COVID-19 ရောဂါကုသ ကာကွယ်ရန်အတွက် လှူဒါန်းမည့် ဆေးဝါး နှင့် ဆေးရုံသုံးပစ္စည်းမျာအား အခမဲ့ဦးစားပေး သယ်ဆောင်ပေးခြင်း ကို ယခင်ထက်ပိုမို ဆောင်ရွက်သွားမည်ဟု မြန်မာအမျိုးသားလေကြောင်းက ကြေညာသည်။
မြန်မာအမျိုးသားလေကြောင်း မှ မြန်မာနိုင်ငံအနှံ့ အရေးတကြီးလိုအပ်နေသော COVID-19 ကာကွယ်၊ ကုသ ရေး ဆေးဝါးများ နှင့် ဆေးကုသမှုဆိုင်ရာ အထောက်အကူပြု ပစ္စည်များအား လှူ ဒါန်းရန်အတွက် ပို့ဆောင်လိုပါက ယခုလက်ရှိ ပျံသန်းပြေးဆွဲလျက်ရှိသော စင်ကာပူ၊ ဘန်ကောက်၊ နယူးဒေလီ၊ မကာအို၊ ချန်ဒူး၊ မနီလာ၊ ကယ်ဆယ်ရေးခရီးစဉ်များ တွင် လည်းကောင်း၊ မြန်မာ အမျိုးသားလေကြောင်း တစ်လိုင်းတည်းသာပြေးဆွဲနေသော ပြည်တွင်းလေဆိပ် များနှင့် အခြားပြည်တွင်းလေဆိပ် များသို့ လည်းကောင်း၊ မြန်မာအမျိုးသားလေကြောင်းမှ အခမဲ့ ဦးစားပေး သယ်ယူ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း အသိပေးစကား ဆိုသည်။
အထက်ပါ ဆေးကုသမှုဆိုင်ရာ အထောက်အကူပစ္စည်းများအား မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် အခမဲ့ သယ်ယူပို့ဆောင်လိုပါက +959429187923 ([email protected]) သို့ဆက်သွယ် စုံစမ်းနိုင်ကြောင်းနှင့် လေကြောင်းလိုင်းနှင့် မသက်ဆိုင်သော အခွန်အခများ ရှိပါကပစ္စည်းပို့ဆောင်မည့်သူမှ ကျခံရမည်ဟု မြန်မာအမျိုးသားလေကြောင်းကပြောဆိုထားသည်။