Tuesday, April 29, 2025

တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား (၆၃,၀၀၀)...

ငလျင်ကြောင့် အဖြေလွှာမီးလေ-ာင်သွား၍ တက္ကသိုလ်ဝင်စာ မေးပွဲပြန်ကျင်းပရာတွင် ပြန်လည်ဖြေဆိုမည့်ကျောင်း သား (၆၃,၀၀၀)ကျော်ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။ အဆိုပါ စာမေးပွဲအတွက် စာစစ်ဌာန (၂၀၀) နီးပါး...

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျ-က်စီးခဲ့ရသည့် ရှေးဟောင်း...

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးခဲ့ရသည့် မန္တလေးမြို့၊ အင်းဝဒေသ၊ ပင်းယဒေသ၊ ပလိပ်ဒေသ၊ ကျောက်ဆည်-မက္ခရာဒေသ၊ အမရပူရဒေသနှင့် စစ်ကိုင်း/မင်းကွန်းဒေသများရှိ ရှေးဟောင်း အဆောက်အအုံများကို ပြန်လည်...

ဘိလပ်မြေအိတ်များ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေ

ငလျင်ဒဏ်သင့် ဒေသများရှိ ပြိုကျပျ-က်စီးသွားသည့် အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေးတွင် ဘိလပ်မြေလိုအပ်ချက် မြင့်မားလာမှုကြောင့် ဘိလပ်မြေများ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ဘိလပ်မြေအများဆုံး...

တာချီလိတ်တွင် တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာကာ...

ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ယနေ့ ဧပြီလ (၂ ၉)ရက် မွန်းလွဲပိုင်းအချိန်၌ တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး ရပ်ကွက်အတွင်းရှိ...
HomeNewsLocal Newsကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသည့် ဖက်ဒရယ် ဒီမိုကရေစီ...

ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တစ်ဦးတစ်ယောက်ကောင်းစားရေးကို ဘေးဖယ်ထားရန် ဗိုလ်ချုပ်ကြီး ယွက်ဆစ်ပြော 

ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဦးထိပ်ထားကာ တစ်ဦးတစ်ယောက်ကောင်းစားရေးနှင့် မိမိအဖွဲ့အစည်းကောင်းစားရေး စိတ်ဓာတ်ကို ဖယ်ကျဉ်ထားရန် လိုအပ်ကြောင်း RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောကြားလိုက်သည်။ 

ယနေ့ ဇန်နဝါရီလ (၂၆) ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီဗဟိုဌာနတွင် ပြုလုပ်သည့် RCSS နှင့် နစက တို့အကြား တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဦးထိပ်ထားပြီး အဖွဲ့အစည်းအားလုံးအနေနဲ့ လောဘ၊ ဒေါသ၊ မာန်မာန ရှေ့တန်းတင်ခြင်း၊ ကိုယ်တစ်ဦးတစ်ယောက်ကောင်းစားရေး၊ ကိုယ့်အဖွဲ့အစည်းကြီးပွားရေးစိတ်ဓါတ်များကို ဖယ်ကျဉ်ထားစေလိုပါတယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်‌လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအရ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း နစကနှင့် (၂) ကြိမ်တိုင် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီး ယခု ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် (၃) ကြိမ်မြောက် ထပ်မံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ တွေ့ဆုံမှု အစနေ့တွင်လည်း ဗိုလ်ချုပ်ကြီး ယွက်ဆစ်က NCA ထိုးထားသည့် ကာလအတွင်း ငြိမ်းချမ်းရေးအပါအဝင် တိုင်းပြည်တိုးတက်ရေးအတွက် တစ်စုံတရာ ရလဒ်ထွက်ခြင်း မရှိခဲ့သည့်အပေါ်  NCA  လက်မှတ်ထိုးခဲ့သည့် အချိန် (၇) နှစ်ကို နှမြောကြောင်း ပြောကြားခဲ့သေးသည်။ 

ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နစကအဖွဲ့အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားတန်းတူအခွင့်အရေး ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် စိတ်ဆန္ဒရှိနေပြီး အပစ်အခတ် ရပ်စဲကြောင်း လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်လျက် ရှိနေခြင်းလည်း ဖြစ်သည်။ 

