Friday, December 5, 2025

အဖွင့်ပွဲစဉ်မှာပင် ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့ပြီဖြစ်သည့် မြန်မာလက်ရွေးစင်...

ယနေ့ ညနေ (၃)နာရီခွဲအချိန်က ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားခဲ့ကြသည့် မြန်မာ-ဖိလစ်ပိုင်အမျိုးသမီးအသင်း ပွဲစဥ်တွင် ပွဲပြီးဆုံးချိန်၌...

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့်...

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times...

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...
HomeCelebrities' Newsကိုယ့်ကို ပရိသတ်တွေက စိတ်ဝင်စားလို့...

ကိုယ့်ကို ပရိသတ်တွေက စိတ်ဝင်စားလို့ ချစ်လို့ ဒီလိုမျိုး တိုက်ခိုက်မှုတွေ၊ ဝေဖန်မှုတွေ ဖြစ်လာတာပါ အေးမြတ်သူ

သရုပ်ဆောင်အေးမြတ်သူက အနုပညာသမားတိုင်း ကောလဟလတွေ၊ ဝေဖန်တိုက်ခိုက်မှုတွေ ကြုံတွေ့ရတတ်တဲ့အတွက် သူ့အနေနဲ့ ဒီလိုကြုံလာတဲ့အခါမှာ အထူးအထွေဝမ်းနည်းတာမျိုးမဖြစ် မိဘူးလို့ ဆိုပါတယ်။ အဆိုးတွေထဲကနေ အကောင်းတွေဘယ်လိုပြန်ရမလဲ ဆိုတာကိုပဲ စဉ်းစားပါတယ်လို့ဆိုတဲ့ အေးမြတ်သူက………….

“အေးမြတ်သူက ကောလဟလတို့ ဝေဖန်တိုက်ခိုက်ခံရတာတို့က အခုမှ မဟုတ်တာ။ အေးမြတ်သူတစ်ယောက်ထဲလည်း မဟုတ်ဘူး။ အနုပညာရှင်သမားတွေ အကုန်လုံး ပြည်သူချစ်တဲ့၊ ပရိသတ်တွေချစ်တဲ့ သူတွေအားလုံး ဝေဖန်တိုက်ခိုက်မှုက အကုန် လုံး ခံရတာပဲဆိုတော့ ကိုယ်မှ ဖြစ်တယ်ဆိုပြီး ထွေထွေထူးထူး ဝမ်းမနည်းပါဘူးရှင့်။ ဝမ်းနည်းဖို့ လည်းမလိုဘူးလေ။ ဘာမှမယူရင်မရဘူးလေ။ အေးမြတ်သူမှာ ဘာမှမရှိပါဘူး။ စိတ်ထဲမှာရှင်းပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုယ့်ကိုယ် ချစ်ခင်သောအားပေး သောသူ၊ အဓိကတော့ ကိုယ့်ကိုယ်ချစ်တဲ့ခင်တဲ့ ပတ်ဝန်းကျင်ကောင်း၊ မိတ်ဆွေ ကောင်း၊ ကိုယ့်ကိုယ်စစ်မှန်တဲ့ ချစ်ခြင်းတွေနဲ့ ချစ်နေတဲ့ ပရိသတ်တွေ ရှိနေ သရွေ့အေးမြတ်သူက အမြဲတမ်းပျော်ရွှင်တက်ကြွ နေတဲ့ မမြတ်လေး ဖြစ်နေမှာ ပါ။ ပရိသတ် ကို အကောင်းဆုံး ဖြစ်အောင် ပေးဆပ်ခြင်းက ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဖြစ်အောင် တည်ဆောက်နေခြင်းနဲ့ အတူတူပါပဲ လို့အေးမြတ်သူ ပြောလေ့ရှိပါတယ်။ အဲဒီလိုပဲ ဒီအချိန်မှာ လက်ခံထားတဲ့ အလုပ် တွေကိုပဲ ပြန်ပြီးလုပ်ဖြစ်နေပါတယ်” လို့ပြောပါတယ်။ သူကို အွန်လိုင်းပေါ်မှာ ဝေဖန်တိုက် ခိုက်တာတွေလုပ်ခံရလို့စိတ်ပူပြီး စိတ်မကောင်းဖြစ်ကြတဲ့ ပရိသတ်တွေကို အထူးကျေးဇူးတင်ပြီး သူကအရင်တုန်းကလိုအမြဲ ပြုံးပျော်နေတဲ့ အေးမြတ်သူပဲဖြစ်ကြောင်းကိုတော့……

“စစ်မှန်တဲ့ချစ်ခြင်းတရားတွေနဲ့ ပရိသတ်တွေက အေးမြတ်သူဘေးမှာ မားမား မတ်မတ် ရပ်တည်ပေးတဲ့ အတွက် အေးမြတ်သူက ဘယ်လိုမှ ပြိုလဲမသွားပါဘူး။ ပရိသတ်တွေရဲ့မေတ္တာတရားတွေကြောင့် ပရိသတ် တွေပေးတဲ့ခွန်အားတွေ ကြောင့် ပတ်ဝန်းကျင်မှာ ရပ်တည်ခွင့်ရနေတယ်။ မိတ်ဆွေကောင်းတွေရှိနေ တယ်။ ကိုယ့် ရဲ့ချစ်ခင်နှစ်သက်ရတဲ့သူတွေ ကိုယ့်ကိုယ်အားပေးနေသရွေ့၊ ကိုယ့်ကိုယ်နားလည်ပေးနေသရွေ့၊ အမြဲ တမ်းပြုံးပျော်ရွှင်မြူးပြီးအလုပ်လုပ်တဲ့နေရာမှာအမြဲတက်ကြွ နေတဲ့မမြတ်လေးက မမြတ်လေးပါပဲ” လို့ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071