Saturday, June 21, 2025

အမျိုးသား(၅)ဦးနှင့် တရားမဝင်ဓာတုပစ္စည်း (Glacial Acetic...

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည...

သီတဂူစက္ခုဒါန ဆေးရုံတွင် မျက်စိကုသရန် စာရင်းပေးသွင်းသူ...

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအတွက် ယနေ့ ဇွန် ၂၀ ရက်(တစ်ရက်တည်း)ဖြင့် စာရင်းပေးသွင်းသူ(၁,၂၀၀)ဦးကျော်ရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘေလီတံတားအဆင်း ပါရမီလမ်း၊...

နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံ

ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်တို့ ယနေ့ ဇွန် ၂၀...

တောင်ဥက္ကလာဂေါက်ကွင်းရှေ့တွင် ကားနှစ်စီးတို-က် တစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာဂေါက်ကွင်းရှေ့တွင် ယနေ့ ဇွန် ၂၀ ရက်ညနေ ၅ နာရီခွဲခန့်က ကားနှစ်စီးတို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းမကြီးပေါ်ရှိ...
HomeInternationalကိုဗစ်အလွန် အေဒ့်စ် ၊...

ကိုဗစ်အလွန် အေဒ့်စ် ၊ တီဘီနှင့်ငှက်ဖျားတိုက်ဖျက်ရေးများ တဖန်ဦးမော့လာသော်လည်း လုံလောက်မှုမရှိသေးဟုဆို

ကိုဗစ်အလွန် အေဒ့်စ် ၊ တီဘီနှင့်ငှက်ဖျားတိုက်ဖျက်ရေးများ တဖန်ဦးမော့လာသော်လည်း လုံလောက်မှုမရှိသေးဟုဆို

လန်ဒန်၊စက်တင်ဘာ ၁၂

၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်ကပ်ရောဂါနှင့်ပြင်းထန်စွာကြုံတွေ့ခဲ့ရပြီးနောက် ၂၀၂၁ တွင် အေဒ့်စ် ရောဂါ၊တီဘီရောဂါနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးကြိုးပမ်းမှုများသည် ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း ကမ္ဘာကြီးအနေဖြင့် အဆိုပါရောဂါဆိုးကြီး သုံးမျိုးကို နှိမ်နင်းနိုင်သည့်လမ်းကြောင်းပေါ်သို့မရောက်သေးကြောင်း အစီရင်ခံစာတစ်ရပ်အရသိရှိရသည်။

အေဒ့်စ် ၊ တီဘီနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေး ကမ္ဘာ့ရန်ပုံငွေအဖွဲ့၏ စက်တင်ဘာလ ၁၂ ရက် တနင်္လာနေ့ကထုတ်ပြန်သော ၂၀၂၂ ခုနှစ်အတွက်အစီရင်ခံစာတွင်မူ အဆိုပါရောဂါများအားကာကွယ်ရန်နှင့် ကုသရန်ရောက်ရှိလာသူလူဦးရေသည် ၂၀၂၀ ပြည့်နှစ်ကနှစ်ပေါင်း ၂၀ နီးပါးအတွင်းပထမဆုံးအကြိမ်အနေဖြင့် ကျဆင်းမှုများရှိခဲ့သော်လည်း ယမန်နှစ်ကတစ်ဖန်ပြန်မြင့်တက်လာခဲ့သည်။

“နိုင်ငံအများစုက ၂၀၂၀ ရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ ရောဂါဆိုးကနေ မူလအတိုင်းပြန်လည် တိုက်ဖျက်နိုင်ဖို့ ကောင်း ကောင်းလုပ်ပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့်ဒါဟာကျွန်တော်တို့ ဖြစ်ချင်ရောက်ချင်တဲ့နေရာမဟုတ်သေးပါဘူး၊တကယ်တမ်းတော့ အေဒ့်စ် တို့၊တီဘီတို့၊ငှက်ဖျားတို့နဲ့သေဆုံးမှုတွေက များနေဆဲပါပဲ” ဟု ပြီးခဲ့သည့်အပတ်က ရိုက်တာသတင်းဌာနနှင့်အင်တာဗျူးတွင် မစ္စတာပီတာဆန်ကပြောကြားခဲ့သည်။

ဥပမာအားဖြင့် တီဘီရောဂါကုသသည့် လူနာအရေအတွက်သည် ၂၀၂၀ ပြည့်နှစ်တွင် ၁၉ ရာခိုင်နှုန်းအထိကျဆင်းသွားပြီး ၄ ဒသမ ၅ သန်းအထိရှိခဲ့ပြီး ကပ်ရောဂါအကြိုကာလတွင် ၅ ဒသမ ၅ သန်းအောက်တွင်သာရှိသေးကာ ၂၀၂၁ ခုနှစ်တွင် ၎င်းသည် ၅ ဒသမ ၃ သန်းသို့ပြန်လည်မြင့်တက်လာခဲ့သည်။ထပ်မံ၍မစ္စတာဆန်က ရုရှား – ယူကရိန်းအရေးကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကလည်း အခြေအနေကိုပိုမိုဆိုးရွားစေနိုင်သည်ဟုသတိပေးခဲ့သည်။

