Thursday, February 13, 2025

ရုရှားသည်၅နှစ်အတွင်းဥရောပတွင်စစ်ပွဲဆင်နွှဲနိုင်ကြောင်းဒိန်းမတ်သတိပေး

ဖေဖော်ဝါရီ ၁၁ အကယ်၍ မော်စကိုသည် နေတိုးကို အားနည်းသည်ဟု ယူဆပါက မော်စကိုသည် ဥရောပတွင် ငါးနှစ်အတွင်း “အကြီးစားစစ်ပွဲ” တစ်ခုကိုဆင်နွှဲရန် အသင့်ဖြစ်နိုင်သည်ဟု ဒိန်းမတ်...

ရုရှားကအမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကိုပြန်လွှတ်ပေး

မော်စကို၊ဖေဖော်ဝါရီ ၁၂ ရုရှားနိုင်ငံ၌ မူ-းယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုနှင့် လက်ဝယ်တွေ့ရှိမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကို အမေရိကသို့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာမီဒီယာများတွင်ဖော်ပြခဲ့သည်။ "လွှတ်ပေးလိုက်တာတော့သေချာပါတယ်။ဒါပေမဲ့ ဘယ်လမ်းကနေဘယ်လိုပြန်ပို့သွားတယ်၊ခေါ်သွားတယ်ဆိုတာတော့ကျွန်တော်တို့လဲမသိရပါဘူး" ဟု ဖိုဂယ်လ်၏ရှေ့နေကပြောကြားခဲ့ပြီး...

တရုတ်နှင့်အာဆီယံအကြီးတန်းအရာရှိများ ဆွေးနွေးပွဲကျင်းပမည်

ပေကျင်း၊ဖေဖော်ဝါရီ ၁၁ ဖေဖော်ဝါရီ လ ၁၂ ရက် နေ့မှ ၁၄ ရက် နေ့အထိကျင်းပမည့် ၃၁ ကြိမ်မြောက် တရုတ်-အာဆီယံ အကြီးတန်းအရာရှိများ...

ဇယ်လန်းစကီက ပူတင်နှင့် နယ်မြေဒေသလဲလှယ်ရန် ကမ်းလှမ်း

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၁၁ ယူကရိန်းသမ္မတ ဗိုလော်ဒီမီ ဇလန်းစကီး သည် အကယ်၍အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သာ ရုရှားနှင့် ယူကရိန်းကို စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းသို့...
HomeNewsLocal Newsကိုဗစ်ထိန်းချုပ်နိုင်ပြီဖြစ်၍ နယ်စပ်ကုန်သွယ်ရေးစခန်းများဖွင့်နိုင်ရေး မြန်မာဘက်က...

ကိုဗစ်ထိန်းချုပ်နိုင်ပြီဖြစ်၍ နယ်စပ်ကုန်သွယ်ရေးစခန်းများဖွင့်နိုင်ရေး မြန်မာဘက်က ကြိုးပမ်းနေ

(Unicode)

ကိုဗစ်ထိန်းချုပ်နိုင်ပြီဖြစ်၍ နယ်စပ်ကုန်သွယ်ရေးစခန်းများဖွင့်နိုင်ရေး မြန်မာဘက်က ကြိုးပမ်းနေ

ယခုနှစ်၏ ကုန်သွယ်ရေးအခြေအနေမှာ အခြေအနေအကောင်းဘက်တွင် ရှိနေကြောင်းနှင့် လက်ရှိမြန်မာတွင် ကိုဗစ်ထိန်းချုပ်နိုင်နေပြီဖြစ်၍ ယာယီပိတ်ထားသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများ ပြန်ဖွင့်နိုင်ရေး ကြိုပမ်းနေကြောင်း နစက ဥက္ကဋ္ဌက ၎င်း၏ (၉)လပြည့် မိန့်ခွန်းတွင် ထည့်သွင်းဆိုသည်။

“ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်းမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၉၅၈၅.၁၄၉ ရှိခဲ့ပါတယ်။ အဲ့ဒီမှာ ပင်လယ် ရေကြောင်းက ကုန်သွယ်မှု ပမာဏ ၁၉၈၃၂.၁၃၁ သန်း၊ နယ်စပ်ကနေပြီး တော့ ၉၇၅၃.၀၈၁ သန်းဖြစ်ပါတယ်။ အဲ့ဒီမှာ ပို့ကုန်၊ သွင်းကုန် ပြန်ယှဉ်ကြည့်မယ် ဆိုလို့ရှိရင် ပို့ကုန်က ၁၄၉၂၇.၀၆၅ သန်း ဖြစ်ပြီးတော့ သွင်းကုန်က ၁၄၆၅၈.၀၈၄ သန်းဖြစ်တဲ့အတွက်ကြောင့် ကုန်သွယ်မှု ပိုငွေ ၂၆၈.၉၈ သန်း ဖြစ်တာကို တွေ့ပါတယ်။ ကာလတူမှာ ကုန်သွယ်မှုအနေနဲ့ လိုငွေ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၁၆၃၈.၇၄၉ သန်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ကုန်သွယ်မှုနဲ့ပတ်သက်ပြီး အခြေအနေ ကောင်းတယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်”ဟု လက်ရှိ နိုင်ငံ၏ ကုန်သွယ်မှုအခြေအနေကို ရှင်းပြသည်။

