
စိုးမြတ်သူဇာက လွန်ခဲ့တဲ့ ၂လခန့်က ကိုရီးယားနိုင်ငံမှာရှိတဲ့ Vel W Plastic Surgery ဆေးရုံတွင် မြန်မာနိုင်ငံက Starz & Beauty Star အမေ မှ တစ်ဆင့် ခွဲစိတ်ပြုပြင်မှုကို ရန်အောင်နဲ့အတူသွားရောက်ပြုလုပ်ခဲ့ပါတယ်။ ခွဲစိတ်ဖြစ်ခဲ့ပုံကို စိုးမြတ်သူဇာက “မကြီးကို ကိုဂျွန်လွင်က Surgery လုပ်မလားဆိုပြီး ပြောတာ။ လုပ်မယ်လို့ ပြောလိုက်တယ်။ သင်္ကြန်အတွင်းမှာ ကိုရန်လေးက လည်း အားတယ်ဆိုပြီး သွားလုပ်ကြတာ။ မကြီးလုပ်ဖြစ်တာက မကြီးမျက်နှာက လေးထောင့်နည်းနည်းဆန်တယ်၊ လက်မောင်းကလည်း ကြီးတယ်။

အဲဒါကိုလုပ်ချင်တာနဲ့ လုပ်ဖြစ်သွားတာ။မကြီးလုပ်တာက ငယ်ချင်တာတော့မဟုတ်ဘူး။ လူတစ်ယောက်က အသက်အရွယ်နဲ့လိုက် လျောညီထွေမှုရှိတဲ့ မျက်နှာရှိတာကို မကြီးသဘောကျတယ်။ မကြီး အသက်က ၄၅နှစ်ဆိုတော့ ဆံပင်ဖြူချင်ရင်လည်းဖြူမယ်၊ ဒါပေမဲ့ မကြီး ဒီအရွယ်မှာ ဒီလိုဖြစ်ရတာကို မကြီးတွန်းလှန်ချင်တာ မဟုတ်ဘူး။ မကြီးက ဝနေ တာကိုပဲတွန်းလှန်ချင်တာ။ ဝတာကိုပိန်အောင် ချက်ချင်းလုပ်ဖို့က သိပ်မ လွယ်လှဘူး။ မကြီးလုပ်တဲ့နည်းကဖြတ်လမ်းကလိုက်တဲ့နည်းပါ”လို့ပြောပါတယ်။
အခုလို ခွဲစိတ်မှု ပြုလုပ်ပြီးတဲ့နောက်မှာတော့ မျက်နှာသွယ်သွားပြီး လက်မောင်းသေးသွားသလိုခံစားရပြီး ခွဲစိတ်တဲ့အတွက် နေသားမကျသေး ကြောင်း စိုးမြတ်သူဇာက ပြောပြပါတယ်။ “မကြီးအဲဒီလိုလုပ်တာ တရားတော့ ရတယ်။ အဲဒီတုန်းက ရေသောက်ချင်တာလည်း မသောက်ဘဲနေရတယ်။ အခု ဆိုရင် မကြီးမေးစေ့အောက်မှာ ချုပ်ရိုးသေးသေးလေးရှိတယ်။ အခုထိ စကား ပြောရင် သိမ်မကောင်းဘူး။ သူတို့က ပြောတယ်။ ၃လလောက်နေရင် ကောင်း သွားမှာပါ။ ပြီးတော့ မကြီးက ခွဲစိတ်ပြီးသိပ်မကြာခင်မှာပဲ ကားပြန်ရိုက်တော့ ပိုဆိုးသွားတယ်။ အခုချိန်ထိ မကြီးစကားပြောရတာ အားမရသေးဘူး။ သူတို့ ဆေးရုံကှလေန ဖြစ်ပါတယ်။ လူတစ်ယောက်ကို ခွဲစိတ်ကုသမှု မပြုခင်မှာဆိုရင် အကြိမ်ကြိမ်အခါခါ ထပ်တလဲလဲစစ်တာ။ စိတ်လည်းစိတ်ချရပါတယ်”လို့ ပြော ပါတယ်။
တွယ်တာ
