် မေတ္တာမွန်(M-Rescue)အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊သုခမေတ္တာ(ညောင်ကုန်းကျေးရွာ)အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊မုဒုံ (MERT)အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ပေးခဲ့ကြသည်။
“ထော်လာဂျီကတိုက်မိတဲ့အရှိန်နဲ့လမ်းဘေးမှာ ပက်လက်လန်ပြီးမှောက်သွားတယ် ထော်လာဂျီပေါ်က အမျိုးသားတစ်ယောက်ဒဏ်ရာရတယ် ကုန်ကားရဲ့ ကားခေါင်းပိုင်းထိခိုက်မှုရှိသွားတာပေါ့”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူအား သုခမေတ္တာ(ညောင်ကုန်းကျေးရွာ)လူမှုကူညီရေးအသင်း၏ လူနာတင်ကားဖြင့် မုဒုံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
