ကိုကိုးကျွန်းဒေသ၌ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးရေးအ တွက်ဆောင်ရွက်ပေးမည်ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယ နေ့ အောက်တိုဘာ ၁၈ ရက်နေ့လည်ပိုင်းက ရန်ကုန် တိုင်း၊ ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအားတွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
ကိုကိုးကျွန်းဒေသတွင် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်ပေးသွားမည်ဖြစ်၍ ကြိုတင်ပြင် ဆင်ထားရမည်ဖြစ်ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဒေသတွင်နေထိုင်ကြသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများအားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဟု မှာကြားသည်။
” ကိုကိုးကျွန်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့က တတ်နိုင်တဲ့ဘက်ကကူညီဆောင်ရွက်ပေးနေသလို ဒေသခံတွေကလည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဝိုင်းဝန်းဆောင်ရွက်ကြဖို့လိုပါတယ်”ဟု ယာယီသမ္မတက မှာကြားသည်။
ထို့ပြင် ကိုကိုးကျွန်းဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ရွာတည်ဆောက်ရေးလုပ်ငန်းများအတွက် တာဝန်ရှိသူများက စနစ်တကျဆောင်ရွက်ရမည်ဟုလည်း ယာယီသမ္မ တက မှာကြားခဲ့သည်။
ထို့နောက် ယာယီသမ္မတမှ ကိုကိုးကျွန်းမြို့ရှိ ဒေသခံများ၊ ဌာနဆိုင်ရာဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ၊ ကိုကိုးကျွန်းမြို့အထက်တန်းကျောင်းအ တွက် စာရေးကိရိယာများကိုပေးအပ်ခဲ့ကြောင်း သိရသည်။
