စင်္ကာပူ၊ဇွန် ၁
ဇွန်လ (၁) ရက်နေ့ကရေးထိုးခဲ့သော နားလည်မှု စာချွန်လွှာ အရ စင်္ကာပူနှင့်တရုတ်တို့သည် ကာကွယ်ရေးကဏ္ဍအတွက် လုံခြုံသောတယ်လီဖုန်းဆက်သွယ်ရေးစနစ်ထူထောင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
နားလည်မှုစာချွန်လွှာ (MoU) အရ နှစ်နိုင်ငံလုံး၏ကာကွယ်ရေးဌာနများသည် သက်ဆိုင်ရာကာကွယ်ရေးခေါင်းဆောင်များအကြား အဆင့်မြင့်ဆက်သွယ်ရေးလမ်းကြောင်းများထူထောင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စင်္ကာပူကာကွယ်ရေးဝန်ကြီးက မီဒီယာများအားပြောကြားခဲ့သည်။
ထိုကဲ့သို့အဆင့်မြင့်ပြီးပွင့်လင်းသောဆက်သွယ်ရေးလိုင်းများသည် အပြန်အလှန်နားလည်မှုနှင့်ယုံကြည်မှုကိုခိုင်မာစေရေးအတွက် အရေးကြီးကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
MoU အား စင်္ကာပူကာကွယ်ရေးဝန်ကြီးနှင့်တရုတ်ကာကွယ်ရေးဝန်ကြီးတို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
တရုတ်ကာကွယ်ရေးဝန်ကြီးမစ္စတာလီသည် ကြာသပတေးနေ့မှတနင်္ဂနွေနေ့အထိ စင်္ကာပူ၌ရှိနေမည်ဖြစ်ပြီး နှစ်စဉ်ကာကွယ်ရေးထိပ်သီးဆွေးနွေးပွဲကိုလည်းတက်ရောက်မည်ဖြစ်ကြောင်းလည်းသိရသည်။
Source : CNA