ကိုရီယားရောက် မြန်မာလုပ်သားများအနေဖြင့် ဝင်ငွေခွန်ပေးဆောင်ရာတွင် ငွေသားအစား ဘဏ်စာရင်းဖြင့်သာ တိုက်ရိုက် ဝင်ငွေခွန်ပေးရမည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
မေလ (၁၂) ရက်မှ စတင်ပြီး ဘဏ်ငွေစာရင်းဖြင့် တိုက်ရိုက်ဝင်ငွေခွန်ပေးဆောင်ခြင်းကို ပြောင်းလဲကျင့်သုံးမည်ဖြစ်ပြီးကိုရီးယားနိုင်ငံကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁၁) ရက် ထက် နောက်မကျဘဲ ရောက်ရှိသူများအနေဖြင့် တစ်လလျှင် ကိုရီးယား ဝမ် (၃၂ ၀၀၀) နှုန်းဖြင့် (၁၈) လစာအတွက် ကိုရီးယား ဝမ် (၅၇၆ ၀၀၀)၊ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁) ရက်ထက် နောက်မကျဘဲ ရောက်ရှိသူများအနေဖြင့် တစ်လလျှင် ကိုရီးယားဝမ် (၃၂,၀၀၀) နှုန်းနှင့် (၁၂) လစာအတွက် ကိုရီးယား ဝမ် (၃၈၄,၀၀၀) ထမ်းဆောင်ရမည်ဖြစ်သည်။
ထို့ပြင် ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ (၁)ရက်ထက် နောက်မကျဘဲ ရောက်ရှိသူများသည် တစ်လလျှင် ကိုရီးယားဝမ် (၃၂ ၀၀၀) နှုန်းနှင့် (၆) လစာအတွက် ကိုရီးယားဝမ် (၁၉၂,၀၀၀) ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဝင်ငွေခွန်ထမ်းဆောင်ရန်အ တွက် သံရုံး၏ ဘဏ်စာရင်းသို့ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ကြိုတင်ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။