Tuesday, May 13, 2025

၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညိုရရှိ

စွယ်စုံမီဒီယာဂရု(ပ်)၏ သုတစွယ်စုံစာအုပ်တိုက်မှချီးမြှင့်မည့် (၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆုဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညို ရရှိခဲ့သည်။ သုတစွယ်စုံစာပေဆုများအဖြစ် ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော်...

စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ နေပြည်တော်ရှိ မြို့နယ်(၃)ခုမှ ငလျင်ဒဏ်သင့်...

နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့မှ မန္တလေးငလျင်ကြီးဒဏ်သင့် အိမ်ထောင်စု(၉၅၀)အတွက် ထောက်ပံ့ငွေကျပ် (၃၄၂၀)သိန်းကို စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ယနေ့ မေ ၁၂ ရက်နေ့လည်ပိုင်းက...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကိုရှေးရှုကာ တိုင်းပြည်တည်ဆောက်ရေးတွင်...

လက်နက်ကိုင်အဖွဲ့အစည်း အသီးသီအနေဖြင့် အပစ်အခတ် ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုကာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ (၄,၅၀၀)...

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်‌နေ့မေ (၁၁) ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျှင် ကျပ် (၄,၅၀၀) နှုန်းဖြင့် ဆိုင်ကယ်တစ်စီးလျှင် (၂)...
HomeCelebrities' Newsကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့အတွက်...

ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့အတွက် အားကိုး ရှာစရာမလိုအပ်ဘူး မေကဗျာ

သရုပ်ဆောင်မေကဗျာရဲ့ သမီးလေး ဂင်္ဂါမေက အသက်၁၃နှစ် အရွယ်ရှိပြီဖြစ်ပြီး Yangon Academy ကျောင်းမှာ Grade A အတန်းပညာတက်ရောက်သင်ယူနေပါ တယ်။ သမီးလေးက လိမ္မာရေးခြားလည်းရှိသလို ပညာရေးဘက်မှာလည်း ထူးချွန် သူတစ်ဦးဖြစ် တဲ့အတွက် ကျေးဇူးတင်မိတယ်လို့လည်းဆိုတဲ့ မေကဗျာက…

“သူ့ကုသိုလ်ကံလေးပေါ့နော်။ သူ့ပညာရေးနဲ့ ပတ်သက်ပြီး ကဗျာတို့က ဘာမှ သိပ်နားမလည်ဘူး။ သူ့ဟာသူတစ်ယောက်တည်း ကြိုးစားရတာ။ မေမေ သမီး ဒါလေးလုပ်ချင်တယ်။ ဒါလေးဝင်ပြိုင်ချင်တယ်ဆိုရင် သမီးလုပ်လေဆိုပြီး ဘေးက ပံ့ပိုးပေးတာပဲရှိတယ်။ တကယ့် တကယ်ကိုယ်နားလည်လို့ လုပ်ပေးခဲ့ တာ မဟုတ်ဘူး။ ကိုယ်တွေက အဲဒီလောက်လည်း ပညာမတတ်ခဲ့ တဲ့အခါကျ တော့ သူတစ်ယောက်တည်းပဲ လုပ်ရတယ်။ သူတစ်ယောက်တည်း လေ့လာ ရတယ်။ တချို့မိဘတွေဆိုရင် ပညာရေးနဲ့ပတ်သက်ပြီး တအား နားလည်တဲ့ အခါကျတော့ သမီးဒါလေးတက်ပါလားဆိုပြီး မိဘက ဂိုက်လိုင်းပေးတယ်။ အခုက သူတက်ချင်တဲ့သင်တန်းဆို သူ့ဘာသာသူ စုံစမ်းရတယ်။ ကိုယ်က လည်း သူ့ကို အဲဒီလောက်အချိန်မပေးနိုင်ဘူး။ သူ့တက်ချင်တာကိုပဲ သွား အပ်ပေးလိုက်တာပဲရှိတယ်။ သူတက်ချင်တာတွေကို ရွေးချယ်ပြီး သမီးရေ ဒါလေးမကောင်းဘူး။ ဟိုဟာလေးတက်ပါလားဆိုပြီး အကြံဥာဏ်ပေး ခွင့် မရှိဘူး။ ကိုယ်နားမလည်တာလည်း ပါတယ်။ အချိန်မပေးနိုင် တာလည်း ပါတယ်။ သူဒီလိုလိမ္မာတာလေးလည်း အစ်မတို့အလွန်စိတ်ချမ်းသာရ တယ်။ ပညာရေးမှာ သူဝါသနာပါတာလည်း စိတ်ချမ်းသာရတယ်။ ဒီလို ထူးထူးချွန်ချွန်ဖြစ်တာလည်း စိတ်ချမ်းသာရတယ်။ ဒါတောင် အစ်မတို့ပံ့ပိုး မှု အားအလွန်နည်းပါတယ်။ သူ့မှာကြိုးစားချင်စိတ်ရှိတာလေးကို အစ်မ ဝမ်းသာတာပါ။ ဆုရသည်ဖြစ်စေ၊ ဆုမရသည်ဖြစ်စေသူပြိုင်ချင်တယ်ဆို ရင်လည်း ပြိုင်ချင်တဲ့စိတ်ကို ပံ့ပိုးချင်တာ။ ကိုယ်တွေ ဆိုရင် အဲဒီလိုဝင် ပြိုင်ဖို့ကို မိဘတွေက ဝင်ပြိုင်ခိုင်းမှသာ ဝင်ပြိုင်ရတာ။ သူကိုယ်တိုင်က ပညာရေးကို လိုလားနေတာ။ သူ့ကိုကျေးဇူးတင်တယ်” လို့ သမီး လေးကို ကျေးဇူးတင်ရကြောင်း ပြောပါတယ်။

