ကသာမြို့၊ ခမရ(၃၀၉)ခြေမြန် တပ်ရင်းတွင် ယနေ့ အောက် တိုဘာလ (၂၈)ရက်က ရွေးကောက်ပွဲတွင် အသုံးပြုမည့် ME VM မဲပေးစက်များအား ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEV M မဲပေးစက်များအား တစ်လုံးခြင်း ဖွင့်ဖောက်စစ်ဆေးရာတွင် မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများပြည့်စုံခြင်းနှင့် မှန်ကန်မှုရှိ/မရှိတို့ကို ကသာခရိုင်နှင့် ကသာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဝင်များ၊ မဲပေးစက်ဆိုင်ရာနည်းပညာအထောက်အကူပြုအဖွဲ့ဝင်များက ဖွင့်ဖောက်စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။
MEVM မဲပေးစက် ဖွင့်ဖောက်စစ်ဆေးရာသို့ ကသာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်များ၊ ကသာခရိုင်နှင့် ကသာမြို့နယ်ရွေးကော က်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ကသာခရိုင်နှင့် ကသာမြို့နယ် မြန်မာအီလက်ထရောနစ် မဲပေးစနစ်ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဝင်များ၊ ကသာခရိုင်နှင့်ကသာမြို့နယ် မဲပေးစက်ဆိုင် းရာနည်းပညာအထောက်အကူပြုအဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
