မကြာသေးခင်က ဆုမြတ်နိုးဦးက ဓာတ်ပုံဥာဏ ရိုက်ကူးပုံဖော်တဲ့ OMNI FOCUS ကုမ္ပဏီရဲ့ FOTON အမျိုး အစား၊ YBS လိုင်းမှာ ပြေးဆွဲမယ့် ဘတ်စ် ကားတွေရဲ့ ဓာတ်ပုံကြော်ငြာကို ဝင့်ယမုံလှိုင်၊ ခင်သော်တာစံတို့နဲ့အတူ ရိုက်ကူးပုံဖော်ခဲ့ပါ တယ်။ ကားအသစ်တွေနဲ့ ရိုက်ကူးခဲ့တဲ့ ဆုမြတ် နိုးဦးကတော့ အခုလက်ရှိမှာ ကားစနစ်တွေ ပြောင်းလဲလာတဲ့အတွက် ပိုပြီး ကောင်းလာ တယ်လို့ မြင်မိပြီး အားလုံးစည်းကမ်းရှိဖို့လည်း လိုအပ်ကြောင်း ပြောပြခဲ့ပါတယ်။
“အခုဆိုရင် ဘတ်စ်ကားစနစ်တွေ ပြောင်း လဲလာ တဲ့အတွက် ပိုကောင်းလာတယ်လို့ပဲ မျှော် လင့်ပါတယ်။ ဘတ်စ်ကားလိုင်းတွေရော၊ ခရီးသွား ပြည်သူ လူထုတွေကအစ အကုန်လုံး အကောင်း ဘက်ကို ဦးတည်နေကြတာဆိုတော့ ဘတ်စ်ကား တွေ ဘက်ကလည်း စည်းကမ်းရှိမယ်၊ ခရီးသွား ပြည်သူတွေအတွက်လည်း စည်းကမ်းရှိမယ် ဆိုရင် ပိုပြီးကောင်းလာဖို့ပဲ ရှိပါတယ်။ အခု နောက်ပိုင်းက ဘတ်စ်ကားတွေလည်း အသစ် တွေများလာတယ်။ ခရီးသွား ပြည်သူတွေက လည်း စည်းကမ်းကိုလိုက်နာ ကြတယ်ဆိုရင် ပိုကောင်းလာဖို့ပဲ ရှိပါတယ်”လို့ ပြောပါတယ်။
အခုလက်ရှိမှာတော့ နေ့စဉ် ကြုံတွေ့နေရတာ က ဘတ်စ်ကားလမ်းကျပ်တာဖြစ်ကြောင်းကိုလည်း ဆုမြတ်နိုးဦးက “အခုကလမ်းတွေ ပြင်နေတာဆိုတော့ ဟိုနားမှာ လည်းပိတ်၊ ဒီနားမှာလည်းပိတ်နေတာ။ အဲဒါတွေ ပြင်ပြီးသွားရင်တော့ ပိုပြီးကောင်းလာတယ်လို့ပဲ မျှော်လင့်ပါတယ်။ ပြင်ပြီးသွားရင် ပို ကောင်းလာဖို့ပဲ ရှိပါတယ်။ လူတွေလည်း စည်းကမ်းရှိဖို့လိုတယ်။ မြတ်နိုး တို့ဆိုရင် ကားကျပ် ယဉ်လမ်းကြောင်းပိတ်စို့တာနဲ့တင် လမ်းပေါ်မှာ အချိန် ကုန်သွားတာတွေ ရှိပါတယ်။ တချို့ကားတွေကျတော့ စည်းကမ်းမရှိဘူး။ ဟိုနားဖြတ်ဝင်၊ ဒီနားဖြတ်ဝင်နဲ့ လမ်းကမကြာသင့်ဘဲနဲ့ ပိုကြာသွားတာပဲရှိတယ်။ တချို့ မီးပွိုင့်တွေကျတော့ နီတာက စက္ကန့်၆ဝလောက်ဆိုရင် မီးစိမ်းတာက ၂ဝ စက္ကန့်လောက်ပဲရှိတော့ ပိုကြာသွားတယ်” လို့ ပြောပါတယ်။
တွယ်တာ