(Unicode)
ကသများအဖွဲ့ချုပ် ဒုဥက္ကဌ အလုပ်ကြမ်းနှင့်ထောင်၂နှစ်၁လ ချမှတ်ခံရ
ဗကသများအဖွဲ့ချုပ်၏ ဒုဥက္ကဌဖြစ်သူ ကိုဝေယံဖြိုးမိုးကို ကျောက်တံတားမြို့နယ်တရားရုံးမှ ယနေ့ဒီဇင်ဘာ ၂၉ ရက်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂နှစ်၊၁လကျခံစေရန် အမိန့်ချမှတ်လိုက်သည်ဟုဗကသများအဖွဲ့ချုပ်ထံကသိရသည်။
၅၀၅ (ခ) နှင့် ငြိမ်းစုစီပုဒ်မများအတွက် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။
“သိရှိရသလောက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်၊ ၁ လ ချမှတ်ခဲ့တာမှာ ချုပ်ရက်ခံစားခွင့်မပေးဘူးလို့ သိရှိရပါတယ်”ဟု ၎င်းတို့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
ကိုဝေယံဖြိုးမိုးကို ကမာရွတ်မြို့နယ် တရားရုံးနှင့် မရမ်းကုန်းမြိုနယ် တရားရုံးများတွင်လည်း အမှုဖွင့်ထားကြောင်း သိရသည်။
(Zawgyi)
ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ အလုပ်ကြမ်းနှင့်ထောင်၂နှစ်၁လ ချမှတ်ခံရ