Wednesday, July 9, 2025

ရုရှားနိုင်ငံ JSC “Rosoboronexport”ကုမ္ပဏီက ငွေကျပ်သန်း(၉၀၀)ကျော်လှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သူများအတွက် ရုရှားနိုင်ငံ JSC “Rosoboronexport”ကုမ္ပဏီက ငွေကျပ်သန်း(၉၀၀)ကျော်ကို ဇူလိုင် ၈ ရက်နံနက် ၁၀ နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံလာရောက်လှူဒါန်းခဲ့သည်။ အဆိုပါ...

ငလျင်လှုပ်ပြီး ရက် (၁၀၀) ကျော်ကြာသည်အထိ...

ပြီးခဲ့သည့် မတ်လ (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်အပြီး ရက် (၁၀၀) ကျော်ကာလအထိ ပြည်သူများသည် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း...

MRF မှ ကိုရီးယားနည်းပညာဖြင့် ဆန်ခေါက်ဆွဲ...

ကိုရီးယားနည်းပညာဖြင့် ဆန်ခေါက်ဆွဲ အစိုနှင့် ဆန်ခေါက်ဆွဲ အခြောက်ထုတ်လုပ်နိုင်ရေးကို စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါ အစီအစဥ်ကို စီးပွားရေးလုပ်ငန်းရှင်များထံသို့ အသိပေး၍ စီးပွားရေးသံမှူးမှတဆင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကပြောသည်။ စီးပွားရေးနှင့်...

တရုတ်သို့ ပထမဦးဆုံးအကြိမ်အဖြစ် နာနတ်သီး (၆)...

မြန်မာနိုင်ငံတွင် စိုက်ပျိုးထွက်ရှိသည့် နာနတ်သီးကို တရုတ်နိုင်ငံမှ တင်ပို့ခွင့်ပြုပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြ စ် နာနတ်သီး (၆) တန်ကျော်တင်ပို့ထားကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ နာနတ်သီးများကို ကူမင်းအကောက်ခွန်ဌာန...
HomeCelebrities' Newsကိုယ်ကူညီနိုင် တာလေးကို ကူညီခြင်းအားဖြင့်...

ကိုယ်ကူညီနိုင် တာလေးကို ကူညီခြင်းအားဖြင့် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခြင်း တစ်မျိုးပါပဲ ထွန်းအိန္ဒြာဗို

၂ဝ၁၈ခုနှစ်မှာ မိုးကုတ်မြို့ နှစ် ရှစ်ရာပြည့်ပြီဖြစ်တဲ့အတွက် မတ်လ ၂၉၊ ၃ဝ၊ ၃၁ရက်နေ့များမှာ ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဒီပွဲအတွက် မိုးကုတ်သူ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ထွန်းအိန္ဒြာဗိုကလည်း အင်တိုက် အားတိုက် ပါဝင်ကူညီဆောင်ရွက်ပေးနေပါတယ်။ မိုးကုတ်မြို့ နှစ်ရှစ်ရာပြည့်ပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ကြောင်းကို ထွန်းအိန္ဒြာဗိုက…….

 “ကျွန်မတို့တော်တော်စည်စည်ကားကားလေးလုပ်မှာပါ။ ပွဲတော် ရက် မတိုင်ခင်ကတည်းက အားကစားပြိုင်ပွဲတွေ၊ တရားပွဲတွေလည်း လုပ် မယ်။ တရားပွဲက ဆရာတော် ဦးသုမင်္ဂလလည်း မိုးကုတ်သားပဲ။ ကျွန်မတို့ သူငယ်ချင်းပဲ။ ဒါပေမဲ့အခုတော့ ဆရာတော်ဘုရားကြီး ပေါ့။ ဆရာတော်က ဘာသာရေးနဲ့ ပတ်သက်တဲ့ ကဏ္ဍအားလုံးကို တာဝန်ယူမယ်။ အားကစားနဲ့ပတ် သက်တာကို တစ်ယောက်က တာဝန်ယူမယ်။ ကျွန်မတို့လည်း အနုပညာနဲ့ ပတ်သက်တာကို ကိုယ်တတ်နိုင်သလောက်ကူညီကြမယ်ပေါ့။