သမီးဖြစ်သူကို အတတ်ပညာနဲ့ပဲ ဘဝကိုဖြတ်သန်းစေချင်ပြီး အနုပညာနဲ့ ပတ်သက်တာကိုတော့ ဘာမှမလုပ်စေဘူးလို့ ဆိုပါတယ်။  ကွန်ပျူတာဒီဇိုင်း၊ ဖက်ရှင် ဒီဇိုင်းဆွဲတာတွေကိုလည်း ဝါသနာပါတဲ့အတွက် အဲဒီသင်တန်းတွေ ပေးတက်ထားပြီး အိမ်ရဲ့စီးပွား ရေးဖြစ်တဲ့ ပန်းထိုးစက်ရုံကိုလည်း သမီးလေး ကပဲ ဦးဆောင်ပြီး လုပ်ဆောင်နေတာကြောင့် သမီးလေးက အိမ်ရဲ့ တန်ဖိုးရှိတဲ့အရာလေးပါပဲလို့ မေကဗျာက ဆိုပါ တယ်။ သမီးလေးနဲ့ပဲ နေသွားတော့မှာလား။ နောက်ထပ် အိမ်ထောင်ပြုဖို့ အစီအစဉ်ရှိဦးမလား ဆိုတဲ့မေးခွန်း ကိုတော့ မေကဗျာ က…

“ကံတရားကိုတော့ ကြို မပြောရဲပါဘူး။ ကိုယ်လည်း အိမ်ထောင်ကျ မယ်၊ မကျဘူး မသိဘဲ အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်ကွဲမယ် မကွဲဘူး၊ မသိနိုင်ဘဲကွဲခဲ့တယ်။ ကံတရားဆိုတာ ဘယ်လိုဖြစ်လာ ဦးမလဲဆိုတာ မသိဘူး။  ဒါပေမဲ့  အခုအစ်မ စိတ်အနေအထား ဆိုရင် အစ်မဘဝက အစ်မသမီးလေးနဲ့ အခုလိုနေရတာ အလွန်စိတ်ချမ်းသာတယ်။ အစ်မအတွက် အဖော် ဆိုတာမလိုအပ် ဘူး။ ဘာလုပ်မှာလဲ အဖော်ရှာပြီးတော့ အားကိုးဖို့လား။ အားကိုးဖို့အ တွက်ဆိုရင်တော့ အစ်မကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည် နိုင်တဲ့အတွက် အားကိုးရှာစရာ မလိုဘူး။ စိတ်ချမ်းသာဖို့အတွက် ဆိုရင်လည်း အစ်မသမီး လေးရှိတယ်။ အစ်မသမီးလေးနဲ့အစ်မ စိတ်အလွန် ချမ်းသာနေပြီဆိုတော့ အစ်မအ တွက်မလိုအပ်ဘူးထင်တာပဲ။ ဒါပေမဲ့ ကံဆိုတာတော့ ပြောလို့မရ ဘူးပေါ့။ ဖူးစာဆိုတာလည်း ပြောလို့မရဘူး”လို့ ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071