Saturday, February 14, 2026

ငွေ​ကြေး​စျေးကွက် တည်ငြိမ်​မှုများပျ-က်ပြားစေနိုင်သည့်​ကောလဟာလများ​သတိထား

ဗဟိုဘဏ်သည် ဘဏ်များအားဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိအား စောင့်ကြည့်ကြပ်မတ်ကွပ်ကဲလျက်ရှိသည်။ လက်ရှိအချိန်၌ ရုံးပိတ်ရက်ရှည်ဖြစ်သော ဖေဖော်ဝါရီ ၁၂ ရက်မှ ဖေဖော်ဝါရီ...

ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)ကျင့်သုံးခဲ့၍ ရွေးကောက်တင်မြှောက်ခံရသည့်ပါတီအရေအတွက်မြင့်မားလာ

ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)ကျင့်သုံးခဲ့၍ ရွေးကောက်တင်မြှောက်ခံရသည့်ပါတီအရေအတွက်မြင့်မားလာသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌဦးသန်းစိုးမှ ယ နေ့ ဖေဖော်ဝါရီ ၁၃ ရက်နံနက်ပိုင်းက UEC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့်...

ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးသူ(၁၃ ဒသမ ၁၄)သန်းကျော်ရှိပါတီကိုယ်စားလှယ်လောင်းများနစ်နာမှုရှိသည်ဟု...

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါ ရီ ၂၅ ရက်အထိ အပိုင်း(၃)ပိုင်းဖြင့်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင်...

ဘယ်လာရုစ်အစိုးရတက္ကသိုလ်နှင့်မြန်မာအာကာသအေဂျင်စီတို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

ဖေဖေါ်ဝါရီလ ၁၀ ရက် ဘယ်လာရုစ်အစိုးရတက္ကသိုလ် ပညာရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဒုတိယပါမောက္ခချုပ် ဗစ်တာကိုချင် နှင့် မြန်မာအာကာသအေဂျင်စီ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါက်တာ ဦးမျိုးသန့်တို့က သက်ဆိုင်ရာအဖွဲ့အစည်းများကိုယ်စား...
HomeNewsLocal Newsကာလုံခေါ်ရန် နာရီပိုင်းသာလိုတော့သည်

ကာလုံခေါ်ရန် နာရီပိုင်းသာလိုတော့သည်

မည်သည့်အပြောင်းအလဲများ ဖြစ်ပေါ်လာမည်လဲ စိတ်ဝင်စားစရာဖြစ်နေ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ်ကာလ ပြဌာန်းချက်များအရ ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပရန် နာရီပိုင်းသာလိုတော့သည်။

၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီ (၁)ရက်တွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက နိုင်ငံတော်အာဏာကို ယာယီရယူကာ ကာလုံအစည်းအဝေးခေါ်ပြီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အာဏာလွှဲအပ်ပေးခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက လက်ရှိအချိန်ထိ အာဏာထိန်းထားခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံပါ ပြဌာန်းချက်များအရ အရေးပေါ်ကာလကို တစ်နှစ်သတ်မှတ်ကာ (၆)လ နှစ်ကြိမ် သက်တမ်းတိုးခဲ့ပြီး (၂) နှစ်ပြည့်၍ ကာလုံထံ အာဏာပြန်အပ်ရမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၃၁) ရက် ကာလုံအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တိုင်းပြည်အခြေအနေမှာ တည်ငြိမ်အေး‌ချမ်းမှု မရှိသေးဘဲ ဆက်လက်ထိန်းသိမ်းရန် လိုအပ်သေးကြောင်း တင်ပြခဲ့သည်။

အဆိုပါ တင်ပြချက်အရ ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ကာလုံက တိုင်းပြည်၏ အခြေအနေမှာ သာမန်မဟုတ်သေးကြောင်း ဆုံးဖြတ်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်ဖြစ်သည့် ပုဒ်မ (၄၂၅) အရ နစကအား သက်တမ်း(၆)လ ထပ်မံတိုးခွင့်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ (၄၂၅) အရ သာမန်မဟုတ်သည့်အခြေအနေဟုဆိုကာ အရေးပေါ်ကာလ (၆)လ သက်တမ်းထပ်မံတိုးထားခြင်းသည် မနက်ဖြန် ဇူလိုင်လ (၃၁) ရက်တွင် သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သည်။

ထို့အတွက်ကြောင့် လာမည့် နာရီပိုင်းအတွင်း အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူကာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အစီရင်ခံချက်ကို နားထောင်ကြရမည်ဖြစ်သည်။

ယင်းအစည်းအဝေးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် ကာလုံထံ အာဏာပြန်အပ်မည် မအပ်မည်နှင့် ပတ်သက်၍ ဝိဝါဒကွဲပြားစွာ အမျိုးမျိုးသောသုံးသပ်မှုများရှိနေသလို စိတ်ဝင်တစား စောင့်ကြည့်နေကြသူများလည်း
ရှိနေသည်။