တခြား ပြိုင်ပွဲတွေလည်း အများ ကြီးလုပ်ပေးပါမယ်။ အဓိကတော့ မိုးကုတ် မြို့က ကျွန်မတို့ ငယ်ငယ်တုန်းက ကျတော့ ကျောက်တူးဖော်ရေး လုပ် ငန်းကို ပုဂ္ဂလိကအဖြစ် လုပ်ကိုင်ခွင့်ရတော့ လူတိုင်းကတအားချမ်းသာ တာမဟုတ်ပေမယ့်လည်း မပူမပင်ရ တဲ့ဘဝနဲ့နေရတယ်။ အခုနောက်ပိုင်းကျတော့ အလုပ်အကိုင်အခွင့်အလမ်းတွေက အကုန်လုံး ပိတ်ကုန် တယ်ဆို တော့ အားလုံးက အခက်အခဲတွေ ဖြစ်တာကို လည်း ကျွန်မတို့က အလုပ်အကိုင်အခွင့်အလမ်းတွေရဖို့အတွက် ဒီပွဲကြီးပြီးသွားရင် ဖောင်ဒေးရှင်း တွေ လည်း လုပ်သွားမယ်။ ပညာဆက်သင်ခွင့်တွေကအစ လုပ်နိုင်တာ လေးတွေ လုပ်သွားမယ်။ ကိုယ့်မြို့ကို ကျေးဇူးဆပ်တဲ့သဘောပါ။ ကျွန်မတို့က ကိုယ်ကူညီနိုင်တာလေးကို ကူညီခြင်းအားဖြင့် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခြင်းတစ်မျိုးပါပဲလို့ ခံယူပါတယ်” လို့ပြောပါတယ်။  မိုးကုတ်သူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ဇာတိမြို့လေးကို ဘယ်လို ဖွံ့ ဖြိုးတိုးတက်စေချင်လဲဆိုတာကို တော့ ထွန်းအိန္ဒြာဗိုက…………………………….

“ကျွန်မကတော့ ကျွန်မတို့ တိုင်းပြည်မှာ Tourism ကို တအားတိုးတက်စေချင်တယ်။ ဒါကစီး ပွားဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမြန်ဆုံးနဲ့ အနီးစပ်ဆုံးဖြစ်လိမ့်လို့ ထင်တယ်။ ဒါကျွန်မတစ်ယောက် တည်းရဲ့အမြင်ပါ။ ကျွန်မတို့ နိုင်ငံမှာ ရေမြေသဘာဝတွေ တော်တော်ကြွယ် ဝတယ်။ ကျွန်မတို့ အိမ်နီးချင်းနိုင်ငံ တွေမှာ ဆိုရင် Tourist Attraction  နေရာလေးတွေ ဘာမှမဟုတ်တာ လေးကို ကြီးကြီးကျယ်ကျယ်လုပ်ပြီး ပိုက်ဆံယူတယ်။ ကျွန်မတို့မှာ တကယ့်အစစ်အမှန်သူတို့ ထက်ကြီး ကျယ်တာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ မဖော်ထုတ်နိုင်တာရော Infrastructure တွေ အားနည်းတာ ရော နောက်ပြီး လမ်းပန်းဆက်သွယ် ရေး ကိစ္စတွေ ရောကြောင့် နည်းနည်း အခက်အခဲတွေ့နေရတယ်။ အဲဒါလေးတွေ အားစိုက်လိုက်ရင် ခရီး သွားတွေ ဝင်လာတဲ့အတွက် နိုင်ငံ ခြား ဝင်ငွေတွေလည်း အများ ကြီးရနိုင်တယ်။ ပြည်သူတွေလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ဒါနဲ့ ဆက်စပ်ပြီးတော့ ရနိုင်မယ်လို့ ထင်ပါတယ်”  လို့ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071