ကိုရီးယားနိုင်ငံတွင် (၃)နှစ်အထက် တရားဝင်အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသည့် လုပ်သားများအတွက် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ(CBT)ကို ကျင်းပသွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ ထုတ်ပြန်ထားသည်။
အဆိုပါ CBT စာမေးပွဲကို စက်တင်ဘာလဆန်းပိုင်းတွင် ကျင်းပရန် လျာထားပြီး Online စနစ်ဖြင့် လျှောက်လွှာတင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။
စာမေးပွဲ ဖြေဆိုမည့်သူများအနေဖြင့် အသက် (၁၈) နှစ်မှ (၃၉) နှစ်အတွင်း ဖြစ်ရမည်ဖြစ်ပြီး ကိုရီးယားသမ္မတနိုင်ငံမှ နှင်ထုတ်ခံရခြင်း၊ ပြန်ပို့ခြင်းခံရသူ တရားမဝင်နေထိုင်ဖူးသူများ၊ ထောင်ဒဏ်ပြစ်ဒဏ် ကျခံရဖူးသူများ၊ မိခင်နိုင်ငံမှ ပြည်ပသို့ ထွက်ခွာခွင့်တားမြစ်ခြင်း ခံထားရသူများနှင့် (၅) နှစ်အထက် နေထိုင်ခဲ့သူများ ဝင်ရောက်ဖြေဆိုခွင့် မရှိကြောင်း ကြေညာချက်အရ သိရသည်။
အဆိုပါ ကိုရီးယားဘာသာ အရည်အချင်းစစ်စားမေးပွဲ (CBT)ကို ပင်လုံခန်းမတွင် စာမေးပွဲကျင်းပသွားမည်ဖြစ်ပြီး ဖြေဆိုအောင်မြင်သူများကို အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ Facebook page တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံသို့ လုပ်သားစေလွှတ်မှုကို ကိုဗစ်ကာလအလွန် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လတွင် ပြန်လည်စေလွှတ်ခဲ့ကြောင်း၊အဆိုပါနိုင်ငံအနေဖြင့် လုပ်သားကြောင့် မြန်မာလုပ်သားများ တိုးမြှင့်ခေါ်ယူနေသလို လုပ်သားလိုအပ်ချက်များရှိနေသည့်အတွက်ဆက်ပြီးခေါ်ယူခန့်ထားမှုများလည်း ရှိနေခြင်းဖြစ်သည်။