Sunday, May 25, 2025

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက...

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေ ကဇာတင်

၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီး(၁၁)ပါးနှင့်ပင့်သံဃာ့တော်(၁၀၈)ပါးတို့က ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံပတ္တမြားမျက်ရှင်တန်ဆောင်းနှင့် စေတီတော်အာရုံခံမုခ်ဦးလေးဘက်ဧည့်ခံတန်ဆောင်းများ၌...
HomeInternationalကိုဗစ်ကူးစက်မှု ဆက်လက်မြင့်တက်လာနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ်သတိပေး

ကိုဗစ်ကူးစက်မှု ဆက်လက်မြင့်တက်လာနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ်သတိပေး

ကိုဗစ်ကူးစက်မှု ဆက်လက်မြင့်တက်လာနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ်သတိပေး

တိုကျို၊ဇူလိုင် ၁၄

ကိုဗစ်လှိုင်းသစ်သည် နိုင်ငံတစ်ဝှမ်းတွင် လျင်မြန်စွာပျံ့နှံ့နေပုံ‌ရပြီး မကြာမီလာမည့်ပိတ်ရက်ရှည်နှင့် နီးကပ်လာသော နွေရာသီကျောင်းပိတ်ရက်များကြောင့် ပြည်သူများအ‌နေဖြင့်အထူးသတိထားရန် ဂျပန်ကကြာသပ‌တေးနေ့တွင်သတိပေးခဲ့သည်။

ဂျပန်တွင်ယခုနှစ်အစောပိုင်းကတည်းက ကိုဗစ်ကူးစက်မှုမတွေ့ခဲ့ရသော်လည်း မကြာသေးမီကကူးစက်မှုအသစ်များ ပြန်ရှိလာခဲ့သည်။ဗုဒ္ဓဟူးနေ့တွင် ကူးစက်မှုပေါင်း ၁၆,၈၇၈ ဦးရှိပြီး ဖေဖော်ဝါရီလမှစ၍ယခုအချိန်ထိအမြင့်ဆုံးကူးစက်မှုဖြစ်သည်။တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လည်း ကူးစက်မှု ၉၀,၀၀၀ ကျော်သို့မြင့်တက်လာခဲ့ပြီး ယနေ့အထိ ၁၆,၆၆၂ ရှိလာပြီဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးလုပ်ကြံခံရပြီး၊လက်ရှိအာဏာရပါတီ၏ တနင်္ဂနွေနေ့က အောင်ပွဲအပြီးပထမဆုံးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ဖူမီရိုကီရှီဒါက သတိကိုအမြင့်ဆုံးထားပြီးသွားလာလှုပ်ရှားရန် ပြောကြားခဲ့သည်။

“ကိုဗစ်‌ရောဂါဟာ လက်ရှိမှာတစ်နိုင်ငံလုံးပျံ့နေတဲ့အပြင် အသက်အရွယ်မရွေး ကူးစက်နေတာဖြစ်ပါတယ်၊ အထူးသဖြင့် အသက် ၂၀ နဲ့ ၃၀ ကြားအရွယ်တွေမှာ ကာကွယ်ဆေးထိုးနှုန်းကနည်း‌နေသေးတာမို့ Booster ဆေးတွေကို သေသေချာချာဂရုစိုက်ထိုးနှံဖို့ ပြည်သူတွေကို တိုက်တွန်းလိုပါတယ်” ဟုဝန်ကြီးကဆိုသည်။

“လာမယ့်နွေရာသီ အားလပ်ရက်တွေမှာအားလုံးရဲ့ကြားမှာ အပြန်အလှန်ထိတွေ့ဆက်ဆံမှုတွေ တိုးလာမှာကြောင့် ကူးစက်မှုတွေထပ်ရှိလာနိုင်ပါတယ်” ဟုလည်း၎င်းကဆိုသည်။

“ဒါကြောင့် နောက်ဆက်တွဲအဆင့်တွေမှာ ပြည်သူတွေအတွက် လေးကြိမ်မြောက်‌ ဆေးထိုးနိုင်အောင်ဆောင်ရွက်သွားမှာဖြစ်ပြီး၊မီးရထားဘူတာရုံနဲ့ လေဆိပ်လိုနေရာတွေမှာပါ အခမဲ့စမ်းသပ်စစ်ဆေးတဲ့နေရာတွေကိုထည့်သွင်းသွားပါမယ်” ဟုဆိုခဲ့သည်။