ယခုတစ်ကြိမ် ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်ဦးဆောင်သည့် RCSS အနေဖြင့် ရှမ်းပြည်ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ (၃၃)ချက်ကို ဆွေးနွေးခဲ့ပြီး ယင်းသို့ ဆွေးနွေးနိုင်ခဲ့ခြင်းမှာ ရှမ်းပြည်နယ် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အစပျိုးပေးလိုက်ခြင်းဖြစ်ကြောင်း ယနေ့ အပိတ်မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ထည့်သွင်းပြောကြားခဲ့ကြောင်း RCSS နှင့် နီးစပ်သူများထံမှ သိရသည်။ 

တတိယအကြိမ်မြောက် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုကို ဇန်နဝါရီလ (၂၄) ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ဇန်နဝါရီလ (၂၆) ရက်အထိ (၃) ရက်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Photo Credit-TAI Freedom

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား (၆၃,၀၀၀) ကျော်ရှိ

ငလျင်ကြောင့် အဖြေလွှာမီးလေ-ာင်သွား၍ တက္ကသိုလ်ဝင်စာ မေးပွဲပြန်ကျင်းပရာတွင် ပြန်လည်ဖြေဆိုမည့်ကျောင်း သား (၆၃,၀၀၀)ကျော်ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။ အဆိုပါ စာမေးပွဲအတွက် စာစစ်ဌာန (၂၀၀) နီးပါး စီစဉ်ထားပြီး ယခင်မတ်လကဖြေဆိုခဲ့သည့် အောင်စာရင်းနှင့် ယခုဖြေဆိုမည့်အောင်စာရင်းကို တပြိုင်တည်းကြေညာမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် မတ် (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ် မီးလေ-ာင်မှုဖြစ်ပွားခဲ့ရာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့က ဖြေဆိုထားသည့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ ပါသွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါဒေသများအနေဖြင့် ၂၀၂၅ ခုနှစ်တက္က သိုလ်ဝင်စာမေးပွဲကို ဇွန်လ (၁၆)ရက်...

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျ-က်စီးခဲ့ရသည့် ရှေးဟောင်း အဆောက်အအုံများကို အဆင့်အလိုက် စနစ်တကျ ပြန်လည်ပြုပြင်ထိန်းသိမ်းသွားမည်

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးခဲ့ရသည့် မန္တလေးမြို့၊ အင်းဝဒေသ၊ ပင်းယဒေသ၊ ပလိပ်ဒေသ၊ ကျောက်ဆည်-မက္ခရာဒေသ၊ အမရပူရဒေသနှင့် စစ်ကိုင်း/မင်းကွန်းဒေသများရှိ ရှေးဟောင်း အဆောက်အအုံများကို ပြန်လည် ပြုပြင်ထိန်းသိမ်းနိုင်ရန် အဆင့်အလိုက် စနစ်တကျဆော င်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။ ပြီးခဲ့သည့် မတ်လ(၂၈)ရက်တွင် ရစ်ချ်စတာစကေး ၇.၇ ရှိ ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးခဲ့ရသည့် ရှေးဟောင်းအဆောက်အအုံများအား ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လုပ်ငန်းများကို အဆင့်အလိုက် စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းနိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်များ ချမှတ်ပြီး...

ဘိလပ်မြေအိတ်များ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေ

ငလျင်ဒဏ်သင့် ဒေသများရှိ ပြိုကျပျ-က်စီးသွားသည့် အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေးတွင် ဘိလပ်မြေလိုအပ်ချက် မြင့်မားလာမှုကြောင့် ဘိလပ်မြေများ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ဘိလပ်မြေအများဆုံး ထုတ်လုပ်နိုင်သည့် Alpha ဘိလပ်မြေစက်ရုံ၊ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံနှင့် ဆင်မင်းဘိလပ်မြေစက်ရုံများမှ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံသည် လာမည့်မေလ (၁၅)ရက်မှစတင်ကာ နေ့စဥ် အိတ်တစ်သိန်း ထုတ်နိုင်တော့မည် ဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၌ အရေးပါသည့် ဘိလပ်မြေများကို တတ်နိုင်သရွေ့ အမြန်ဆုံးထုတ်လုပ်ကာ စျေးကွက်အတွင်းရောက်ရှိဖို့ တာဝန်ရှိသူများ စုပေါင်းလုပ်ဆောင်နေကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071