အဆိုတော် အောင်ထက်က စက်တင်ဘာလအတွင်းမှာ သူ့ရဲ့ဒုတိယ တစ်ကိုယ်တော်စီးရီးကို ထွက်ရှိနိုင်ဖို့ စီစဉ်နေပါတယ်။ ဒုတိယစီးရီးမှာတော့ အောင်ထက်က သူကိုယ်တိုင်ရေးသားတဲ့ သီချင်းတွေ အပြင် တခြားတေးရေးဆရာတွေရဲ့ သီချင်းတွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
“ဒီစီးရီးခွေမှာတော့ သီချင်းပုံစံအကြောင်းအရာတွေလည်း ပိုစုံချင်တဲ့အတွက် တေးရေးဆရာတော်တော်များများပါပါမယ်။ ဘယ်သီချင်း တွေ ထည့်ဖြစ်မလဲဆိုတာတော့ ခွေထွက်ခါနီးမှ အတိအကျ သိမှာပါ။ ကျွန်တော်က ဒီစီးရီးမှာ Trend လေးတစ်ခုနဲ့ သွားချင်တာဆိုတော့ တူရာသီချင်းလေးတွေစုပြီး ထည့်သွားမှာပါ”လို့ အောင်ထက်က ပြောပါတယ်။
အောင်ထက်က အိမ်မက်ဆုံရာ ရာသက်ပန်ပြိုင်ပွဲက တစ်ဆင့် ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုကို ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ခုချိန်မှာတော့ သီချင်းဆိုပြိုင်ပွဲတွေလည်း များပြားလာပြီး ဂီတလမ်းပေါ်မှာလည်း မျိုးဆက်သစ်တွေအများအပြားထွက် ပေါ်လာပါတယ်။ ခုလို အခြေအနေမှာ အောင်ထက်တို့ အနေနဲ့ ပိုကြိုးစားရတာမျိုးတွေ ရရှိလား ဆိုတဲ့အမေးကိုတော့ အောင်ထက် က
“ကျွန်တော်တို့အနေနဲ့ကတော့ ဘယ်သူတွေပေါ်လာလို့ ဘယ်လိုဆို တာမျိုးမရှိပါဘူး။ ပရိသတ်ကလည်း သူ့ အကြိုက်နဲ့သူပါပဲ။ ကျွန်တော်တို့ကလည်း ပိုကြိုးစားရတယ်မကြိုးစား ရဘူးဆိုတာထက် ကိုယ်လျှောက်တဲ့လမ်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ကိုယ့် ပုံစံအတိုင်း ကိုယ့်ခံယူချက်နဲ့ကိုယ်ပဲ ဆက်လုပ်နေတာပါပဲ။ ကိုယ်လုပ်ရမယ့် အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ပါတယ်။ ပရိသတ်ကလည်း သူ့အကြိုက်နဲ့သူပါပဲ။ ကိုယ့်ကိုအားပေးတဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစား ရမှာကတော့ ကျွန်တော့် တာဝန်ပါပဲ”လို့  ပြောပြခဲ့ပါတယ်။
ရဲရဲ