Friday, July 11, 2025

အပူပိုင်းဒေသ (၁၃)ခရိုင်အတွင်း မိုးရာသီသစ်ပင်စိုက်ပွဲတွင် သစ်ပင်...

နိုင်ငံတော်အဆင့် ပထမအကြိမ်အဖြစ်အပူပိုင်းဒေသ(၁၃)ခရိုင်မှ မြို့နယ်(၂၉)မြို့နယ် တွင် ယနေ့ ဇူလိုင် ၁၁ ရက်နံနက်ပိုင်းက တစ်ပြိုင်တည်းပြုလုပ်သည့် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်ပေါင်း(၃၄,၉၅ဝ)ပင်ကို...

မိတ္ထီလာတွင် တပ်မတော်နှင့်နိုင်ငံပိုင်စက်ရုံများလည်ပတ်လျက်ရှိ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ)နှင့် အမှတ် (၃)ဘိလပ်မြေစက်ရုံ(တန် ၁၂ဝဝ)တို့လည်း လည် ပတ်လုပ်ကိုင်လျက်ရှိရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ...

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ဝါဆိုဦးအလှူ

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုသင်္ကန်းနှင့် စာသင်တိုက်များအတွက် ဗလာစာအုပ်နှင့်လှူဖွယ်ဝတ္ထုများကို ဇူလိုင် ၁၀ ရက်နှင့် ၁၁ ရက်တို့က လှူဒါန်းခဲ့ကြသည်။ ဇူလိုင် ၁၀ ရက်နံနက်...

မော်လိုက်တွင် မြေနိမ့်ပိုင်း‌ရပ်ကွက်များအတွင်း မြစ်ရေများဝင်ရောက်လျက်ရှိ

ချင်းတွင်းမြစ် အထက်ပိုင်း၌ မိုးများနေသည့်အတွက် မြစ်တလျောက် ရေကြီးရေလျံလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်တွင်လည်း မြေနိမ့်ပိုင်း‌များတွင် မြစ်ရေများစတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် မော်လိုက်မြို့နယ် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများ...
HomeNewsLocal Newsကိုးကန့်နယ်စပ်မျဉ်းအနီးရှိ စစ်ရှောင်ပြည်သူ ၃၀၀၀၀ကျော်...

ကိုးကန့်နယ်စပ်မျဉ်းအနီးရှိ စစ်ရှောင်ပြည်သူ ၃၀၀၀၀ကျော် သောက်သုံးရေ အခက်အခဲကြုံနေရ

ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၊ တရုတ် – မြန်မာ နယ်စပ်မျဉ်း မိုင်တိုင် (၁၂၅) အနီး ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်း၌ နေရပ်စွန့်ခွာ ပြည်သူ ၃၀၀၀၀ ကျော်အတွက် သောက်သုံးရေနှင့် အခြားအခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

ကိုးကန့်နယ်မြေအတွင်း အောက်တိုဘာ (၂၇) ရက်က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် BP (125) စစ်ဘေးရှောင်စခန်း၌ တိုက်ပွဲရှောင်ပြည်သူ ၃၀၀၀၀ ကျော် ခိုလုံနေရဆဲဖြစ်သည်။

“အခုတလော ညသန်းခေါင်ယံထပြီး ရေသယ်တဲ့ လူတွေလည်းများလာပြီ။ အခု ရေရရှိဖို့ ညသန်းခေါင်မှာလည်း တန်းစီနေရပြီ။ ကိုယ်နေတဲ့နေရာက ရေပိုက်ခေါင်းနဲ့ ဝေးတော့ တစ်ခါသယ်ရင် ရေနည်းနည်းပဲရတယ်။ ဒါကြောင့် နေ့ခင်းဘက်မှာ သုံးရေရှိဖို့ ညတိုင်းထပြီး ရေသယ်နေရတာ ဆယ်ရက်ကျော်ရှိပြီ။”ဟု စခန်းသို့ ရောက်ရှိနေသည့် တိုက်ပွဲရှောင် တစ်ဦးက ပြောသည်။

ဒေသတွင်း အခြေအနေ မတည်ငြိမ်မှုများနှင့် သဘာဝဘေး အန္တရာယ်များဖြစ်ပွားမှုကြောင့် BP 125 တိုက်ပွဲရှောင်စခန်းတွင် ခိုလှုသူ (၃၀၀၀၀) ကျော်အထိရှိလာရာ မိုးရွာသွန်းမှု‌များ‌ကြောင့် ပြည်သူများ နေထိုင်ရာ လမ်းများပေါ်တွင် ရွံ့နွံများဖြစ်ပေါ်ခဲ့ကာ နေထိုင်ရေး အခက်ခဲဖြစ်ပေါ်စေကြော င်းလည်း စစ်ရှောင်စခန်း တာဝန်ရှိသူများထံမှ သိရသည်။

“မိုးအဆက်မပြတ်ရွာသွန်းတာရယ်၊ တဖြည်းဖြည်း ဆောင်းရာသီဝင်ရောက်လာချိန်ဖြစ်တော့ မိုးဒဏ်၊ ဆောင်းရာသီ အအေးဒဏ်တွေကြောင့် ပြည်သူတွေ လူမှုဘဝကို ပိုမိုဆင်းရဲကျပ်တည်းစေခဲ့ပါတယ်” ဟု စခန်းတာဝန်ခံက ပြောဆိုထားသည်။

