Saturday, August 15, 2026

MCCT အစီအစဉ်အမည်ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများရှိနေသဖြင့်...

နေပြည်တော်၊ သြဂုတ်-၁၅ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးသည့် MCCT အစီအစဉ်၏ နာမည်ကို အလွဲသုံးစားပြု၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ...

ရန်ကုန်နှင့် ကျိုက္ခမီတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ၍...

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန်နှင့် ရောဂါလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံများတွင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း...

နိုင်ငံ့စီးပွားရေးကိုအထောက်အကူဖြစ်စေမည့် ဝါး၊ ရာဘာတို့ကိုစိုက်ပျိုးကြရန် နိုင်ငံတော်သမ္မတ...

စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ် ဝန်းကျင်ကိုထိန်းသိမ်းပေးရုံသာမက နိုင်ငံ့စီးပွားရေးကို အထောက်အကူဖြစ်စေမည့် ဝါး၊ ရာဘာစသည့် နှစ်ရှည်စက်မှုကုန်ကြမ်းသစ်ပင်မျိုးများကို အ ခြေအနေပေးသည့်၊ ရနိုင်သည့်နေရာများတွင်စိုက်ပျိုးကြရန် နိုင်ငံတော်သ မ္မတ...
HomeNewsLocal Newsကိုဗစ်ချေးငွေ ပြန်ပေးဆပ်ရန် ကုမ္ပဏီထက်ဝက်ခန့်ကျန်ရှိနေသေး

ကိုဗစ်ချေးငွေ ပြန်ပေးဆပ်ရန် ကုမ္ပဏီထက်ဝက်ခန့်ကျန်ရှိနေသေး

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီမှ ထုတ်ချေးပေးထားသည့် ကိုဗစ်ချေးငွေများ ပြန်လည်ပေးဆပ်ရန် ကုမ္ပဏီထက်ဝက်ခန့်ကျန်ရှိနေသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပြည်သူ့ဘဏ္ဍာငွေများဖြစ်သည့် နိုင်ငံတော်၏ လှည့်ပတ်ရန်ပုံငွေ (Revolving Fund-RF) မှ ကျပ် (၅၀) ဘီလီယံနှင့် ပြည်ထောင်စု၏ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အထွေထွေ ပိုလျှံရန်ပုံငွေ (General Reserve Fund-GRF)မှ ကျပ် (၁၅၀) ဘီလီယံ ၊စုစုပေါင်း ကိုဗစ်-၁၉ ရန်ပုံငွေ ကျပ် (၂၀၀) ဘီလီယံဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခံစားခဲ့ရသည့် လုပ်ငန်းနယ်ပယ်များရှိ ကုမ္ပဏီ/လုပ်ငန်းများအား ၂၀၂၀ ပြည့်နှစ် ဧပြီလမှ စတင်ပြီး ချေးငွေသက်တမ်း (၁) နှစ် သတ်မှတ်၍ ချေးငွေများကို ခွင့်ပြုပေးထားခြင်းဖြစ်သည်။

ထို့ပြင် ချေးငွေသက်တမ်း (၁)နှစ်ပြည့်မြောက်ပြီးနောက်တွင်လည်း ၂၀၂၁ ခုနှစ် မတ်လ (၁၇) ရက်တွင် ပထမ အကြိမ် (၆)လ၊ ၂၀၂၁ ခုနှစ် စက်တင်ဘာ (၁၁) ရက်တွင် ဒုတိယအ ကြိမ်(၆) လ နှင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ (၄)ရက်တွင် တတိယအကြိမ် (၁) နှစ် သက်တမ်းတိုးခွင့်ပြုပေးခဲ့ပြီး စုစုပေါင်း သက်တမ်း (၃) နှစ် အထိ ခွင့်ပြုပေးထားခဲ့ပြီး ဖြစ်သည်။

ယခုအချိန်တွင် ချေးငွေခွင့်ပြုပေးခဲ့သည့် သက်တမ်း (၃) နှစ် ပြည့်မြောက် ကျော်လွန်ခဲ့ပြီး ဖြစ်ကာ အချို့လုပ်ငန်းများသည် ယနေ့တွင် (၃) နှစ်ကျော် (၄) နှစ်အတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရန်ပုံငွေမှ ခွင့်ပြုချေးငွေများကို မြန်မာနိုင်ငံကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ တိုင်းဒေသကြီး/ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့၏ စိစစ်ထောက်ခံပေးမှုဖြင့် မြန်မာ့စီးပွားရေးဘဏ် နှင့် ပုဂ္ဂလိကဘဏ် (၆)ခု တို့မှတဆင့် ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ချေးငွေပြန်လည်ပေးဆပ်ရာ‌တွင် မိမိတို့ ထုတ်ယူထားသည့် မြန်မာ့စီးပွားရေးဘဏ်အောက်ရှိ သက်ဆိုင်ရာဘဏ်ခွဲများ၊ ပုဂ္ဂလိက ဘဏ် (၆) ခု မှ တစ်ဆင့် ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။

