Sunday, February 16, 2025

အမေရိကသာ မကူညီပါကယူကရိန်းမှာ‌ေ-သဘွယ်ရာသာရှိ–ဇလန်းစကီး

ဖေဖော်ဝါရီ၊ ၁၅ ယူကရိန်းသည် အဓိက မဟာမိတ် အမေရိက ၏ ပံ့ပိုးကူညီမှုကို ဆုံးရှုံးသွားလျှင် ရုရှား၏ စစ်ပွဲကို ရင်ဆိုင်ရာ၌ အသက်ရှင်ကျန်ရစ်ရန် မဖြစ်နိုင်ကြောင်း...

ဗြိတိန်ဝန်ကြီးချုပ်နှင့်မကြာခင် တွေ့မည်–ထရမ့်ပ်

ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတာမာကို အမေရိကသို့ လာရန် သူ ဖိတ်ခေါ်ခဲ့ပြီးနောက် သူတို့နှစ်ဦးသည် သိပ်မကြာခင်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

AFC U20 အာရှဖလားပြိုင်ပွဲတွင် ဂျပန်က...

ရှန်ကျန်း၊ ဖေဖော်ဝါရီ ၁၄ အာရှဘောလုံးအင်အားကြီး ဂျပန်အသင်းက ထိုင်းကို ၃-၀ နဲ့ အနိုင်ယူပြီး AFC အသက် 20 အောက် အာရှဖလား...

ထရမ့်ပ်နှင့် မတ်စ်က အစိုးရဝန်ထမ်း ၁၀,၀၀၀...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် သူ၏ အကြံပေး အီလွန်မတ်စ်တို့၏ အမေရိကန်ဗျူရိုကရေစီစနစ်၏‌ ဖေါင်းပွမှုကို သိသိသာသာ ဖြတ်တောက်လျှော့ချခြင်း စီမံချက်အရ သောကြာနေ့တွင် ပြည်ထောင်စုမြေယာ စီမံခန့်ခွဲခြင်းမှသည်...
HomeNewsLocal Newsကုန်စည်များကိုသင်္ဘောတင်သည့်နေ့မှ သုံးလအတွင်း ပို့ကုန်ရငွေများ...

ကုန်စည်များကိုသင်္ဘောတင်သည့်နေ့မှ သုံးလအတွင်း ပို့ကုန်ရငွေများ လက်ခံရရှိခြင်း ရှိ၊ မရှိ စိစစ်မည်

(Unicode)

ကုန်စည်များကိုသင်္ဘောတင်သည့်နေ့မှ သုံးလအတွင်း ပို့ကုန်ရငွေများ လက်ခံရရှိခြင်း ရှိ၊ မရှိ စိစစ်မည်

၂၀၁၄ခုနှစ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၃၅ပါ ပြဌာန်းချက်ဖြစ်သည့် “ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူသည် ပို့ကုန်အမှန်တကယ် တင်ပို့ခဲ့သည့် အထောက်အထားများအရ ကုန်စည်များကို သင်္ဘောတင်သည့်နေ့မှ ခြောက် လအတွင်း ပို့ကုန်တင်ပို့သူများက ပို့ကုန်ရငွေများ လက်ခံရရှိခြင်း ရှိ/မရှိ ကို စိစစ်ရမည်”ကို မူလစာသားများမပယ်ဖျက်ဘဲ ခြောက်လအတွင်းနေရာတွင် သုံးလအတွင်းဟု ဗဟိုဘဏ်က ယနေ့ နိုဝင်ဘာ ၁၀ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၄၆/၂၀၂၁ထုတ်ပြီး ပြင်ဆင်လိုက်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၃၅ အား ပြင်ဆင်လိုက်သည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌဦးသန်းညိန်းက ကြေညာချက်ထဲ လက်မှတ်ရေးထိုးဆိုသည်။

ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက “ပို့ကုန်ရငွေတွေကို အခုနောက်ပိုင်း တော်တော်လေး စိစစ်နေတယ်”ဟု မှတ်ချက်ပြုသည်။

ဗဟိုဘဏ်က ၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ ၆၆၃ခုကို စာရင်းရှင်းလင်းရန် ရက်ပေါင်း (၃၀) သတ်မှတ်ထားပြီး သတ်မှတ်ကာလ ကုန်ဆုံးသည်အထိ စာရင်း ရှင်းလင်းခြင်းမရှိလျှင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပို့ကုန်/ သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု သတိပေးထားသည်။

စာရင်းရှင်းရန်ကျန်သည့် ကုမ္ပဏီ ၆၆၃ခုသည် အမေရိကန်ဒေါ်လာ ၅၇၆သန်းကျော်ကို စာရင်းရှင်းကြရမည်ဖြစ်သည်။

