ပြီးခဲ့သည့် ဇွန် (၁၉) ရက်တွင် ဖြေဆိုပြီးစီးခဲ့သည့် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ EPS-TOPIK (ဆောက်လုပ်ရေးလုပ်ငန်း) အောင်မြင်သူများအတွက် အလုပ်လျှောက်လွှာများ ခေါ်ယူကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီ မှ သိရသည်။
အဆိုပါ ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ EPS-TOPIK (ဆောက်လုပ်ရေးလုပ်ငန်း) အောင်မြင်သူများအတွက် အလုပ်လျှောက်လွှာများအား ဒဂုံမြို့သစ် (မြောက်ပိုင်း) ၊ (၄၃) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် ဗိုလ်မင်းရောင်လမ်းထောင့်၊ ပင်လုံခန်းမရှိ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ၌ နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ထုတ်ပေးရာတွင် နေ့ရက်အလိုက် ခုံအမှတ်များအနေဖြင့် ဇူလိုင် (၁၁) ရက်တွင် ခုံအမှတ် ၅၀၇၀၀၀၀၃ မှ ခုံအမှတ် ၅၀၇၁၉၁၀၈ အထိ၊ ဇူလိုင် (၁၂) ရက်တွင် ခုံအမှတ် ၅၀၇၁၉၁၂၀ မှ ခုံအမှတ် ၅၀၇၃၄၃၂၅ အထိ အသီးသီး ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကျန်းမာရေး ဆေးစစ်အောင်မြင်ပြီးသူများ၏ အလုပ်လျှောက်လွှာများ ပြန်လည်တင်သွင်းခြင်းကို ဇူလိုင် (၁၄) ရက်တွင် ခုံအမှတ် ၅၀၇၀၀၀၀၃ မှ ခုံအမှတ် ၅၀၇၁၉၁၀၈ အထိ၊ ဇူလိုင် (၁၅) ရက်တွင် ခုံအမှတ် ၅၀ ၇၁၉၁၂၀ မှ ခုံအမှတ် ၅၀၇၃၄၃၂၅ အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အလုပ်လျှောက်လွှာတွင် အချက်အလက်များ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ တင်ပြသည့် အထောက်အထားများ မှန်ကန်စွာဖြည့်စွက်ဖော်ပြရန် လိုအပ်ပြီး မမှန်မကန် ဖော်ပြဖြည့်စွက်ခဲ့ပါက ကာယကံရှင်၏ တာဝန်သာဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ ၏ Facebook စာမျက်နှာဖြစ်သည့် POEA-EPS မှ အသိပေးကြေညာထားသည်။