ရှစ်တန်းအရွယ်ကတည်းက ဘဝကို ရုန်းကန်ခဲ့ရပြီး အခုချိန်မှာ အောင်မြင်တဲ့ စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့တဲ့ NTR ကားပစ္စည်း လုပ်ငန်းပိုင်ရှင် ဦးနေသူရိန်က သူ့ရဲ့ ဘဝကိုဖြတ်ကျော်လာခဲ့ရတဲ့အကြောင်းကို အခုလိုပဲပြောပြခဲ့ပါတယ်။
“ ကျွန်တော်ငယ်ငယ်ကတည်းက နယ်ကတတ်လာပြီး ရန်ကုန်မြို့မှာ အလုပ်လာလုပ်ခဲ့တယ်။ ကားဝပ်ရှော့ဆိုင်မှာ အလုပ်လာလုပ်ရင်း ဘဝကို ရုန်းကန်ကြိုးစားခဲ့တယ်။ဘဝစစချင်းမှာတော့ အရမ်းခက်ခဲခဲ့တယ်။ဒုက္ခတွေရောက်ခဲ့ရတယ်။ဒါပေမယ့် ကိုယ်လိုချင်တဲ့ ပန်းတိုင် ကိုရောက်ရှိဖို့ ဘဝကို အကောင်းဆုံးဖြစ်အောင် ဖြတ်ကျော်ခဲ့တယ် ။အခုဆိုကျွန်တော့်ဝန်ထမ်း ၁၅၀လောက်ကို အလုပ်ပေးထားနိုင်ပြီး သူတို့ရဲ့ စားဝတ်နေရေး အတွက် ကူညီပေးတယ်။ အဲ့ဒါကြောင့် လူငယ်တွေကို ကျွန်တော်အကြံပေးချင်တာက ငယ်တဲ့အချိန်မှာ ပိုက်ဆံရှာနည်းပဲသင်ပါ၊ ပိုက်ဆံနောက်မလိုက်ပါနဲ့။ ပိုက်ဆံရှာနည်းသင်ပြီး ကိုယ့်အရွယ်နဲ့ ကိုယ်ရောက်လာရင်တော့ အကောင်းဆုံး စီးပွါးရေးနဲ့ အတူဘဝကို ဖြတ်သန်းနိုင်မှာပါ။” လိုပြောပါတယ်။
Zaw Gyi
ကား၀ပ္ေရွာ့၀န္ထမ္း ဘ၀မွသည္ လုပ္ငန္းရွင္ တစ္ေယာက္အျဖစ္သို႔ ေလွ်ာက္ေသာလမ္း
ရွစ္တန္းအ႐ြယ္ကတည္းက ဘဝကို ႐ုန္းကန္ခဲ့ရၿပီး အခုခ်ိန္မွာ ေအာင္ျမင္တဲ့ စီးပြါးေရးလုပ္ငန္းရွင္တစ္ေယာက္ျဖစ္လာခဲ့တဲ့ NTR ကားပစၥည္းလုပ္ငန္းပိုင္ရွင္ ဦးေနသူရိန္က သူ႔ရဲ႕ ဘဝကိုျဖတ္ေက်ာ္လာခဲ့ရတဲ့အေၾကာင္းကို အခုလိုပဲေျပာျပခဲ့ပါတယ္။
“ ကြၽန္ေတာ္ငယ္ငယ္ကတည္းက နယ္ကတတ္လာၿပီးရန္ကုန္ၿမိဳ႕မွာ အလုပ္လာလုပ္ခဲ့တယ္။ကားဝပ္ေရွာ့ဆိုင္မွာ အလုပ္လာလုပ္ရင္း ဘဝကို႐ုန္းကန္ႀကိဳးစားခဲ့တယ္။ဘဝစစခ်င္းမွာေတာ့ အရမ္းခက္ခဲခဲ့တယ္။ဒုကၡေတြေရာက္ခဲ့ရတယ္။ဒါေပမယ့္ ကိုယ္လိုခ်င္တဲ့ ပန္းတိုင္ကိုေရာက္ရွိဖို႔ ဘဝကို အေကာင္းဆုံးျဖစ္ေအာင္ျဖတ္ေက်ာ္ခဲ့တယ္။အခုဆိုကြၽန္ေတာ့္ဝန္ထမ္း ၁၅၀ေလာက္ကို အလုပ္ေပးထားႏိုင္ၿပီး သူတို႔ရဲ႕ စားဝတ္ေနေရးအတြက္ ကူညီေပးတယ္။အဲ့ဒါေၾကာင့္ လူငယ္ေတြကို ကြၽန္ေတာ္အႀကံေပးခ်င္တာက ငယ္တဲ့အခ်ိန္မွာ ပိုက္ဆံရွာနည္းပဲသင္ပါ၊ပိုက္ဆံေနာက္မလိုက္ပါနဲ႔။ပိုက္ဆံရွာနည္းသင္ၿပီး ကိုယ့္အ႐ြယ္နဲ႔ကိုယ္ေရာက္လာရင္ေတာ့ အေကာင္းဆုံးစီးပြါးေရးနဲ႔အတူဘဝကို ျဖတ္သန္းႏိုင္မွာပါ။” လိုေျပာပါတယ္။