(Unicode)
ကိုမင်းသွေးသစ်ကို ထောင်ဒဏ်တစ်နှစ်ချ
ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက ထိန်းသိမ်းခြင်းခံထားရတဲ့ ကိုမင်းသွေးသစ်ကို ဒီကနေ့ ဒီဇင်ဘာ ၃၀မှာ အင်းစိန်အထူးတရားရုံးက ထောင်၁နှစ်ကျခံစေဖို့ အမိန့်ချလိုက်တယ်လို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။
“ချုပ်ရက်တွေကို ထုတ်နှုတ်ခံစားခွင့်ရှိတယ်လို့ အမိန့်ချလိုက်တော့ လာမယ့် ဖေဖော်ဝါရီဆိုရင်ပဲ ၁နှစ်ပြည့်တော့မယ်လေ”လို့ သူ့ရဲ့ ရှေ့နေကပြောပြပါတယ်။
ကိုမင်းသွေးသစ်ဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း တစ်ဦးဖြစ်ပါတယ်။
ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဉ် စီမံခန့်ခွဲမှု ဆိုင်ရာဥပဒေပုဒ်မ (၉၅)နဲ့ အမိန့်ချလိုက်တာလို့သိရပါတယ်။
ယခုရက်ထဲမှာပဲ ဗကသဒုတိယဥက္ကဌအပါအဝင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အချို့ထောင်ဒဏ်ချမှတ်ခံနေရတာရှိပါတယ်။
(Zawgyi)
ကိုမင္းေသြးသစ္ကို ေထာင္ဒဏ္တစ္ႏွစ္ခ်
ေဖေဖာ္ဝါရီလ (၁) ရက္ေန႔ကတည္းက ထိန္းသိမ္းျခင္းခံထားရတဲ့ ကိုမင္းေသြးသစ္ကို ဒီကေန႔ ဒီဇင္ဘာ ၃၀မွာ အင္းစိန္အထူးတရား႐ုံးက ေထာင္၁ႏွစ္က်ခံေစဖို႔ အမိန႔္ခ်လိုက္တယ္လို႔ သူ႔ရဲ႕ ေရွ႕ေနက ေျပာပါတယ္။
“ခ်ဳပ္ရက္ေတြကို ထုတ္ႏႈတ္ခံစားခြင့္ရွိတယ္လို႔ အမိန႔္ခ်လိုက္ေတာ့ လာမယ့္ ေဖေဖာ္ဝါရီဆိုရင္ပဲ ၁ႏွစ္ျပည့္ေတာ့မယ္ေလ”လို႔ သူ႔ရဲ႕ ေရွ႕ေနကေျပာျပပါတယ္။
ကိုမင္းေသြးသစ္ဟာ ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ား အဖြဲ႕ခ်ဳပ္ ဗဟိုလုပ္ငန္းေကာ္မတီဝင္ေဟာင္း တစ္ဦးျဖစ္ပါတယ္။
ယာဥ္အႏၲရာယ္ကင္းရွင္းေရးနဲ႔ ေမာ္ေတာ္ယာဥ္ စီမံခန႔္ခြဲမႈ ဆိုင္ရာဥပေဒပုဒ္မ (၉၅)နဲ႔ အမိန႔္ခ်လိုက္တာလို႔သိရပါတယ္။
ယခုရက္ထဲမွာပဲ ဗကသဒုတိယဥကၠဌအပါအဝင္ ေက်ာင္းသားသမဂၢအဖြဲ႕ဝင္အခ်ိဳ႕ေထာင္ဒဏ္ခ်မွတ္ခံေနရတာရွိပါတယ္။