အလားတူ ၂၀၁၈ခုနှစ် အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ များအားလည်း စာရင်းရှင်းလင်းရန် သတိပေးထားသည်ကိုလည်းတွေ့ရသည်။

(Zawgyi)

ကုန္စည္မ်ားကိုသေဘၤာတင္သည့္ေန႔မွ သုံးလအတြင္း ပို႔ကုန္ရေငြမ်ား လက္ခံရရွိျခင္း ရွိ၊ မရွိ စိစစ္မည္
၂၀၁၄ခုႏွစ္ ႏိုင္ငံျခားသုံးေငြ စီမံခန႔္ခြဲမႈစည္းမ်ဥ္း အပိုဒ္ ၃၅ပါ ျပဌာန္းခ်က္ျဖစ္သည့္ “ ႏိုင္ငံျခားသုံးေငြမ်ား ေရာင္းဝယ္ေဖာက္ကားသည့္ လုပ္ငန္းလိုင္စင္ရရွိသူသည္ ပို႔ကုန္အမွန္တကယ္ တင္ပို႔ခဲ့သည့္ အေထာက္အထားမ်ားအရ ကုန္စည္မ်ားကို သေဘၤာတင္သည့္ေန႔မွ ေျခာက္ လအတြင္း ပို႔ကုန္တင္ပို႔သူမ်ားက ပို႔ကုန္ရေငြမ်ား လက္ခံရရွိျခင္း ရွိ/မရွိ ကို စိစစ္ရမည္”ကို မူလစာသားမ်ားမပယ္ဖ်က္ဘဲ ေျခာက္လအတြင္းေနရာတြင္ သုံးလအတြင္းဟု ဗဟိုဘဏ္က ယေန႔ ႏိုဝင္ဘာ ၁၀ရက္တြင္ အမိန႔္ေၾကာ္ျငာစာအမွတ္ ၄၆/၂၀၂၁ထုတ္ၿပီး ျပင္ဆင္လိုက္သည္။
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္သည္ ႏိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၄၉ ပုဒ္မခြဲ (က) အရ အပ္ႏွင္းထားေသာ လုပ္ပိုင္ခြင့္ကိုက်င့္သုံး၍ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ျပည္ေထာင္စု အစိုးရအဖြဲ႕၏ သေဘာတူညီခ်က္ျဖင့္ ႏိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈစည္းမ်ဥ္း အပိုဒ္ ၃၅ အား ျပင္ဆင္လိုက္သည္ဟု ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥကၠ႒ဦးသန္းညိန္းက ေၾကညာခ်က္ထဲ လက္မွတ္ေရးထိုးဆိုသည္။
ပို႔ကုန္လုပ္ငန္းရွင္တစ္ဦးက “ပို႔ကုန္ရေငြေတြကို အခုေနာက္ပိုင္း ေတာ္ေတာ္ေလး စိစစ္ေနတယ္”ဟု မွတ္ခ်က္ျပဳသည္။
ဗဟိုဘဏ္က ၂၀၁၉ ခုႏွစ္အတြင္း ပို႔ကုန္တင္ပို႔ခဲ့ၿပီး ပို႔ကုန္ရေငြ ျပန္လည္ဝင္ေရာက္ရန္ က်န္ရွိသည့္ ကုမၸဏီ ၆၆၃ခုကို စာရင္းရွင္းလင္းရန္ ရက္ေပါင္း (၃၀) သတ္မွတ္ထားၿပီး သတ္မွတ္ကာလ ကုန္ဆုံးသည္အထိ စာရင္း ရွင္းလင္းျခင္းမရွိလွ်င္ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ ပို႔ကုန္/ သြင္းကုန္ဆိုင္ရာ လုပ္ထုံးလုပ္နည္းမ်ားအရလည္းေကာင္း၊ ႏိုင္ငံျခားသုံးေငြ စီမံခန႔္ခြဲမႈဥပေဒပါ ျပ႒ာန္းခ်က္မ်ားအရလည္းေကာင္း ဆက္လက္ေဆာင္႐ြက္သြားမည္ဟု သတိေပးထားသည္။
စာရင္းရွင္းရန္က်န္သည့္ ကုမၸဏီ ၆၆၃ခုသည္ အေမရိကန္ေဒၚလာ ၅၇၆သန္းေက်ာ္ကို စာရင္းရွင္းၾကရမည္ျဖစ္သည္။
အလားတူ ၂၀၁၈ခုႏွစ္ အတြင္း ပို႔ကုန္တင္ပို႔ခဲ့ၿပီး ပို႔ကုန္ရေငြ ျပန္လည္ဝင္ေရာက္ရန္ က်န္ရွိသည့္ ကုမၸဏီ မ်ားအားလည္း စာရင္းရွင္းလင္းရန္ သတိေပးထားသည္ကိုလည္းေတြ႕ရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071