ကရင်ပြည်နယ် ဒေသအချို့တို့ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက ကိုဗစ်ကာကွယ်ရေးပစ္စည်းများ ပေးအပ်
UNHCR က COVID-19 ဆိုင်ရာကာကွယ်တားဆီးရေးနှင့်တုံ့ပြန်ဆောင်ရွက်ချက်များ၏ အစိတ်အပိုင်းတစ်ခု အနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အတူ ကရင်ပြည်နယ် ဒေသအချို့တို့ကို ကိုဗစ်ကာကွယ်ရေးပစ္စည်းများ ပေးအပ်ခဲ့သည်။
မြိုင်ကြီးငူ၊ လေးကေ့ကော်၊ အဇင်းနှင့် လေးဖာထောရှိ နေရပ်စွန့်ခွာပြည်သူများနှင့် ရပ်ရွာလူမှုအသိုက်အ၀န်းများအတွက် တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးပစ္စည်းများအား စက်တင်ဘာလနှောင်းပိုင်းနှင့် အောက်တိုဘာလပထမပတ်အတွင်းတွင် ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။
ဖြန့်ဝေပေးခဲ့သည့် ပစ္စည်းများမှာ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးပစ္စည်းများအနေဖြင့် နှာခေါင်းစည်း ၅၅,၆၀၀ခု၊ လက်အိတ် ၉၅,၄၀၀စုံ၊ ပိုးသတ်ဆေးနှင့်သန့်ရှင်းရေးသုံးပစ္စည်းပေါင်း ၆၉၀ခု၊ တစ်ကိုယ်ရည်ကာကွယ်ရေး၀တ်စုံ ၉၄၀စုံ၊ တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်းများ ၃၂၀၊ သွေးတွင်းအောက်ဆီဂျင်တိုင်းကိရိယာ ၆ ခုနှင့် အနီအောက်ရောင်ခြည်သုံး အပူချိန်တိုင်းကိရိယာ ၄၀ခု တို့ပါ၀င်သည်။