ဥပဒေပါ ပြဌာန်းချက်များအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် ကာလုံအား အာဏာပြန်အပ်မည်ဆိုပါက (၆)လ အတွင်း အထွေထွေရွေးကောက်ပွဲတစ်ရပ်ကျင်းပကာ ရွေးကောက်ခံ အစိုးရသစ်အား အာဏာပြန်လွှဲပေးရမည် ဖြစ်သည်။

နိုင်ငံရေးကျွမ်းကျင်သူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၏ သုံးသပ်ချက်များနှင့် ၂၀၂၃
ခုနှစ် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပြဌာန်းချက်အရ ရွေးကောက်ပွဲ တစ်ရပ်ကျင်းပရန် အချိန်ကာလအားဖြင့် အနည်းဆုံး (၈) လခန့် လိုအပ်မည်ဖြစ်ပြီး ကာလုံထံ အာဏာပြန်အပ်မည်ဆိုပါကလည်း ၂၀၂၃ ခုနှစ်အတွင်းအထွေထွေ‌ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။၂၀၂၆ တွင် မြန်မာက အာဆီယံအလှည့်ကျ ဥက္ကဌ လုပ်ရမည့်လျာထားချက်ရှိနေသဖြင့် ရွေးကောက်ပွဲသည် နောက်အကျဆုံး ၂၀၂၄ တွင်တော့လုပ်ရမည်ဖြစ်သည်။

တစ်ဖက်တွင်လည်း ဩဂုတ်လ (၁) ရက်နောက်ပိုင်း၌ ကြားကာလအစိုးရကဲ့သို့သော အဖွဲ့အစည်းတစ်ရပ် ပေါ် ပေါက်လာနိုင်ပြီး ယင်းအဖွဲ့ထဲတွင် နိုင်ငံတော်အဆင့်လူကြီးဟောင်းများ ပြန်လည် ပါဝင်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။

ကြံခိုင်ရေးပါတီ၏ နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေ (ဘူးလက်လှဆွေ) က ” ကျွန်တော့်အမြင်ကတော့ ကြားဖြတ်အစိုးရ မဟုတ်ဘဲ နိုင်ငံ့ဥသျှောင်ကော်မတီလိုမျိုးဖွဲ့ပြီး ရွေးကောက်ပွဲ လမ်းကြောင်းကိုသွားမယ်လို့ ယူဆရတာပေါ့။ ဒီအဖွဲ့မှာ အနီဘက်က ဘယ်သူပါမယ်ဆိုတာ ခန့်မှန်းမိမှာပါ၊သိပ်မပြောလိုဘူး” ဟု သုံးသပ်ထားသည်ကို တွေ့ရသည်။

“ထင်မြင်သုံးသပ်ချက်တွေဟာခြေဥ ပြဌာန်းချက်တွေကို ကိုးကားဖို့တော့ လိုပါတယ်။ ခြေဥမှာ အရေးပေါ် အခြေအနေမှာ ညွှန့်ပေါင်း အတွက် ပြဌာန်းချက် မရှိပါ”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၃၁) ရက် ကာလုံအစည်းအဝေး အပြီးတွင် သာမန်အခြေအနေ မဟုတ်ဟုဆိုကာ သက်တမ်းဆက်တိုးခဲ့စဉ်က နစက ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နစကအဖွဲ့အား အပြောင်းအလဲပြုလုပ်ကာ အင်အားဖြည့်ခဲ့သည့် အခြေအနေရှိသည့်အတွက် ယခုခန့်မှန်းချက်များ အမှန်တကယ် ဖြစ်လာခြင်း ရှိမရှိကို စိတ်ဝင်စားမှု မြင့်တက်လျက်ရှိနေသည်။

လာမည့် ဩဂုတ်လ (၁) ရက်တွင် နေပြည်တော်၌ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်မှုဖြင့် တည်ထားသည့် မာရဝိဇရ ရုပ်ပွားတော်မြတ်ကြီး အနေကဇာတင်လှူပွဲရှိနေသည့်အပြင် အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးချိန်နှင့် အချိန်ကိုက်ဖြစ်နေခြင်းက တိုင်းပြည်အတွက် ထူးခြားသည့်အပြောင်းအလဲများ ဖြစ်ပေါ် လာနိုင်ခြေ မြင့်မားကြောင်း သုံးသပ်မှုများရှိနေသော်လည်း ကာလုံတွင် တင်ပြချက်များနှင့် ဆုံးဖြတ်ချက်များကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

