Friday, July 11, 2025

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးတာဝန်ယူ

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးဦးမင်းသိန်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလမှ ဇွန်လအထိအား လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တာဝန်ယူခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌတာဝန်အတွက်...

ရှမ်း/မြောက် ဂုတ်တွင်းလမ်းပိုင်း ယာယီပိ-တ်

ရှမ်း/မြောက် နောင်ချိုနှင့် ကျောက်မဲမြို့အကြားတွင်ရှိသည့် ဂုတ်တွင်းလမ်းပိုင်းကို ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ယာယီပိ-တ်လိုက်ခြင်းကြောင့် မန္တလေး-လားရှိုး အတက်အဆင်းကားများ ပြန်လှည့်ခဲ့ရသည်ဟု...

အသက် (၁၉)နှစ်အရွယ် Grade 12...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ...

စာရေးဆရာ မောင်သာချို၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်သို့...

နိုင်ငံကျော် စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ...
HomeNewsLocal Newsကရင်ပြည်နယ်တွင် ရွေးကောက်ပွဲ ပြုလုပ်ပါက...

ကရင်ပြည်နယ်တွင် ရွေးကောက်ပွဲ ပြုလုပ်ပါက မဲဆန္ဒ နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လုံခြုံရေးအရ စိုးရိမ်ရကြောင်း KNDP ဥက္ကဋ္ဌ ပြောကြား

နစက အနေဖြင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ကျင်းပမည်ဟု ပြောဆိုထားသည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် အားလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် လုံခြုံရေးအရ စိုးရိမ်ရကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP) ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

နစကအနေဖြင့် ရွေးကောက်ပွဲကျင်းပမည်ဟု ပြောဆိုထားသော်လည်း လက်ရှိတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ညွှန်ကြားချက်များ ရောက်ရှိမလာသေးခြင်းကြောင့် မည်သည့်နေရာများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုသည်ကို ပြောဆို၍မရကြောင်းနှင့် ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်းရှိ နေရာသုံးနေရာတွင် အနည်းဆုံးဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားကြောင်းလည်း ၎င်းက ဆိုသည်။

“ ရွေးကောက်ပွဲအတွက် အခုအချိန်အထိ တိကျသေချာတဲ့ ညွှန်ကြားချက်တွေ မထွက်လာသေးတော့ ကျွန်တော်တို့ ဘယ်လိုမှ ပြောလို့မရသေးဘူး။ ကျွန်တော်တို့က နိုင်ငံရေးပါတီဆိုတော့ အနိမ့်ဆုံးကတော့ သုံးနေရာလောက်တော့ ဝင်ရမှာပေါ့။ အဲ့ဒီအတွက် ပြင်ဆင်တယ်လို့လည်းပြောလို့ရတာပေါ့။ သိပ်အသေချာကြီးတော့ မဟုတ်သေးပါဘူး။ ဘာလို့လဲဆို​တော့ ညွှန်ကြားချက်တွေက အခုထိ မလာသေးလို့ပါ။ ရွေးကောက်ပွဲက ဘယ်နေရာမှာ လုပ်ဖြစ်မလဲ ဆိုတာလည်း မသေချာသေးတော့ ဘယ်နေရာကနေ ဝင်ပြိုင်မလဲဆိုတာ ပြောလို့ မရသေးဘူး။ သေချာမှပဲ ပြောလို့ရမယ်။ ညွှန်ကြားချက်ကို စောင့်နေတာ။ ညွှန်ကြားချက်ထွက်လာမှပဲ လုပ်သင့် လုပ်ထိုက်တာကိုလုပ်ဖို့ စဉ်းစားထားကြပါတယ်။ ကျွန်တော်တို့က ရွေးကောက်ပွဲမှာ ဒေသအားလုံးရွေးနိုင်ပါ့မလား၊ လုပ်နိုင်ပါ့မလားပေါ့နော်။ လုပ်တဲ့အခါကျရင် လုံခြုံမှုအခြေအနေက စိတ်ချရပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုလေးတွေ ရှိတော့ ရှိတာပေါ့လေ” ဟု မန်းအောင်ပြည်စိုးက ပြောသည်။

ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီသည် ပြီးခဲ့သည့် ၂၀၂၀  ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်း ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ  (၁၁) နေရာတွင် (၄)နေရာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၆) နေရာတွင် (၅)နေရာ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁) နေရာတွင် (၆) နေရာတို့တွင် ဝင်ရောက်အရွေးခံခဲ့သော်လည်း မည်သည့်မဲဆန္ဒနယ်တွင်မှ အနိုင်ရခြင်း မရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ မဲဆန္ဒနယ်အားလုံးတွင် ရှုံးနိမ့်ခဲ့သော်လည်း KNDP ၏ ကိုယ်စားလှယ်လောင်းများ၏ မဲရလဒ်မှာ ဆိုးဆိုးရွားရွားမဖြစ်ခဲ့ဘဲ အနိုင်ရသည့် ကိုယ်စားလှယ်များနှင့် မဲရလဒ် မတိမ်းမယိမ်းတွင်သာ ရခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီအား ကရင်ပါတီ သုံးပါတီ ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်ပြီး၊ ကရင် ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊စည်းလုံးညီညွှတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ် ပါတီတို့မှ ပါတီတစ်ခုတည်းအဖြစ် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ (၂၂) ရက်တွင် စတင်တည်ထောင်ထားခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးတာဝန်ယူ

