အနုပညာသက်တမ်းနှစ်၂ဝ ကျော်ကို ရောက်ရှိလာပြီဖြစ်တဲ့ အကယ်ဒမီမင်းသား မင်းမော်ကွန်းကတော့ ၂ဝ၁၈ နှစ်သစ်ကစပြီး ဇာတ်ကားရိုက်ကူးမှုတွေမှာ ဇာတ်နဲ့ကာရိုက်တာပိုင်းတွေမှာ သေချာရွေးချယ်ပြီး စနစ်တကျလေးရိုက်ကူးသွားဖို့ ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။ ဒီ့အပြင်ကို သူ့ရဲ့အနုပညာနဲ့ သူ့ရဲ့ ပရိသတ်တွေအပေါ်ကို ပိုပြီးတော့ သစ္စာစောင့်သိဖို့အတွက် ကြိုးစားသွားမှာဖြစ်ကြောင်းကိုလည်း မင်းမော်ကွန်းက
”၂ဝ၁၈ခုနှစ်မှာ ကျွန်တော် သေချာလေး ရွေးချယ်ပြီးတော့ ဇာတ်ရော၊ ကာရိုက်တာကိုရော သေချာရွေးချယ်ပြီးတော့အကုန်လုံး သေချာရွေးချယ်ပြီးတော့ စနစ်တကျ လေး ရိုက်ဖို့ဆုံးဖြတ်ထားပါတယ် ခင်ဗျ။ အဓိကအားဖြင့်တော့ ပရိသတ်ပေါ်မှာ ကျွန်တော်တို့ အနုပညာအပေါ်မှာ သစ္စာရှိဖို့ပါပဲ။ ကျွန်တော်တို့အနေနဲ့ကလည်း ရပ်တည်ရတာ တော်တော်ခက်ခဲပါတယ်။တချို့နေရာတွေမှာ ပရိ သတ်ကြိုက်တဲ့အားပေးတဲ့ ဇာတ်ကားတွေကို ထုတ်လုပ်သူတွေ တော်တော်များများက လိုက်ပြီးတော့ ရိုက်ကူးနေတဲ့အချိန်မှာ ကျွန်တော်တို့အဲဒီဇာတ်တွေကို လက် မခံဘဲနဲ့ ဒီတိုင်းထိုင်ပြီးတော့ တောင့်ခံဖို့ဆိုတာ တော်တော်လေးကိုခက်ခဲပါတယ်။ပရိသတ်နဲ့အဆက်သွယ်ပြတ်တဲ့ အပိုင်းတွေလည်း ရောက်လာပါလိမ့်မယ်။အဲဒီလို ဖြစ်လို့လည်း ကြားထဲမှာ ကျွန်တော် ၂ နှစ်ကျော် ၃နှစ်လောက်ကို မရိုက်ဘဲနဲ့ နားခဲ့ဘူးပါတယ်။ဒါပေမဲ့ ပြန်ရိုက်တဲ့အချိန်ကျတော့လည်း အဲဒီလိုမျိုးဇာတ်ကား တွေ လာငှားလို့ရှိရင် ၃ကား ၁ကားလောက် သို့မဟုတ် ၄ ကား ၁ကားလောက်တော့ ပရိသတ်နဲ့ အဆက် မပြတ်ဖို့ ကျွန်တော်တို့ရိုက်ကူးရတာလေးတွေ ရှိပါတယ်။ဒါပေမဲ့ အခု ၂ဝ၁၈ ခုနှစ် ကနေစပြီးတော့တော့ ကျွန်တော့် အနုပညာကို ကျွန်တော့်ပရိသတ်ကို ကျွန်တော်ပိုပြီးတော့ သစ္စာစောင့်သိဖို့အတွက်ကို ကျွန်တော် ကြိုးစား ပါတော့မယ်ခင်ဗျ။ တတ်နိုင်သလောက် ကိုယ်ရိုက်ချင်တဲ့ ကိုယ်ရင် ခုန်တဲ့ဇာတ်မျိုးကိုပဲ ရွေးချယ်ပြီးတော့ ရိုက်ကူးတော့မယ်။အဲဒီ့အတွက်ကို ဇာတ်ကားရိုက်တွေလည်း နည်းရင်လည်း နည်းသွား နိုင်ပါတယ်။ ဒါပေမဲ့ ရိုက်သမျှဇာတ်ကားလေးတွေက ကိုယ်စိတ်တိုင်းကျတဲ့ကား ပရိသတ်အတွက် ကြည့်ရတာလည်း တန်ဖိုးရှိမယ့်ကားဖြစ်အောင် ကျွန်တော်ကတော့ အဓိကထားပြီးကြိုးစားချင်ပါတယ် ခင်ဗျ။ ဟာသပဲဖြစ်ဖြစ် ဒရာမာပဲဖြစ်ဖြစ် ကျွန်တော်တို့ဘက်က အနုပညာမြောက်ပြီးတော့ ဇာတ် လမ်းဇာတ် အိမ်ကောင်းကောင်းမျိုး လေးဆိုရင် ကျွန်တော်ရွေးချယ်ပြီးတော့ ရိုက်ကူးသွားပါ့မယ်”လို့ ပြောပြပါတယ်။
ဒီလိုပြုလုပ်ရခြင်းက ဘယ်လို မျိုးပြောင်းလဲမှုတွေရလာမလဲ၊ ဖြစ်လာမလဲဆိုတာ”သေချာတာ တစ်ခုက ကျွန်တော်တို့ ကိုယ့်ဇာတ်ကားကို ပြန်ကြည့်တဲ့အခါမှာ လိပ်ပြာလုံတာ ပေါ့ဗျာ။အရင်တုန်းကဆို ကိုယ်အရိုက်ချင်ပဲနဲ့ ရိုက်လိုက်ရတဲ့ ဇာတ်ကားတွေ အားနာပြီးတော့ လက်ခံလိုက်ရတာမျိုးတွေ ငွေရေးကြေးရေး အခက်ခဲကြောင့် လက်ခံလိုက်ရတာ မျိုးတွေ၊ တစ်ခါတလေကျရင် မရိုက်တာကြာလို့ ပရိသတ်နဲ့ အဆက်အသွယ်ပြတ်သွားမှာဆိုးလို့ ရိုက်ရတာမျိုးတွေ ရှိပါလိမ့်မယ်။ အခု အဲဒါမျိုးတွေကို ကျွန်တော်တို့က အဆင့်တစ်ခုအနေနဲ့ ကျော်လွန်ပြီးတော့ ကျွန်တော်တို့နောက်ထပ် ကိုယ့်ကားကို ကိုယ်ကြည့်ပြီး ရှက်နေရတဲ့အဖြစ်မျိုးတွေ မဖြစ်အောင်လို့ ကျွန်တော်တို့သေချာလေးစဉ်း စားပြီးတာ့ ရိုက်ကူးသွားဖို့ရှိပါတယ်” လို့ မင်းမော်ကွန်းက ပြောပြခဲ့ပါ တယ်။
ဇင်မာနွယ်
ဓာတ်ပုံ- ဇော်ဝင်းအောင်