စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးဝမြို့ရှိ စက်သုံးဆီအရော င်းဆိုင်များအား ပူးပေါင်းအဖွဲ့က နိုဝင်ဘာလ(၂၄)ရက်၊ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကလေးဝမြို့ပေါ်ရှိ “မြတ်မေတ္တာမွန်” စက်သုံးဆီ အရောင်းဆိုင်၊ “ပန်းသီး” စက်သုံးဆီ အရောင်းဆိုင်နှင့် “ကြယ်စင်ဟိန်း” စက်သုံးဆီ အရောင်းဆိုင်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများ ပါဝင်သော ပူးပေါင်းအဖွဲ့က စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပြီး စက်သုံးဆီအရည်အသွေး၊ အချင်အတွယ်၊ မီးသတ်ဆေးဗူးနှင့် မီးဘေးကာကွယ်ရေးပစ္စည်းများ အသင့်ထားရှိမှု ရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