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးဦးမင်းသိန်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလမှ ဇွန်လအထိအား လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တာဝန်ယူခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌတာဝန်အတွက် တာဝန်လွှဲပြောင်းပွဲနှင့် အာဆီယံ-ဗီယင်နာကော်မတီ၏ (၅၃)ကြိမ်မြောက်အစည်းအဝေးတို့အား ဇူလိုင် ၈ ရက်က ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ကျင်းပရာ ဥက္ကဋ္ဌတာဝန်ယူခဲ့သည့် လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ကော်မတီ၏လှုပ်ရှားဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌတာဝန်အား တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာသွားသည့် လာအိုသံအမတ်ကြီး(ကိုယ်စား)လာအိုသံရုံးယာယီတာဝန်ခံက မြန်မာသံအမတ်ကြီးထံလွှဲပြောင်းပေးအပ်ခဲ့သည်။ ထိုသို့ လွှဲပြောင်းလက်ခံပြီးနောက် အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌသစ် မြန်မာသံအမတ်ကြီးက လာမည့်(၆)လတာကာလအတွင်း ကော်မတီ၏လှုပ်ရှားဆောင်ရွက်မည့်အစီအစဉ်သစ်များကို အဆိုပြုဆွေးနွေးပြီးအတည်ပြုခဲ့ကြသည်။

ရှမ်း/မြောက် ဂုတ်တွင်းလမ်းပိုင်း ယာယီပိ-တ်

ရှမ်း/မြောက် နောင်ချိုနှင့် ကျောက်မဲမြို့အကြားတွင်ရှိသည့် ဂုတ်တွင်းလမ်းပိုင်းကို ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ယာယီပိ-တ်လိုက်ခြင်းကြောင့် မန္တလေး-လားရှိုး အတက်အဆင်းကားများ ပြန်လှည့်ခဲ့ရသည်ဟု ဒေသတွင်းယာဉ်မောင်း သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ ယင်းအတွက် ဒေသတွင်းခရီးသွားများအနေဖြင့် လားရှိုး-မိုင်းရယ်-ကျေးသီး-လဲချား-ပင်လုံ-တောင်ကြီး-ရွာငံ-မန္တလေးလမ်းပိုင်းမှ ပတ်၍သွားလာနေကြရကြောင်း ဆိုသည်။ ထို့အပြင် အခြားလမ်းပိုင်းတစ်ခုဖြစ်သည့် နမ့်လန်-မိုင်းကိုင်-လဲချား-ပင်လုံ-တောင်ကြိး-မန္တလေးလမ်းပိုင်းများမှလည်း သွားလာနေကြရပြီး၊ ယခုလမ်းပိုင်းမှာလည်း မိုးရွာသွန်းမှုကြောင့် လမ်းများပျ-က်စီးနေသဖြင့် ထွန်စက်များဖြင့် ဆွဲနေရကြောင်း သိရသည်။ " တောင်ကြီးဘက်နဲ့ မိုးကုတ်ဘက် နှစ်လမ်းရှိတာပေါ့။ လမ်းအခြေအနေအရကတော့ ညအိပ်ရင်လည်း အိပ်ရနိုင်တယ်။ လမ်းကောင်းတယ် တိုက်ပွဲမရှိရင်တော့ နေ့ချင်းပေါက်နိုင်ပါတယ်"ဟု ရှင်းပြသည်။ ယနေ့...

အသက် (၁၉)နှစ်အရွယ် Grade 12 ကျောင်းသူတစ်ဦး ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ ရှာဖွေမတွေ့ရှိသေး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ ရှာဖွေမတွေ့ရှိသေးဟု ဖခင်ဖြစ်သူ ဦးညီညီထွန်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ၎င်းအနေဖြင့် လက်ရှိတွင် သက်ဆိုင်ရာနယ်မြေ ရဲစခန်းဖြစ်သည့် ဒဂုံမြိုးသစ်အရှေ့ပိုင်းမြို့နယ် ရဲစခန်းတွင် လူပျေ-ာက်တိုင်ချက်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။ "ကျွန်တော် (၈) ရက်နေ့မှာ ရဲစခန်းကို သွားပြီး အမှုဖွင့်ထားတယ်။ အခုလည်းလိုက်ရှာနေတုန်းပါ။ လက်လှမ်းမှီရာ တွေလည်းဖုန်းဆက်မေးထားတာ မတွေ့ဘူး၊ မလာဘူးဘဲပြောနေကြတယ်"ဟု ၎င်းက ဆိုသည်။ ဖခင်၏ ပြောဆိုချက်အရ ကနဦးတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071