“ကူးစက်ရောဂါများရဲ့သဘောသဘာဝအရ အာဟာရချို့တဲ့သူတွေအတွက် ပိုပြီးသေဆုံးနိုင်ချေမြင့်မားစေပြီး ကုသမှုနဲ့ကာကွယ်မှုတွေကလည်း အဲ့လိုအခြေအနေမျိုးမှာ မထိရောက်နိုင်ပါဘူး။ ဒါကြောင့် ရန်ပုံငွေဟာ အသက်တွေကိုဆက်လက်ကယ်တင်နိုင်ဖို့အတွက် အရင်ကထက်ပိုပြီး အာဟာရထောက်ပံ့မှုပေးနိုင်ဖို့ မိတ်ဖက်တွေနဲ့ပိုမိုလက်တွဲလုပ်ဆောင်ရပါလိမ့်မယ်” ဟု ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

ရန်ပုံငွေအဖွဲ့၏နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုကြောင့် ၂၀၀၂ ခုနှစ်စတင်တည်ထောင်ချိန်မှစ၍ လူပေါင်းသန်း ၅၀ ခန့်အားကယ်တင်နိုင်ခဲ့ကြောင်း အစီရင်ခံစာတွင်ခန့်မှန်းထားသည်။အဆိုပါအဖွဲ့သည် ၎င်း၏အဓိကနေရာများတွင် ကိုဗစ်၏အကျိုးသက်ရောက်မှုကို လျော့ပါးစေရန်နှင့် ကူးစက်ရောဂါကိုတိုက်ဖျက်နိုင်ရန်၂၀၂၀ ပြည့်နှစ်မတ်လမှစကာ ကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံ အထိသုံးစွဲခဲ့သည်ဟုဆိုသည်။

၎င်း၏လုပ်ငန်းကိုဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့သည် လာမည့်သုံးနှစ်ရန်ပုံငွေအတွက် အစိုးရများ၊အရပ်ဘက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ကန်ဒေါ်လာ ၁၈ ဘီလီယံ တိုးမြှင့်ရရှိရန် ရည်မှန်းထားသည်။ယခုအချိန်ထိ စုစုပေါင်းရည်မှန်းပမာဏ၏ သုံးပုံတစ်ပုံကျော်ကို စုဆောင်းထားပြီးဖြစ်ကာ လာမည့်သီတင်းပတ်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကလက်ခံကျင်းပမည့် ကတိပြုအစည်းအဝေးတစ်ခုပြုလုပ်ရန်အစီအစဉ်များလည်းရှိသည်ဟုဖော်ပြထားသည်။

Source –Reuters/vc

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမျိုးသား(၅)ဦးနှင့် တရားမဝင်ဓာတုပစ္စည်း (Glacial Acetic Acid) ၂၅၅၀၀ လီတာကိုဖမ်းမိ

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည ၆ နာရီခွဲခန့်က ပျော်ဘွယ်မြို့နယ်၊ သပြေရိုးကျေးရွာ၌ စိုးသက်ပိုင်အား အထောက်ထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၃၀ လီတာစီပါ ပလတ်စတစ်ပုံး(၈၅ဝ)ပုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ယင်း ဓာတုပစ္စည်းများကို သိမ်းဆည်းရန် အခကြေးငွေပေး၍စေခိုင်းသူ ဇော်လင်းဦးအား ဇွန် ၁၀ ရက်၊ ဓာတုပစ္စည်းများအား ရန်ကုန်မြို့မှပျော်ဘွယ်မြို့သို့ တာဝန်ခံသယ်ဆောင်သူကျော်မြင့်ဦး(ခ)ဖိုးကျော်(ခ)ဖြိုးကျော်အား ဇွန်...

သီတဂူစက္ခုဒါန ဆေးရုံတွင် မျက်စိကုသရန် စာရင်းပေးသွင်းသူ (၁,၂၀၀)ဦးကျော်ရှိခဲ့

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအတွက် ယနေ့ ဇွန် ၂၀ ရက်(တစ်ရက်တည်း)ဖြင့် စာရင်းပေးသွင်းသူ(၁,၂၀၀)ဦးကျော်ရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘေလီတံတားအဆင်း ပါရမီလမ်း၊ ပင်လုံလမ်းနှင့် ဦးဝိစာရလမ်းဆုံမီးပွိုင့်နှင့် နာရီစင်မှတ်တိုင်အနီးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ပြုလုပ်မည့် သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူ၌ လာရောက်ကုသမှုခံယူလိုသူ များအား ဇွန် ၂၀ ရက်နံနက် ၇ နာရီမှစတင်၍ စာရင်းပေးသွင်းရန် ကြေညာထားခဲ့သည်။ ထိုသို့ ကြေညာထားသော်လည်း နံနက် ၄ နာရီမှစတင်ကာ တန်းစီစောင့်ဆိုင်းနေကြသူများရှိခဲ့ပြီး ကုသမှုခံယူလိုသူများပြားသဖြင့် တစ်ရက်တည်း၌ပင် လူဦးရေ(၁,၂၀၀)ကျော်သွားခဲ့၍ စာရင်းပိတ်ခဲ့ကြောင်း...

နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံ

ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်တို့ ယနေ့ ဇွန် ၂၀ ရက်နံနက် ၁၀ နာရီခွဲက နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးဦးကိုကိုကျော်သည်လည်း ယနေ့ ဇွန် ၂၀ ရက်မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနနှင့် ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန် ကြီးဌာန၊ အာရှနှင့် ပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေးဌာနတို့ကြား တွေ့ဆုံဆွေးနွေးပွဲတက်ရောက်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071