ကာဇက်စတန်နိုင်ဆိုင်ရာ မြန်မာသံအမတ်ကြီးဦးလွင်ဦးက ၎င်း၏သံအမတ်ခန့်အပ်လွှာအား ကာဇက်စတန်နိုင်ငံသမ္မတထံ ဇန်နဝါရီ ၂၄ ရက်ကပေးအပ်ခဲ့သည်။
ကာဇက်စတန်နိုင်ငံ၊အက်စတာနာမြို့ရှိ၊ Presidential Palace “Akorda” ၌ ကာဇက်စတန်နိုင်ငံသမ္မတ မစ္စတာ ကတ်ခ်ဆန် ဂျိုးမာ့တ်တိုးကာရာ့ဖ် ထံသို့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
