တနင်္လာနေ့က ရုရှားတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ ကိဗ်မြို့ ကားလမ်းမပေါ်သို့ ရုရှားဒုံးကျည်တစ်စင်းမှ အစိတ်အပိုင်းများကျရောက်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခုကို ရိုက်တာသတင်းဌာနမှ တင်ပြထားသည်။
လေထဲမှကျဆင်းလာသော ဒုံးပျံအပိုင်းအစများသည် လမ်းပေါ်တွင်မောင်းနှင်နေသော မော်တော်ယာဉ်တစ်စင်း၏ ရှေ့သို့ကျရောက်လာခြင်းကို နောက်ကားတွင်တပ်ဆင်ထားသော ဗီဒီယိုကင်မရာမှ ရိုက်ထားခြင်းဖြစ်သည်။
ဗီဒီယိုတွင် မြင်တွေ့ရသော အဆောက်အအုံများနှင့် လမ်းများကိုမှတ်သား၍ ကိဗ်မြို့တွင် တည်နေရာကို ရိုက်တာသတင်းဌာနက အတည်ပြုနိုင်ခဲ့ပြီး ယင်းဧရိယာ၏ ဂြိုဟ်တုဓာတ်ပုံများနှင့်လည်း ကိုက်ညီကြောင်း အတည်ပြုခဲ့သည်။