လက်ရှိတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုက အခြေအနေကောင်းနေသော်လည်း နယ်စပ်ကုန်သွယ်ရေးမှာမူ ကျဆင်းလျှက်ရှိနေကာ အဓိက အားဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်နေသော နယ်စပ်စခန်းများမှာ ကိုဗစ်ကပ်ရောဂါဆိုင်ရာ ပစ္စည်းများမှလွဲ၍ ကျန်ကုန်ပစ္စည်းများ အဝင်အထွက်မရှိဘဲ ဖြစ်နေသည်ဟု နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သည်များကပြောကြသည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သည်တစ်ဦးက “အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးက ရပ်နေတယ်။ရပ်နေတော့ အလုပ်သမားတွေ၊ယာဉ်မောင်းတွေ၊ကုန်တင်ကုန်ချသမားတွေ ထောင်နဲ့ချီပြီး အလုပ်လက်မဲ့ ဖြစ်ကုန်ကြတယ်။နောက်တစ်ခုက ကြံရာသီ လာတော့မယ်။နယ်စပ်ကုန်သွယ်မှု ရပ်နေရင် စိုက်ပျိုးရေးတောင်သူတွေ အခက်အခဲ ဖြစ်ကြမယ်။မြန်မြန်ဖွင့်လေ ကောင်းလေပဲ”ဟု ပြောသည်။

တရုတ်နယ်စပ် ကုန်သွယ်ရေး ကိစ္စက မြန်မာနယ်စပ်တွင် ကိုဗစ်ဖြစ်ပွားမှုနှုန်း များပြားနေသည့်အတွက် ကြောင့် မြန်မာ ပို့ကုန်များကို တရုတ်နိုင်ငံက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှု မူဝါဒဖြင့် ကန့်သတ်ခဲ့၍ မပို့နိုင်ခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌက “ အခု ကိုဗစ် ထိန်းချုပ်မှု အားကောင်းလာပြီ ဖြစ်တဲ့အတွက်ကြောင့် နယ်စပ်ကုန်သွယ်ရေး မြှင့်တင်၊ ဖွင့်နိုင်ရေးအတွက်လည်း ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ အဲ့ဒီတော့ နယ်စပ်ဒေသတွေမှာ ရှိနေတဲ့ မြို့နယ်များအနေနဲ့ ကိုဗစ်ရောဂါ ထိန်းချုပ်မှု ကို ယခုထက်ပိုမိုပြီးတော့မှ တင်းတင်းကြပ်ကြပ် အလေးထားဆောင်ရွက်သွားမယ် ဆိုလို့ရှိရင် နယ်စပ်ကုန်သွယ်ရေးဟာ အရှိန်အဟုန်နဲ့ တိုးတက်လာမှာဖြစ်ကြောင်း ကျွန်တော်ပြောလိုပါတယ်”ဟု ပြောဆိုထားသည်။

(Zawgyi)

ကိုဗစ္ထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္၍ နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားဖြင့္ႏိုင္ေရး ျမန္မာဘက္က ႀကိဳးပမ္းေန

ယခုႏွစ္၏ ကုန္သြယ္ေရးအေျခအေနမွာ အေျခအေနအေကာင္းဘက္တြင္ ရွိေနေၾကာင္းႏွင့္ လက္ရွိျမန္မာတြင္ ကိုဗစ္ထိန္းခ်ဳပ္ႏိုင္ေနၿပီျဖစ္၍ ယာယီပိတ္ထားသည့္ နယ္စပ္ကုန္သြယ္ေရးစခန္းမ်ား ျပန္ဖြင့္ႏိုင္ေရး ႀကိဳပမ္းေနေၾကာင္း နစက ဥကၠ႒က ၎၏ (၉)လျပည့္ မိန႔္ခြန္းတြင္ ထည့္သြင္းဆိုသည္။

“ ၿပီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘ႑ာေရးႏွစ္ အတြင္းမွာ အေမရိကန္ေဒၚလာ သန္းေပါင္း ၂၉၅၈၅.၁၄၉ ရွိခဲ့ပါတယ္။ အဲ့ဒီမွာ ပင္လယ္ ေရေၾကာင္းက ကုန္သြယ္မႈ ပမာဏ ၁၉၈၃၂.၁၃၁ သန္း၊ နယ္စပ္ကေနၿပီး ေတာ့ ၉၇၅၃.၀၈၁ သန္းျဖစ္ပါတယ္။ အဲ့ဒီမွာ ပို႔ကုန္၊ သြင္းကုန္ ျပန္ယွဥ္ၾကည့္မယ္ ဆိုလို႔ရွိရင္ ပို႔ကုန္က ၁၄၉၂၇.၀၆၅ သန္း ျဖစ္ၿပီးေတာ့ သြင္းကုန္က ၁၄၆၅၈.၀၈၄ သန္းျဖစ္တဲ့အတြက္ေၾကာင့္ ကုန္သြယ္မႈ ပိုေငြ ၂၆၈.၉၈ သန္း ျဖစ္တာကို ေတြ႕ပါတယ္။ ကာလတူမွာ ကုန္သြယ္မႈအေနနဲ႔ လိုေငြ ၿပီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အတြင္းမွာ အေမရိကန္ေဒၚလာ ၁၆၃၈.၇၄၉ သန္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီႏွစ္မွာ ကုန္သြယ္မႈနဲ႔ပတ္သက္ၿပီး အေျခအေန ေကာင္းတယ္လို႔ ကြၽန္ေတာ္ ေျပာႏိုင္ပါတယ္”ဟု လက္ရွိ ႏိုင္ငံ၏ ကုန္သြယ္မႈအေျခအေနကို ရွင္းျပသည္။

လက္ရွိတြင္ ပင္လယ္ေရေၾကာင္းကုန္သြယ္မႈက အေျခအေနေကာင္းေနေသာ္လည္း နယ္စပ္ကုန္သြယ္ေရးမွာမူ က်ဆင္းလွ်က္ရွိေနကာ အဓိက အားျဖင့္ တ႐ုတ္ႏိုင္ငံႏွင့္ ကုန္သြယ္မႈျပဳလုပ္ေနေသာ နယ္စပ္စခန္းမ်ားမွာ ကိုဗစ္ကပ္ေရာဂါဆိုင္ရာ ပစၥည္းမ်ားမွလြဲ၍ က်န္ကုန္ပစၥည္းမ်ား အဝင္အထြက္မရွိဘဲ ျဖစ္ေနသည္ဟု နယ္စပ္ကုန္သြယ္ေရးစခန္းမွ ကုန္သည္မ်ားကေျပာၾကသည္။

မူဆယ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ ကုန္သည္တစ္ဦးက “အခုက ဘယ္လိုျဖစ္ေနလဲဆိုေတာ့ ျမန္မာ-တ႐ုတ္ နယ္စပ္ကုန္သြယ္ေရးက ရပ္ေနတယ္။ရပ္ေနေတာ့ အလုပ္သမားေတြ၊ယာဥ္ေမာင္းေတြ၊ကုန္တင္ကုန္ခ်သမားေတြ ေထာင္နဲ႔ခ်ီၿပီး အလုပ္လက္မဲ့ ျဖစ္ကုန္ၾကတယ္။ေနာက္တစ္ခုက ႀကံရာသီ လာေတာ့မယ္။နယ္စပ္ကုန္သြယ္မႈ ရပ္ေနရင္ စိုက္ပ်ိဳးေရးေတာင္သူေတြ အခက္အခဲ ျဖစ္ၾကမယ္။ျမန္ျမန္ဖြင့္ေလ ေကာင္းေလပဲ”ဟု ေျပာသည္။

တ႐ုတ္နယ္စပ္ ကုန္သြယ္ေရး ကိစၥက ျမန္မာနယ္စပ္တြင္ ကိုဗစ္ျဖစ္ပြားမႈႏႈန္း မ်ားျပားေနသည့္အတြက္ ေၾကာင့္ ျမန္မာ ပို႔ကုန္မ်ားကို တ႐ုတ္ႏိုင္ငံက ကိုဗစ္-၁၉ ေရာဂါ ထိန္းခ်ဳပ္မႈ မူဝါဒျဖင့္ ကန႔္သတ္ခဲ့၍ မပို႔ႏိုင္ခဲ့ျခင္းျဖစ္သည္။

နစက ဥကၠ႒က “ အခု ကိုဗစ္ ထိန္းခ်ဳပ္မႈ အားေကာင္းလာၿပီ ျဖစ္တဲ့အတြက္ေၾကာင့္ နယ္စပ္ကုန္သြယ္ေရး ျမႇင့္တင္၊ ဖြင့္ႏိုင္ေရးအတြက္လည္း ကြၽန္ေတာ္တို႔ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိပါတယ္။ အဲ့ဒီေတာ့ နယ္စပ္ေဒသေတြမွာ ရွိေနတဲ့ ၿမိဳ႕နယ္မ်ားအေနနဲ႔ ကိုဗစ္ေရာဂါ ထိန္းခ်ဳပ္မႈ ကို ယခုထက္ပိုမိုၿပီးေတာ့မွ တင္းတင္းၾကပ္ၾကပ္ အေလးထားေဆာင္႐ြက္သြားမယ္ ဆိုလို႔ရွိရင္ နယ္စပ္ကုန္သြယ္ေရးဟာ အရွိန္အဟုန္နဲ႔ တိုးတက္လာမွာျဖစ္ေၾကာင္း ကြၽန္ေတာ္ေျပာလိုပါတယ္”ဟု ေျပာဆိုထားသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071