ကမ္ဘာ့အကြီးဆုံး ဓာတ်ဆီဆိုင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆီပန့်ပေါင်း ၁၂၀ ရှိပြီး ဝန်ထမ်းပေါင်း ၃၅၀ ဦး အလုပ်လုပ်နေတဲ့ အမေရိကန်နိုင်ငံ၊ တန်နက်ဆီပြည်နယ်မှာရှိတဲ့ ဘက်ကီ(စ်) ဓာတ်ဆီဆိုင်က ဆွတ်ခူးထားတယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံ တောင်ပိုင်းတစ်လျှောက် ကြီးစိုးနေတဲ့ ကမ္ဘာကျော် ဓာတ်ဆီဆိုင်ကြီး ဘက်ကီ(စ်) ဟာ ဓာတ်ဆီဆိုင်ပေါင်း ၄၆ ခုပေါင်း လောက် ပိုင်ဆိုင်ထားပေမယ့် မကြာသေးမီကမှ ဆဗီရားဗဲလ် မြို့မှာ ဖွင့်လှစ်လိုက်တဲ့ ဆီဆိုင်ကတော့ အကြီးမားဆုံးပဲ ဖြစ်ပါတယ်။
ဆိုင်ရဲ့ အကျယ်အဝန်းကတော့ စတုရန်းပေပေါင်း ၇၄,၀၀၀ (၁ ဒသမ ၇ ဧက) ရှိပြီး ဆီပန့်ပေါင်း ၁၂၀ ခု ရှိတဲ့အတွက် ကား ၁၂၀ စီးကို တစ်ပြိုင်တည်း ဆီဖြည့်ပေးနိုင်ပါတယ်။ ဒါပြင့် ဆီဆိုင်ထဲမှာတင် ဈေးဝယ်စင်တာကြီးတစ်ခု၊ အသားကင်ဆိုင် တစ်ဆိုင်၊ ကျယ်ဝန်းတဲ့ သန့်စင်ခန်းတွေနဲ့ အနားယူလို့ရတဲ့ နေရာကြီးတစ်ခုလည်း ပါရှိပါတယ်။
အဲဒီဆီဆိုင်ကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပေမယ့် လာရောက်သူများ များပြားနေတဲ့အတွက် ကမ္ဘာ့လှည့်ခရီးသည်တွေကို ဆွဲဆောင်တဲ့ နေရာတစ်ခုတောင် ဖြစ်လာပြီလို့ သိရပါတယ်။
၁၈ ဘီး ကားကြီးတွေကို လာရောက်ခွင့် ပိတ်ပင်ထားတဲ့အတွက် ယာဉ်ငယ်တွေနဲ့ လမ်းသွားလမ်းလာတွေအတွက် ပိုပြီး ဘေးကင်းလုံခြုံစေပါတယ်။ ဒါပေမယ့် ဘက်ကီ(စ်) ကတော့ ဒီဆီဆိုင်ထက်ပိုကြီးတဲ့ ဆိုင်ကို တက္ကဆပ်စ်ပြည်နယ်၊ လူလင်မြို့မှာ ဆောက်လုပ်နေပြီလို့ ပြောထားပါတယ်။
Source: OddityCentral