စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၌ လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် MEVM မဲပေးစက်များကို ယနေ့ နိုဝင်ဘာ ၂၆ ရက်နံ နက်ပိုင်းက (၁)လုံးခြင်းစမ်းသပ်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကသာမြို့ရှိ ခမရ (၃၀၉)ခြေမြန်တပ်ရင်းအတွင်း၌ ခ ရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာကြီးကြပ်မှုအဖွဲ့ဝင်များ၊ မဲပေးစက်ဆိုင်ရာနည်းပညာအထောက်အကူပြုအဖွဲ့ဝင်များက စမ်းသပ်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
MEVM မဲပေးစက်များ၏ မဲပေးစက်နှင့် ဆက်စပ်ပ စ္စည်းများပြည့်စုံမှန်ကန်မှုရှိ/မရှိ၊ စက်ပိုင်းဆိုင်လုပ် ဆောင်မှုများတွင် စက်ချို့ယွင်းမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြကြောင်း သိရသည်။