BP (125) စစ်ဘေးရှောင်စခန်းရှိ ပြည်သူများ အခြေခံစားဝတ်နေရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဒေသအတွင်း စေတနာရှင်ပြည်သူများက ရိက္ခာနှင့် ပစ္စည်းများ လှူဒါန်းပြီး ပြည်သူများအား ဖြန့်ဝေပေးသည့် စေတနာ့ ဝန်ထမ်းအဖွဲ့များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ထောက်ပံ့လှူဒါန်းသည့် ပစ္စည်းများ နည်းပါးမှုကြောင့် စေတနာ့ဝန်ထမ်းအဖွဲ့မှာ ဆန်စေ့တိုင်း ပြည်သူများထံ ရောက်ရှိစေရန်အတွက် ဝေငှခြင်း မပြုပီ အခြေအနေမှန်ကို သိရှိရန် အိမ်ထောင်စုတစ်ခုစီသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီးမှ ဖြန့်ဝေပေးကြရကြောင်းလည်း သိရသည်။

အဆိုပါ ကိုးကန့်နယ်စပ်မျဉ်း (၁၂၅) တိုက်ပွဲရှောင်စခန်းကို အောက်တိုဘာ (၃၀)ရက်မှ စတင်ကာ သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ရေမြောင်းဖော်ခြင်း၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ပြီး လျှပ်စစ်မီး အသုံးပြုနိုင်ပြီဖြစ်သော်လည်း အများစုမှာ မြေကွက်လပ်တွင် အမိုးအကာအဖြစ် ရွက်ဖျင်တဲများကို အသုံးပြုနေရကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အပူပိုင်းဒေသ (၁၃)ခရိုင်အတွင်း မိုးရာသီသစ်ပင်စိုက်ပွဲတွင် သစ်ပင် ၃သာင်းခွဲခန့် စိုက်ပျိုး

နိုင်ငံတော်အဆင့် ပထမအကြိမ်အဖြစ်အပူပိုင်းဒေသ(၁၃)ခရိုင်မှ မြို့နယ်(၂၉)မြို့နယ် တွင် ယနေ့ ဇူလိုင် ၁၁ ရက်နံနက်ပိုင်းက တစ်ပြိုင်တည်းပြုလုပ်သည့် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်ပေါင်း(၃၄,၉၅ဝ)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့၌ကျင်းပရာ နစက ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ လိန်တောကြိုးပြင်ကာကွယ်တောတွင်ပါဝင် စိုက်ပျိုးပေးခဲ့သည်။ နစက ဥက္ကဋ္ဌမှ မိတ္ထီလာဒေသအပါအဝင် အညာဒေ သ(၁၃)ခရိုင်သည် နှစ်စဉ်နှစ်တိုင်းရာသီဥတုပူပြင်းသည့်ဒဏ်ကိုခံစားကြရကာ ၂၀၂၄ ခုနှစ်တွင် ပုဂံ၊ ချောက်၊ ရေနံချောင်း၊ မင်းဘူးဒေသများမှာ ကမ္ဘာတွင်အပူဆုံးဒေသများအဖြစ်...

မိတ္ထီလာတွင် တပ်မတော်နှင့်နိုင်ငံပိုင်စက်ရုံများလည်ပတ်လျက်ရှိ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ)နှင့် အမှတ် (၃)ဘိလပ်မြေစက်ရုံ(တန် ၁၂ဝဝ)တို့လည်း လည် ပတ်လုပ်ကိုင်လျက်ရှိရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယ နေ့ ဇူလိုင် ၁၁ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ) စက်ရုံတွင် ချည်အမျိုးမျိုး၊ အထည်နှင့် ချုပ်ထည်အမျိုးမျိုး၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက်လိုအပ်သည့်ဝတ်စုံများ၊ ကျောင်းဝတ်စုံများ၊ နေ့စဉ်သုံးချည်ထည်ပစ္စည်းများကိုထုတ်လုပ် ပေးလျက်ရှိသည်။ နစက ဥက္ကဋ္ဌမှ ချည်ထည်များထုတ်လုပ်ရာတွင် အရေအတွက်ထက် အရည်အသွေးကို ပိုမိုဦးစားပေးရန်၊ ပြည်တွင်းရှိ အထည်အလိပ်နှင့် ပတ်သက်သည့် SMEလုပ်ငန်းများ၌လိုအပ်သော ချည်မျှင်နှင့်...

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ဝါဆိုဦးအလှူ

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုသင်္ကန်းနှင့် စာသင်တိုက်များအတွက် ဗလာစာအုပ်နှင့်လှူဖွယ်ဝတ္ထုများကို ဇူလိုင် ၁၀ ရက်နှင့် ၁၁ ရက်တို့က လှူဒါန်းခဲ့ကြသည်။ ဇူလိုင် ၁၀ ရက်နံနက် ၉ နာရီက မြန်မာ-တရုတ်ချစ် ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အလှူ ရှင်များမှ သံလျင်မြို့၊ ဆုထူးပန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်းနှင့် ဝါဆိုဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပညာရေးပ ဒေသာပင်အတွက် အလှူငွေများ၊ ကျောင်းသား၊ ကျောင်းသူ(၅၂၅)ဦးအတွက် ဗလာစာအုပ်(၅၂၅) ဒါဇင်တို့ကိုလည်း လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ထို့အတူ ဇူလိုင် ၁၀ ရက်နေ့လည်ပိုင်းတွင်လည်း ရန် ကုန်တိုင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071