သို့သော် အပြင်းဖျားပြီးသေဆုံးမှု နည်းပါးနေသေးတာကြောင့် ယခုအချိန်တွင် သွားလာလှုပ်ရှားရန် ကန့်သတ်ချက်များမလိုအပ်သေးကြောင်း ၎င်းကဆက်လက်ပြောသည်။တိုကျိုတွင်မူ ကိုဗစ်သတိပေးချက်အဆင့်ကို အမြင့်ဆုံးသို့မြှင့်တင်ခဲ့သည်။ ယခုထပ်မံတွေ့ရှိသော ရောဂါကူးစက်မှု ထက်ဝက်ကျော်သည် BA.5 မျိုးကွဲများဖြစ်ကြောင်း သိရှိရသည်။

“မနက်ဖြန်မှာ ဒီနှစ်နွေရာသီအတွက် ဆောင်ရွက်ရမယ့်အစီီအစဥ်တွေကို ဆုံးဖြတ်ဖို့ အစည်းအဝေးတစ်ရပ် ကျင်းပပါမယ်” ဟု တိုကျိုအုပ်ချုပ်ရေးအဖွဲ့ဝင် Yuriko Koike က ကြာသပတေးနေ့ အစောပိုင်းအစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့ပြီး အဆိုပါအစည်းအဝေးသည် ကျွမ်းကျင်သူများ၏သဘောထားနှင့် တစ်နိုင်ငံလုံးဆိုင်ရာအလားအလာကို ချိန်ဆပေးမည်ဖြစ်ကြောင်းထပ်မံပြောကြားခဲ့သည်။

ထို့ပြင်ပြီးခဲ့သည့်သောကြာနေ့က ကျင်းပခဲ့သော မဲဆွယ်စည်းရုံးပွဲ၌ သေဆုံးခဲ့သည့် မစ္စတာအာဘေးအား ဂုဏ်ပြုသောအားဖြင့်လည်း ကီရှီဒါကဆောင်းဦးတွင် နိုင်ငံတော် ဈာပနကို ကျင်းပမည်ဖြစ်ကြောင်း၊၎င်း၏ နိုင်ငံတကာဆိုင်ရာ အရေးပါကျော်ကြားမှုဂုဏ်သတင်း နှင့် ဂျပန်နိုင်ငံအတွက်စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှုများကို ရောင်ပြန်ဟပ်စေရန် ဆောင်းဦးရာသီတွင် ပြုလုပ်ရခြင်းဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

Source – Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အား ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။ အခမ်းအနားတွင် ဝစီပိတ်ဆရာတော်ကြီး၊ နစက ဥက္ကဋ္ဌနှင့် ဇနီးတို့က သီလဓမ္မ ဆေးရုံတော်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ မင်္ဂလာမော်ကွန်းကမ္ပည်းတော်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများက သီလဓမ္မဆေးရုံတော်အတွင်းလှည့်လည်ကြည့်ရှု၍ သီလဓမ္မ...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ကျိုင်းတုံမြို့၊ တူးယားကျောင်းတိုက်ပဓာန နာယက အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပညာသာမိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။ အခမ်းအနားတွင် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တက်ရောက်လာကြသူများက တူးယားကျောင်းတိုက်ပဓာန နာယကဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များက...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ကျိုင်းတုံမြို့တွင် နေထိုင်သူဦးရေများပြားလာသဖြင့် ပြည်သူများကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးအား ကုတင်-၃၀၀ ဆံ့ဆေးရုံကြီးအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ လွယ်မွေမြို့ရှိ တိုက်နယ်ဆေးရုံအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုတို့ကို နစက ဥက္ကဋ္ဌအား တင်ပြခဲ့ကြသည်။ တင်ပြမှုများအပေါ် နစက ဥက္ကဋ္ဌက ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ဆေးရုံကြီးအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071