မစ္စတာ ဖူမီယို ကရှီဒါနေရာကို ဆက်ခံရန်အတွက် ကိုယ်စားလှယ်လောင်း ၉ ဦးအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မဲပေးပွဲ ရလဒ်များထွက်ပေါ်လာခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ ရှီဂီယူ အီရှီဘာသည် ဂျပန်ဝန်ကြီးချုပ်ဖြစ်လာရေး သူ၏ ငါးကြိမ်မြောက် ပြိုင်ဆိုင်မှုတွင် အောင်ပွဲခံနိုင်ခဲ့သည်။
အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ(LDP) ဥက္ကဌနေရာ ရွေးကောက်ပွဲသည် ပထမအကျော့တွင် ပြတ်ပြတ်သားသား အနိုင်ရသူ ထွက်ပေါ်ခဲ့ခြင်း မရှိဘဲ စက်တင်ဘာ ၂၇ ရက် မဲပေးမှု၌ အသက် ၆၇ နှစ်အရွယ် အီရှီဘာက အသက် ၆၃ နှစ်အရွယ် စီးပွားရေး ဖူလုံရေးဝန်ကြီး ဆာနဲ တာကိုင်ချီကို အနိုင်ရသွားခဲ့ခြင်းဖြစ်သည်။
မစ္စတာ အီရှီဘာသည် အောက်တိုလာ ၁ ရက် နေ့၌အောက်လွှတ်တော် Diet တွင် ဂျပန်နိုင်ငံ၏ ၁၀၂ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ကာ ယင်းနေ့တွင်ပင် မစ္စတာ ကီရှီဒါသည်လည်း ဝန်ကြီးချုပ်အဖြစ်မှ တရားဝင် နုတ်ထွက်သွားမည်ဖြစ်သည်။
လွှတ်တော်နှစ်ရပ်စလုံးတွင် အမတ်အရေအတွက် အများစုရှိထားသည့် LDPပါတီ ခေါင်းဆောင်သည် ဂျပန် နိုင်ငံ၏ ဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။
“LDP ကို ပြန်လည်သွေးသစ်လောင်းဖို့နဲ့ ပြည်သူတွေရဲ့ ယုံကြည်မှု ပြန်ရစေဖို့ရာ မစ္စတာ ကီရှီဒါက နုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်” ဟု အောင်ပွဲ အကျဉ်းချူံး မိန့်ခွန်းတွင် မစ္စတာ အီရှီဘာက ပြောခဲ့ပြီး LDP ဥက္ကဌအနေဖြင့် ယင်းအရာအတွက် ဆောင်ရွက်သွားမည်ဖြစ်ကာ အမှန်တရားကို ရိုးသား သတ္တိရှိစွာ ပြောဆိုမည်ဖြစ်ကြောင်း ဆိုခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်