ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသူ (၂၃၄)ဦးနှင့်သေဆုံးဟူ (၂) ဦးရှိ ၊ ကာကွယ်ဆေးထိုးနှံခြင်းတွင် ပူးပေါင်းပါဝင်ကြရန် ကျန်းမာရေး ဝန်ကြီးဌာန တိုက်တွန်း
ယနေ့ စက်တင်ဘာလ (၁၈) ရက် ကျန်းမာရေး ဝန်ကြီးဌာ န၏ သတင်းထုတ်ပြန်ချက်အရ ကိုဗစ် ၁၉ ရောဂါ ကူးစ က်ခံရသူ (၂၃၄) ဦး ရှိကြောင်း သိရသည်။
အဆိုပါ ကူးစက်ခံရသူများသည် စက်တင်ဘာလ (၁၇) ရက် ည(၈)နာရီမှ (၁၈) ရက် ည(၈) နာရီအထိ သံသယလူနာ (၉,၅၃၃) ဦးကို စစ်ဆေးခဲ့ရာမှ တွေ့ရှိရသည့် အ တည်ပြု လူနာများ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ယနေ့အထိ ကိုဗစ် သံသယလူနာ (၈,၉၂ ၄,၅၀၃) ခုအား စစ်ဆေးခဲ့ပြီး အတည်ပြုလူနာ စုစုပေါင်း (၆၁၈,၈၉၈) ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၂၁၉) ဦးရှိသည့်အတွက် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၉၅,၃၈၅) ဦး ရှိကာ သေဆုံးသူ (၂) ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၄၆) ဦး ရှိကြောင်း သိရသည်။
ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ စက် တင်ဘာလ (၁၇) ရက်အထိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစုစုပေါင်း (၃၀,၄၈၉,၇၃၄) ဦးနှင့် အသက် (၁၈) နှစ် အောက် လူဦးရေစုစုပေါင်း (၆,၅၄၉,၇၃၀) ဦး တို့အား ထိုးနှံထားရှိပြီး ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသူအများစုနှင့် ကိုဗစ်ကြောင့် သေဆုံးသူအများစုမှာ ကာကွယ် ဆေး ထိုးနှံထားခြင်းမရှိသူများဖြစ်နေသည့်အတွက် ရော ဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ် တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တိုက် တွန်းထားသည်။