ကိုဗစ်ကာကွယ်ဆေးထိုးရန် ငြင်းဆန်သူ ဝန်ထမ်း ခြောက်ရာနီးပါးကို United Airlines တာဝန်မှရပ်စဲမည်
နယူးယောက်၊ စက်တင်ဘာ ၂၉
COVID-19 ကာကွယ်ဆေးထိုးရန် ငြင်းဆန်သူ ဝန်ထမ်း ၅၉၃ ဦးတို့ကို အလုပ်နှင့်တာဝန်မှ ရပ်စဲလိမ့်မည် ဖြစ်ကြောင်း United Airlines မှ တာဝန်ရှိသူများက စက်တင်ဘာ ၂၈ ရက်ကပြောသည်။
ယင်းတို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးခြင်းကို ကင်းလွတ်ခွင့်ပေးရန် အဆိုပြုထားကြသူ ဝန်ထမ်း ၂၀၀၀ မျှရှိသေးကြောင်းနှင့် ယင်းကိန်းဂဏန်းသည် စုစုပေါင်းဝန်ထမ်း ၆၇၀၀၀ ဦးရှိသော မိမိတို့ကုမ္ပဏီ၏ ၃ ရာခိုင်နှုန်းဖြစ်ကြောင်းကိုလည်း ကုမ္ပဏီတာဝန်ရှိသူများကဆိုသည်။
ကျန်ရှိသော အမေရိကန်ဝန်ထမ်း ၉၉ ရာခိုင်နှုန်းကျော်ကမူ ကာကွယ်ဆေးထိုးခြင်းကိုလိုက်နာခဲ့ကြကြောင်း United Airlines အမှုဆောင်အရာရှိချုပ် Scott Kirby နှင့် ဥက္ကဌ Brett Hart တို့၏ မှတ်တမ်းတစ်ခုအရ သိရသည်။
လေကြောင်းလိုင်းကုမ္ပဏီသည် ကာကွယ်ဆေးထိုးရန် ငြင်းဆန်သူများနှင်ပတ်သက်၍ ကုမ္ပဏီကချမှတ်ထားသော စည်းကမ်းစည်းမျဉ်းများအတိုင်း ဆက်လက်ဆောင်ရွက်သွားသည်ဖြစ်သည်။
ကိုးကား
United Airlines to dismiss 593 workers who refused COVID-19 vaccines
