Wednesday, April 30, 2025

နိုင်ငံတကာမှ ထောက်ပံ့ပစ္စည်းများ ဆက်တိုက်ရောက်ရှိလာ

ငလျင်ဘေးသင့် ဒေသများသို့ လှူဒါန်းရန် နိုင်ငံတကာမှထောက်ပံ့ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ (၂၈)ရက်တွင် ရောက်ရှိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှထုတ်ပြန်ထားသည်။ အဆိုပါ ပစ္စည်းများမှာ တဘက်၊ သွားတိုက်ဆေး၊...

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ထိုင်းအသင်းကို ဂိုးပြတ်ဖြင့် ရှုံးနိမ့်

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေဖြင့် ယမန်နေ့ ဧပြီ (၂၉)ရက်က ထိုင်းဖူဆယ်ကလပ် SWU Aimane အသင်းနှင့် ခြေစမ်းကစားရာ (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ လက်ရွေးစင် ဖူဆယ်အသင်းသည်...

အိမ်ထောင်စုတစ်စုကိုတစ်လစာအတွက် စားအုန်းဆီ ၂ ပိဿာ...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အိမ်ထောင်စုတစ်စုကိုတစ်လစာအတွက် စားအုန်းဆီ ၂ ပိဿာ ၇၅ ကျပ်သား နှုန်းဖြင့် ပစ္စည်းရောက်ငွေချေ စနစ်ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ...

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ၏ ဒုတိယပွဲအဖြစ် ထိုင်းဖိုက်တာ...

လာမည့် မေလ(၉)ရက်တွင် ကျင်းပပြုလုပ်မည့် ONE Frid ay Fights 107 ပွဲစဉ်အတွင်း ကယန်းလက်ဝှေ့မယ် ဘရော်နီကာနှင့် ထိုင်းဖိုက်တာ ဂျူနီယာဖဲတက်တို့...
HomeNewsLocal Newsကရင်အမျိုးသားနှစ်သစ်ကူးနေ့အား အမှောင်ကို ပယ်ခွင်းမည့်...

ကရင်အမျိုးသားနှစ်သစ်ကူးနေ့အား အမှောင်ကို ပယ်ခွင်းမည့် မီးရှူးတန်ဆောင်အဖြစ်ထွန်းညှိရင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ ဦးဆောင်မှုကော်မတီ(PPST-LC)၏ ဂုဏ်ပြုသဝဏ်လွှာ၌ရေးသားထားခြင်းဖြစ်သည်။

PPST ဦးဆောင်မှုကော်မတီမှ ဒီဇင်ဘာ ၂၂ ရက် (ယနေ့)တွင်ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

ယနေ့အချိန်ကာလသည် တိုင်းပြည်၏ ဖက်ဒရယ်ဒီမိုကရေစီရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး လျှောက်လှမ်းနေရသည့် ခရီးကြမ်းတွင်အမှောင် မိုက်ဆုံးအချိန်ကာလများကို ကြုံတွေ့နေရသည့် အချိန်ဖြစ်သည်ဟု ဂုဏ်ပြုသဝဏ်လွှာ၌ရေးသားထားသည်။

ကရင်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် ကရင်တမျိုးသားလုံးအနေဖြင့် ကရင်သက္ကရာဇ်(၂၇၆၂)ခုနှစ်၊ ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာ ၂၂ ရက်တွင်ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခါသမယအား အမှောင်ကိုပယ်ခွင်းမည့် မီးရှူးတန်ဆောင်အဖြစ် ထွန်းညှိရင်း ဘဝတူညီနောင်တိုင်းရင်းသားများနှင့်လက်တွဲကာ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်း ချမ်းရေးရရှိရေး၊မဟာလူမျိုးကြီးဝါဒနှင့်အာဏာ ရှင်စနစ်ချုပ်ငြိမ်းရေးနှင့်စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်နိုင်ရေးတို့အ တွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ယုံကြည်သည်ဟု သဝဏ်လွှာတွင်ရေးသားထားသည်။