ချေးငွေများကို ၂၀၂၀ ပြည့်နှစ် ဧပြီလမှ စတင်၍ ကုမ္ပဏီ/ လုပ်ငန်း စုစုပေါင်း ၅၉၉၀ ခု ထံသို့ ကျပ် ၁၅၈.၄၄၃၈ ဘီလီယံ ခွင့်ပြုထုတ်ချေးခဲ့ပြီး ကုမ္ပဏီ/လုပ်ငန်းများသို့ ချေးငွေခွင့်ပြု ပေးခဲ့သည့် သတ်မှတ်ကာလ ၃ နှစ် ကို ကျော်လွန်ခဲ့ပြီ ဖြစ်သော်လည်း စာရင်းများအရ ၂၀၂၄ ခုနှစ်၊ မေလကုန် အထိ အရင်းအကျေဆပ်သည့် ကုမ္ပဏီ/လုပ်ငန်း ၁၂၀၅ ခု သာရှိပြီး အရင်းအလီလီဆပ်သည့် ကုမ္ပဏီ/လုပ်ငန်း ၁၃၂၆ ခု နဲ့ အရင်းလုံးဝမဆပ်ရသေးသည့် ကုမ္ပဏီ/လုပ်ငန်း ၃၄၅၉ ခု ဖြစ်ကြောင်း သိရသည်။

အရင်း အလီလီဆပ်နှင့် လုံးဝမဆပ်ရသေးသော ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် သတ်မှတ် ကာလအတွင်း သက်ဆိုင်ရာဘဏ်များနှင့်ဆက်သွယ်၍ အလျင်အမြန်ပြန်လည်ပေးဆပ်ရန် တာဝန်ရှိကြောင်း ကော်မတီမှ အသိပေးပြောကြားထားသည်။

ချေးငွေ ကျပ် ၂၀၀ ဘီလီယံမှ ယနေ့အထိ ကျပ် ၇၅ ဘီလီယံသာ ပြန်လည်ကောက်ခံရရှိထားကြောင်း သိရသည်။

ထို့ကြောင့် ချေးငွေရယူထားသူများအနေဖြင့်ပြည်သူ့ဘဏ္ဍာငွေများကို အချိန်ကာလ တစ်ခုအထိ အကျိုးခံစားရပြီးဖြစ်သည့်အတွက် ချေးငွေပြန်လည်ပေးဆပ်ရန် သတ်မှတ်ထားသည့် အချိန်ကာလဖြစ်သည့် ၂၀ ၂၄ ခုနှစ် ဇူလိုင်လ (၁)ရက် မတိုင်မီ ချေးငွေများကို အမြန်ဆုံး ပြန်လည်ပေးဆပ်သွားရန်လည်း ကော်မတီမှ တိုက်တွန်း ပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MCCT အစီအစဉ်အမည်ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများရှိနေသဖြင့် သတိပြုကြရန် လူမှုဝန်ထမ်းဦးစီးဌာန အသိပေး

နေပြည်တော်၊ သြဂုတ်-၁၅ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးသည့် MCCT အစီအစဉ်၏ နာမည်ကို အလွဲသုံးစားပြု၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ပေါ်ပေါက်လျက်ရှိသဖြင့် မိဘပြည်သူများအနေဖြင့် အထူးသတိပြုကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် MCCT အစီအစဉ်တွင် အကျုံးဝင်သူများ၏ စာရင်းကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လူပြင်၌သာ စာရင်းကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိပြီး အွန်လိုင်း (Online) မှတစ်ဆင့် စာရင်းကောက်ယူခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြောင်း...

ရန်ကုန်နှင့် ကျိုက္ခမီတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ၍ အထူးသတိပြုရန် ကျန်းမာရေးဝန်ကြီးဌာန အသိပေး

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန်နှင့် ရောဂါလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံများတွင် အချိန်မီ ကုသမှုခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးပါဝင်သည့် မသန့်ရှင်းသော ရေနှင့် အစားအစာများကို စားသုံးမိခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားခြင်းဖြစ်ပြီး မိုးဦးကျကာလနှင့် မိုးကုန်ဆောင်းအကူး ကာလများတွင် ရောဂါဖြစ်ပွားမှု ပိုမိုများပြားနိုင်ကြောင်း သိရသည်။ ရောဂါပိုးများသည် အညစ်အကြေးများမှတစ်ဆင့် ယင်ကောင်များ၊ မသန့်ရှင်းသော လက်များနှင့် အစားအသောက်များအတွင်းသို့ ရောက်ရှိကာ တစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။ အဆိုပါ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် ရုရှားနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာ-ရုရှား နှစ်နိုင်ငံကြားရှိ ရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကိုပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071