ကိုရီယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံးဖွင့်လှစ်မည်နေ့ရက်ကို ဒီဇင်ဘာ (၁၂) ရက်ထိ တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာ (၇) ရက်နေ့ ၌ မြန်မာသံရုံး (ဆိုးလ်မြို့) က အသိပေးထုတ်ပြန်ထားသည်။
ပုံစံ (၁၅) ဖြည့်စွက်ပြီး ပေးပို့ထားသည့် ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်များအတွက် မဲရုံးဖွင့်လှစ်မှုရက်ကို တိုးမြှင့်သတ်မှတ်ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
မဲရုံးကို မနက် (၁၀) နာရီမှ ညနေ (၄) နာရီထိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး ကြိုတင်မဲလာရောက်ပေးသူများအနေဖြင့် နိုင်ငံကူးလက်မှတ် (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း သို့မဟုတ် မိတ္တူကို မပျက်မကွက် ယူဆောင်လာကြရန်လည်း အသိပေးထားသည်။
ကြိုတင်မဲပေးနိုင်ရန် မဲရုံးကို ဒီဇင်ဘာ (၆) ရက်နေ့က စတင်ဖွင့်လှစ်ထားခြင်းလည်း ဖြစ်သည်။
ရွေးကောက်ပွဲ အပိုင်း (၁) ကို ဒီဇင်ဘာ (၂၈) ရက်နေ့၌ မြို့နယ် (၁၀၂) မြို့နယ်၌ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း (၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၁၁) ရက်နေ့ မြို့နယ် (၁၀၀) မြို့နယ်မှာ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။
