မြန်မာ့တပ်မတော်(ရေ)နှင့် ရုရှားရေတပ်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများပိုမိုမြှင့်တင်နိုင်ရန် ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး ထိန်ဝင်းဦးဆောင်သော တပ်မတော် (ရေ)ကိုယ်စားလှယ်အဖွဲ့သည် ရုရှားရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Aleksandr A.Moiseev ၏ဖိတ်ကြားချက်အရ အောက်တိုဘာ ၁၉ ရက်မှစတင်၍ ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့သည်။
ကာကွယ်ရေးဦးစီးချုပ်(ရေ)ဦးဆောင်သော တပ်မတော်(ရေ)ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၁ ရက်တွင် ဗလာဒီဗော့စတော့မြို့ရှိ ရုရှားရေတပ်၊ Pacific Fleet ၏ အမှတ်(၁၉)ရေငုပ်သင်္ဘောတပ်မရှိ စစ်ရေယာဥ် Hero Of The Russian Federation Aldar Tsydenzhapov နှင့်ရေငုပ်သင်္ဘော Komsomolsk on Amur ၊ Pacific Fleet Museum တို့ကိုကြည့်ရှုလေ့လာခဲ့ကြသည်။
ထို့ပြင် ရုရှားရေတပ်၊ Pacific Fleet ကွပ်ကဲမှုဌာနချုပ်တွင် Pacific Fleet Commander ဗိုလ်ချုပ်ကြီး Viktor N.Liina နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံရေတပ်ချင်းပူးပေါင်းဆောင်ရွက်ရေးကိုဆွေးနွေးပြီးနောက် Russia My History ပြတိုက်ကိုကြည့်ရှုလေ့လာခဲ့ကြသည်။
အောက်တိုဘာ ၂၃ ရက်တွင်လည်း စိန့်ပီတာစဘတ်မြို့ရှိ JSC Admiralty Shipyard တွင် ရေယာဉ်တည်ဆောက်ရေးနှင့် ပြုပြင်ရေးလုပ်ငန်းများ၊ သင်္ဘောကျင်းပြတိုက်၊ JSC Midle Nevsky Shipbuilding Plant တွင် သံပြားအစားထိုးစွမ်းအားမြင့်ပလတ်စတစ်ဖိုက်ဘာ နည်းပညာ(Glass Reinforced Plastics-GRP)ဖြင့် ရေယာဉ်တစ်စီးလုံးအားတည်ဆောက်နေမှုတို့ကို ကြည်ြရှုလြေလာခဲ့သည်။
ထို့အတူ အောက်တိုဘာ ၂၄ ရက်တွင်လည်း စိန့်ပီတာစဘတ်မြို့ရှိ ရုရှားရေတပ်ရုံးချုပ်၌ ရုရှားရေတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး Aleksandr A.Moiseev နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံရေတပ်နှစ်ရပ်ကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များနှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးပြီး ရုရှားရေတပ်ဦးစီးချုပ်ရုံးခန်း၊ အစည်းအဝေးခန်း၊ စာကြည့်တိုက်တို့ကိုကြည့်ရှုလေ့ လာခဲ့သည်။
ခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဆောင်သော တပ်မတော်(ရေ)ကိုယ်စားလှယ်အဖွဲ့သည် စိန့်ပီတာစဘတ်မြို့ရှိ Hermitage ပြတိုက်ကိုလေ့လာခြင်း၊ အဆင့်မြင့်နည်းပညာဖြင့်တီ ထွင်ထုတ်လုပ်မှုများပြု လုပ်နေသော Special Technology Centre(STC)ကိုလေ့လာခြင်းများပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၂၅ ရက်တွင် စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Mr.Evgeny Grigoryev နှင့်တွေ့ ဆုံကာ နှစ်နိုင်ငံကြား ရင်းနှီးချစ်ကြည်မှု၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများကိုဆွေးနွေးခဲ့ကြကာ အောက်တိုဘာ ၂၇ ရက်နံနက်ပိုင်းတွင် ရန်ကုန်လေဆိပ်သို့ပြန်လည်ရောက်ရှိခဲ့သည်။