ဘုရားကြီး အနေကဇာတင်ပွဲသို့ လက်ရှိအဆင့်မြင့်တာဝန်ထမ်းဆောင်နေသူများအားလုံးဖိတ်ကြားခံထားရဖြင့် ယခုဓမ္မစကြာနေ့ထိ အစိုးရအဖွဲ့မပြောင်းလဲနိုင်သေးသောအာမခံချက်ရှိနေသည်ဟုယူဆလိုကယူဆနိုင်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငွေ​ကြေး​စျေးကွက် တည်ငြိမ်​မှုများပျ-က်ပြားစေနိုင်သည့်​ကောလဟာလများ​သတိထား

ဗဟိုဘဏ်သည် ဘဏ်များအားဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိအား စောင့်ကြည့်ကြပ်မတ်ကွပ်ကဲလျက်ရှိသည်။ လက်ရှိအချိန်၌ ရုံးပိတ်ရက်ရှည်ဖြစ်သော ဖေဖော်ဝါရီ ၁၂ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်တွင် Internet Banking၊ Mobile Banking၊ Mobile Payment များဖြစ်သည့်ဒီဂျစ်တယ်ငွေပေးချေမှုများ၊ Card လုပ်ငန်းများ အဆင် ပြေစွာအသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ပေးရန်ညွှန်ကြားထား​ကြောင်းသိရသည်။ ထိုသို့ ဆောင်ရွက်ရာ၌ ATM တွင်ငွေလုံ‌လောက်စွာ ထည့်သွင်းစေခြင်း၊ System Connection ပြတ်တောက်မှုမရှိစေရေး လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာအစီအမံများဆောင်ရွက်ထားရန် ဘဏ်များအားညွှန်ကြားထားသည်ဟု တာဝန်ရှိသူတစ်ဦးက ​ပြောကြားသည်။ ငွေပေးချေမှုလုပ်ငန်းများအဆင်ပြေစွာလည်ပတ်နိုင်ရေး၊...

ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)ကျင့်သုံးခဲ့၍ ရွေးကောက်တင်မြှောက်ခံရသည့်ပါတီအရေအတွက်မြင့်မားလာ

ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)ကျင့်သုံးခဲ့၍ ရွေးကောက်တင်မြှောက်ခံရသည့်ပါတီအရေအတွက်မြင့်မားလာသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌဦးသန်းစိုးမှ ယ နေ့ ဖေဖော်ဝါရီ ၁၃ ရက်နံနက်ပိုင်းက UEC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီ (၅၇)ပါတီအနက် နိုင်ငံရေးပါတီ(၃၁)ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ် စားလှယ်(၁)ဦးတို့ ရွေးကောက်တင်မြှောက်ခံခဲ့ရသည်ဟု ပြောသည်။ ထို့ကြောင့် တိုင်းရင်းသားပါတီများ၊ ပါတီငယ်များလွှတ်တော်အတွင်းကိုယ်စားပြုခွင့်ပိုမိုရရှိလာကာ ရော နှောထားသောကိုယ်စားလှယ်အချိုးကျစနစ်(MMP) ကျင့်သုံးခြင်းဖြင့် ရွေးကောက်တင်မြှောက်ခံရသည့်ပါ တီအရေအတွက်လည်းမြင့်မားလာသည်ဟု ပြောသည်။ " ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကျင်းပပြီးသွားပေမယ့် ဆက်လက်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေဖြစ်တဲ့ အမြဲတမ်းရှင်သန်နေတဲ့ မဲဆန္ဒရှင်စာရင်းဖြစ်စေဖို့ဆောင်ရွက်တာ၊ ကျင်းပပြီးခဲ့တဲ့ ‌ရွေးကောက်ပွဲအပေါ်မှာ အားသာချက်၊ အားနည်းချက်တွေများကိုလည်းပြန်လည်သုံးသပ်နေပါတယ်"ဟု UEC...

ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးသူ(၁၃ ဒသမ ၁၄)သန်းကျော်ရှိပါတီကိုယ်စားလှယ်လောင်းများနစ်နာမှုရှိသည်ဟု ယူဆပါက သတ်မှတ်ကာလအတွင်းကန့်ကွက်လွှာတင်သွင်းနိုင်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါ ရီ ၂၅ ရက်အထိ အပိုင်း(၃)ပိုင်းဖြင့်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသူ(၁၃ ဒသမ ၁၄)သန်းကျော်ရှိခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ဥက္ကဋ္ဌဦးသန်းစိုးမှ ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်က UEC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ၌ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲအပိုင်း(၃)ပိုင်းလုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်(၂၄ ဒသမ ၂၂)သန်းရှိပြီး ဆန္ဒမဲပေး သူ(၁၃ ဒသမ ၁၄)သန်းကျော်ရှိ၍ မဲပေးမှုခိုင်နှုန်းမှာ (၅၄ ဒသမ ၂၂)ရာခိုင်နှုန်းကျော်ဖြစ်သည်ဟု ပြောသည်။ ရွေးကောက်ပွဲရလဒ်များကို ရွေးကောက်ပွဲအပိုင်းလိုက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071