အာဆီယံ သံမဏိမူဝါဒချမှတ်သူများညီလာခံ နှင့် အာဆီယံသံနှင့်သံမဏိဖိုရမ် ၂၀၂၅(ASEAN Steel Policymaker Conference & 2025 ASEAN Iron & Steel Forum )သို့ မြန်မာနိုင်ငံသံနှင့် သံမဏိအသင်းမှ တတ်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖိုရမ်ကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ စက်တင်ဘာလ (၂၉) ရက်မှ အောက်တိုဘာလ (၂) ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။
ညီလာခံသို့ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ မြန်မာ၊ အင်ဒိုနီးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။
ညီလာခံတွင် မူဝါဒချမှတ်သူများနှင့် မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာနမှ၊ မှ ဒုတိယဝန်ကြီးဦးဆောင်သောအဖွဲ့တို့စကားဝိုင်းဆွေးနွေးခြင်းများ ပြုလုပ်၍ဒေသတွင်း သံမဏိမူဝါဒ မူဘောင် ကိစ္စရပ်များအားဆွေး နွေးခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်းကိုယ်စားပြုမူဝါဒချမှတ်သူအဖြစ် စက်မှုဝန်ကြီးဌာန၊ဦးဆောင် ညွှန်ကြားရေးမှူးမှ သံမဏိသည် အခြေခံအဆောက်အဦများအတွက် အရေးပါပုံနှင့် မရှိမဖြစ်လိုအပ်သော ပစ္စည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ၏ သံမဏိသုံးစွဲမှုနှင့် ကမ္ဘာ့သံမဏိသုံးစွဲမှုများအား နှိုင်းယှဉ်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် အာဆီယံနိုင်ငံများမှ အစိုးရကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူများ၊ လုပ်ငန်းရှင်များ တွေ့ဆုံပြီး ပြည်တွင်းနှင့် ဒေသတွင်း သံမဏိလုပ်ငန်းများအတွက် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု၊ ကာဗွန် လျှော့ချရေးမူဝါဒများနှင့် ဆောက်လုပ်ရေးအဆင့်မြှင့်ခြင်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖိုရမ်အပြီးတွင် မလေးရှားသည် ၎င်း၏ သံမဏိလုပ်ငန်း လမ်းပြမြေပုံ ၂၀၃၅ကို ကြေညာခဲ့သည်။ လွန်ကဲစွာထုတ်လုပ်မှုလျှော့ချရေး၊အရည်အသွေးမြင့်မားရေး၊ ကာဗွန်နည်းသော အသွင်ကူးပြောင်းမှုကို မြှင့်တင်ရေးတို့ကို လုပ်ဆောင်မည့်အကြောင်းများပါဝင်သည်။
