Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeMusicကိုယ့်ကိုယ်ကိုယ် အိမ်ထောင်ပြုရမယ့်အရွယ်လို့ ...

ကိုယ့်ကိုယ်ကိုယ် အိမ်ထောင်ပြုရမယ့်အရွယ်လို့  မထင်သေးဘူး မိစန္ဒီ

မိစန္ဒီ က ဒီနှစ်သီတင်းကျွတ်မှာတော့ ပွင့်လင်းရာသီ လည်းဖြစ်တာကြောင့် ဂီတပွဲတွေ သီဆိုဖို့ ရှိနေပြီး ရန်ကုန်မှာထက် နယ်ပွဲတွေပဲ ပိုပြီးတော့သွားရောက်သီဆိုဖြစ်နေတယ်လို့ သိရပါတယ်။မိစန္ဒီ က စီးရီးသစ် လည်း ထွက်ရှိထားတာ မကြာသေးတဲ့အတွက် စီးရီးသစ် ထဲက သီချင်းတွေကိုရော သီဆိုဖြစ်လားလို့မေးတော့..

“တချို့ သီချင်းတွေတော့ ဆိုဖြစ်ပါ တယ်။ပရိတ်သတ်တွေနဲ့ လည်း သဟဇာတ ဖြစ်နေပါပြီ။ ဒီစီးရီးသစ်မှာက တချို့  သီချင်းတွေက ဆိုပုံဆိုပေါက်လေးတွေလည်း ပြောင်းထားတာရှိတော့ ဆိုရတာနည်းနည်းခက်တဲ့သီချင်းလေးတွေလည်းရှိတယ်။ တချို့ သီချင်းတွေတော့ လေ့ကျင့်မှု များများလုပ်ပြီး ဆိုရမယ့် သီချင်းတွေလည်း ရှိတယ်”လို့  မိစန္ဒီ က ပြောပါတယ်။

သီတင်းကျွတ်ပြီလည်းဖြစ်တာကြောင့် မိစန္ဒီအနေနဲ့ရော တစ်ကိုယ် တည်းဘဝက ကျွတ်တော့မလား ဆိုတဲ့ မိစန္ဒီရဲ့ မင်္ဂလာသတင်း ကို မေးတော့.. ‘မကြားရပါဘူး(ရယ်လျှက်) အဲ့ဒါကတော့ နောက် ဆယ် နှစ်လောက်နေတောင် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။အိမ်ထောင် ပြုဖြစ်မလားအပျိုကြီးပဲလုပ်ဖြစ်မလားဆိုတာတော့ ဖူးစာ အရပါပဲ။ အခုလောလောဆယ်ကတော့ ခုချိန်ထိ အိမ်ထောင်ပြုဖို့ ဆိုတာကို ခေါင်းထဲမှာ စဉ်းစား လို့မရဘူး။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း အိမ် ထောင်ပြုရမယ့်အရွယ်လို့ မတွေးမိသေးဘူး’ လို့ မိစန္ဒီ ကပြောပါတယ်။

မိစန္ဒီ က သူမ ရဲ့ တတိယစီးရီး အသည်းလေး စီးရီးထဲမှာ မပါဖြစ်လိုက်တဲ့ သီချင်း အချို့ ကိုလည်း အွန်လိုင်း က တစ်ဆင့် ဖြန့် ချီသွားဖို့ ရှိတယ်လို့ သိရပါတယ်။ဒီအကြောင်း ကို မိစန္ဒီ က..

“ညီမ အသဲလေး  Music Video ရိုက်ကူးဖို့လည်း ရှိသေး တယ်။ ပြီးတော့အသည်းလေး စီးရီးခွေက မပါဖြစ်လိုက်ဘဲ ကျန်ခဲ့တဲ့သီချင်းလေးတွေရှိသေးတယ်။ အဲ့ဒါလေး တွေကို လည်း အွန်လိုင်းကဖြစ်ဖြစ် ဖြန့်ချိသွားဖို့ရှိပါတယ်။ပြီးတော့ Music Video ကိုလည်း အကောင်းဆုံး ဖြစ်အောင်ရိုက် သွားဖို့  ပြင်ဆင်နေပါတယ် လို့  မိစန္ဒီ ကပြောပြခဲ့ပါတယ်။

ရဲရဲ
ဓာတ်ပုံ-အောင်ဇော်မင်း

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071