Thursday, February 12, 2026

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း UEC...

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍...

မီးလောင်မှုကြောင့် ထိခို-က်ဒ-ဏ်ရာရခဲ့သည့် မြန်မာအလုပ်သမား(၇)ဦး ဆေးကုသမှုခံယူနေစဥ်...

မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌...

မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ...

ရင်ခုန်နေကြသည့် ချစ်သူများနေ့

ချစ်သူများနေ့ရောက်ရှိတော့မည်ဖြစ်ရာ ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများ၌ ချစ်သူများနေ့အထိမ်းအမှတ်ပစ္စည်းများရောင်းချလျက်သည့် မြင်ကွင်းများ
HomeNewsLocal News"ကိုဗစ်"ဖြစ်ပွားချိန်နှင့်"မိုခါ"ကျရောက်ချိန်တို့၌ ကုလအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏...

“ကိုဗစ်”ဖြစ်ပွားချိန်နှင့်”မိုခါ”ကျရောက်ချိန်တို့၌ ကုလအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူညီနည်းပါးခဲ့ခြင်းကို နစက ဥက္ကဋ္ဌနှင့် UNOCHA အကြီးအကဲတို့ဆွေးနွေး

မြန်မာနိုင်ငံတွင် ကိုဗစ်(၁၉)ရောဂါဖြစ်ပွားချိန်နှင့်”မိုခါ”မုန်တိုင်းဒဏ်သင့်ချိန်တို့၌ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီပေးမှုများနည်းပါးခဲ့သည်ဟု နစက ဥက္ကဋ္ဌမှ UNOCHA အကြီးအကဲနှင့်တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌမှ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့်အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးနှင့်ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)၏ အကြီးအကဲဖြစ်သူ Under Secretary General Mr.Martin Griffiths အား သြဂုတ် ၁၅ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့၍ တပ်မတော်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ခဲ့မှုတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နစက အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်နေမှု၊ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်ဆောင်ရွက်နေမှု၊တိုင်းရင်းသားဒေသများ ဖွံဖြိုးတိုးတက်ရေးဆောင်ရွက်ရန်လိုအပ်လျက်ရှိမှု၊မြန်မာနိုင်ငံ၏ အခြေ အနေအရပ်ရပ်နှင့်ပတ်သက်၍ နိုင်ငံတကာတွင် သတင်းမှားများ ပြန့်နှံလျက်ရှိမှုနှင့်နိုင်ငံတကာမှ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အခြေအနေမှန်များသိရှိရန် လိုအပ်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉) ရောဂါဖြစ်ပွားချိန်နှင့်”မိုခါ”မုန်တိုင်းဖြစ်ပွားချိန်တို့တွင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီပေးမှုများ နည်းပါးခဲ့မှု၊လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရန်လည်း ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း UEC ထုတ်ပြန်

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ အပိုင်းလိုက်ကျင်းပခဲ့ရာ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီးပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။ ထိုသို့ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန် ပြည်တွင်း/ပြည်ပမှ ကြိုတင်ဆန္ဒမဲပေးခဲ့ကြသူများ၊ မဲရုံသို့ကိုယ်တိုင်လာရောက်၍ ဆန္ဒမဲပေးခဲ့ကြသည့် မဲဆန္ဒရှင်များအားအထူးကျေးဇူးတင်ပြီး မှတ်တမ်းတင်ဂုဏ်ပြုသည်ဟု UEC ကအသိပေးခဲ့သည်။ ထို့ပြင် စေတနာစွမ်းအား၊ ဉာဏ်ပညာစွမ်းအား၊ ဝီရိယစွမ်းအားများဖြင့် နိုင်ငံတော်တာဝန်တစ်ရပ်အဖြစ် အား သွန်ခွန်စိုက် တာဝန်ကျေပွန်စွာပူးပေါင်းပါဝင်ဆောင် ရွက်ခဲ့ကြသည့်...

မီးလောင်မှုကြောင့် ထိခို-က်ဒ-ဏ်ရာရခဲ့သည့် မြန်မာအလုပ်သမား(၇)ဦး ဆေးကုသမှုခံယူနေစဥ် လစာအပြည့်အဝရရှိမည်

မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌ ထိခို-က်ဒ-ဏ်ရာများရရှိခဲ့သဖြင့် Vichavej International Hospital နှင့် Mahachai 2 Hospital တို့တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးမှ အလုပ်သမားသံမှူးက မြန်မာအလုပ်သမားများအားတွေ့ဆုံအားပေးပြီးနောက် စက်ရုံ၏ HR Manager နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးမှုများအရ ကုမ္ပဏီဘက်မှ ထိခို-က်ဒ-ဏ်ရာရသူ များအတွက်...

မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ မဟာသင်္ကြန်ရုံးပိတ်ရက်အပါအဝင် ၈၆ ရက်ကြာ ကျင်းပလျက်ရှိသည်။ " လမ်းခရီးကအဆင်ပြေတယ်။ နည်းနည်းပါးပါးစစ်တာတော့ရှိတာပေါ့။ ဟိုမှာလည်း တည်းခိုရတာအဆင်ပြေတယ်။ သွားလို့ရတယ်။ အေးအေးဆေးဆေးပါပဲ" ဟု ဘုရာဖူးပြည်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ထို့ပြင်အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရဟန်းရှင်လူပြည်သူများဖြင့် စိတ်အေးချမ်းသာစွာ တည်းခိုနိုင်ရန် တည်းခိုဆောင်ခန်းပေါင်း ၅၀၀ ကျော်နှင့် ဈေးဆိုင်ခန်း ၇၀၀ ကျော်ကို မန်းချောင်းသောင်ပြင်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071