ထို့ပြင် ကရင်အမျိုးသားများသည် ရှေးပဝေသ ဏီကတည်းကပင် လူမျိုးတစ်မျိုး၏ အမှတ်အ သားလက္ခဏာရပ်ဖြစ်သည့် ကိုယ်ပိုင်ဘာသာစကား၊စာပေယဉ်ကျေးမှု၊ရိုးရာဓလေ့ထုံးတမ်းများဖြင့် လွတ်လပ်အမှီခိုကင်းစွာ နေထိုင်လာခဲ့ကြပြီး မြန်မာပြည်အတွင်းသို့ အစောဆုံးအခြေချနေထိုင်ခဲ့ကြသူများဖြစ်သည်ဟု ရေးသားထားသည်။

ထို့ကြောင့် ကရင်အမျိုးသားထုတစ်ရပ်လုံးအနေ ဖြင့် ဘိုးဘွားမိဘအစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့သည့် သမိုင်းကြောင်း၊ဘာသာစကား၊ယဉ် ကျေးမှုစသည့် ကိုယ်ပိုင်အမျိုးသားအမှတ်အသား ဂုဏ်လက္ခဏာများကိုဂုဏ်ယူစွာ တစိုက်မတ်မတ်ထိန်းသိမ်းစောင့်ရှောက်သွားကြမည်ကို ယုံကြည်သည်ဟု PPST မှပေးပို့သည့် သဝဏ်လွှာတွင်ရေးသားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတကာမှ ထောက်ပံ့ပစ္စည်းများ ဆက်တိုက်ရောက်ရှိလာ

ငလျင်ဘေးသင့် ဒေသများသို့ လှူဒါန်းရန် နိုင်ငံတကာမှထောက်ပံ့ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ (၂၈)ရက်တွင် ရောက်ရှိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှထုတ်ပြန်ထားသည်။ အဆိုပါ ပစ္စည်းများမှာ တဘက်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ စောင်၊ ခြင်ထောင်၊ အိပ်ယာ၊ ဆိုလာမီးအိမ်၊ ရွက်ဖျင်တဲ (၃.၉၁၈) တန်၊ တရုတ်-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရေးအသင်းက ထောက်ပံ့ပေးသည့် ဆေးဝါး (၂.၁၈၅) တန်၊ Buddhist Tzu Chi Charity Foundation ကထောက်ပံ့ပေးသည့် ခြင်ထောင်၊ အိပ်ယာ (၅.၅၄၇) တန်၊ Serum...

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ထိုင်းအသင်းကို ဂိုးပြတ်ဖြင့် ရှုံးနိမ့်

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေဖြင့် ယမန်နေ့ ဧပြီ (၂၉)ရက်က ထိုင်းဖူဆယ်ကလပ် SWU Aimane အသင်းနှင့် ခြေစမ်းကစားရာ (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းခြေစမ်းပွဲစဉ်အတွင်း (၃) ပွဲကစားရမည်ဖြစ်ရာ မေ (၁) ရက်တွင် Thammasat Stallions အသင်းနှင့်လည်းကောင်း၊ မေ (၃) ရက်တွင် Black Pearl United အသင်းနှင့် လည်းကောင်း ‌ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားရဦးမည်ဖြစ်သည်။ အသင်းကို ကစားသမား (၁၉) ဦး၊ အုပ်ချုပ်နည်းပြအဖွဲ့ (၉) ဦးနှင့်...

အိမ်ထောင်စုတစ်စုကိုတစ်လစာအတွက် စားအုန်းဆီ ၂ ပိဿာ ၇၅ ကျပ်သား နှုန်းဖြင့်ရောင်းချပေးမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အိမ်ထောင်စုတစ်စုကိုတစ်လစာအတွက် စားအုန်းဆီ ၂ ပိဿာ ၇၅ ကျပ်သား နှုန်းဖြင့် ပစ္စည်းရောက်ငွေချေ စနစ်ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၄၄) မြို့နယ်သို့ စားအုန်းဆီများကို မိသားစုတစ်စု တစ်လစာဝယ်ယူနိုင်ရန်၊ လျင်မြန်လွယ်ကူစွာဖြင့် အိမ်အရောက်ဝယ်ယူနိုင်စေရန် ရည်ရွယ်ပြီး အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက်တစ်ကြိမ်လျှင် ၂ ပိဿာ ၇၅ ကျပ်သား (၅လီတာ)နှုန်းဖြင့် ဝယ်ယူနိုင်ရေးကို ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင် ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ စီစဉ်ဆောင်ရွ က်ထားသည်။ အိမ်ထောင်စုတစ်စုလျှင် တစ်လ ၂...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071